Health & Beauty

ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဒိန်ချဥ်ရဲ့အကျိုးကျေးဇူးများ

Health Benefits of Yogurt

ဒိန်ချဥ်ကိုလူသားတွေ စားလာခဲ့တာ တော်တော်ကြာပါပြီ။အရသာရှိတဲ့အပြင် ဒိန်ချဥ်ကို ပုံမှန်စားမယ်ဆိုရင် ကျန်းမာရေးရှုထောင့်အရ အကျိုးကျေးဇူးများပါတယ်။ နှလုံးရောဂါဖြစ်ပွားတာကို လျော့ချနိုင်ပြီး အရိုးပွခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ 

 

ဒိန်ချဥ်ကိုဘယ်လိုလုပ်လဲ
ဒိန်ချဥ်ဆိုတာ နို့ထွက်ပစ္စည်းဖြစ်ပြီး နို့ကို ဘတ်တီးရီးယားတွေနဲ့ ကစော်ဖောက်ရာကနေ ဒိန်ချဥ်ကိုရပါတယ်။ဒိန်ချဥ်ဖြစ်အောင်လုပ်တဲ့ ဘတ်တီးရီးယားလေးတွေကို “yougurt cultures” လို့ခေါ်ပါတယ်။ဒီကောင်လေးတွေက lactose “နို့မှာပါတဲ့ သဘာဝသကြား”ကိုအချဥ်ဖောက်ပြီး ဒိန်ချဥ်ဖြစ်အောင်လုပ်တာပါ။ဒီလိုလုပ်တာက ဒိန်မလိုင်လေးတွေဖြစ်လာပြီးတော့ သူကပဲ ဒိန်ချဥ်ရဲ့ အရသာကို ထူးခြားစေတာပါ။ ဒါပေမယ့် နာမည်ကြီးဒိန်ချဥ်တွေထဲမှာတော့ ထပ်ပြီးတော့ ပေါင်းထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေပါလာပါတယ်။ ဒီလိုဒိန်ချဥ်တွေကတော့ ကျန်းမာရေးအတွက် အထောက်အကူသိပ်မပြုပါဘူး။

 

ဒီတော့ သဘာဝဒိန်ချဥ်ကရော ဘာကြောင့်ကျန်းမာရေးအတွက် ကောင်းတယ်လို့ ခဏခဏအညွှန်းခံနေရတာလဲ??ဒီလိုညွှန်းစေရလောက်တဲ့ ဒိန်ချဥ်ရဲ့ တူမတူတဲ့ ကောင်းချက်တွေကို ကြည့်လိုက်ရအောင်။ 

 

(၁)အာဟာရဓာတ်ကြွယ်ဝခြင်း 

ဒိန်ချဥ်မှာ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရဓာတ် အကုန်နီးပါး ပါပါတယ်။အဓိက ဒိန်ချဥ် နာမည်ကြီးတာကတော့ ကယ်ဆီယမ်ဓာတ်များလို့ပါပဲ(နို့ကရတာဆိုမှာတော့ များပြီပေါ့:3)

ဒိန်ချဥ်တစ်ခွက်ဟာ ကျွန်တော်တို့တစ်နေ့တာလိုအပ်တဲ့ ကယ်ဆီယမ်ဓာတ်ရဲ့ (၄၉)ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးနိုင်ပါတယ်။ 

 

ဗီတာမင်(B) ဓာတ်လည်းပါပါတယ်။အဓိကကတော့ B12 ပါတာပါ။ ဒီဗီတာမင်က နှလုံးရောဂါဖြစ်ပွားတာကို လျော့ချပေးပါတယ်။ဒါ့အပြင် ဒိန်ချဥ်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ ဖော့စဖောရက် (၃၈) ရာခိုင်နှုန်း၊ မက်ဂနီဆီယမ် (၁၂) ရာခိုင်နှုန်းနဲ့ ပိုတက်ဆီယမ် (၁၈) ရာခိုင်နှုန်းပါပါတယ်။ 

 

(၂) ပရိုတိန်းပါဝင်မှု များပြားခြင်း

ဒိန်ချဥ်ရဲ့ ပရိုတိန်းပါဝင်မှုဟာ တော်တော်လေးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ဒိန်ချဥ် (၂၀၀) ဂရမ်မှာ ပရိုတိန်း (၁၂) ဂရမ်အထိပါဝင်ပါတယ်။ပရိုတိန်းဟာ ကျွန်တော်တို့ရဲ့ ဇီဝကမ္မဖြစ်စဥ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် အဓိကလိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။ပရိုတိန်း လုံလုံလောက်လောက်ရခြင်းဟာ ကယ်လိုရီလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်စေနိုင်ပြီးတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းတဲ့နေရာမှာ အသုံးဝင်ပါတယ်။ 

 

(၃) အစာခြေစနစ်ကို အထောက်အကူပြုခြင်း

တချို့ဒိန်ချဥ်တွေက ဘတ်တီးရီးယားတွေပါပါတယ်။ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ မဟုတ်ပဲ အစာခြေစနစ်ကို အထောက်အကူပြုတဲ့ ဘတ်တီးရီးယားလေးတွေ ဖြစ်ပါတယ်။

 

 

(၄) ကိုယ်ခံအားကို မြှင့်တင်ပေးတယ်

ဒိန်ချဥ်မှာ Probiotics တွေပါဝင်ပါတယ်။ဖျားတာနာတာကနေစပြီး ကိုယ်ခံအား ကောင်းမွန်စေတာတွေအထိ လုပ်ပေးနိုင်ပါတယ်။ 

 

(၅) အရိုးပွရောဂါကို ကာကွယ်ပေးတယ်

ဒိန်ချဥ်မှာ ကယ်ဆီယမ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ် ၊ ဖော့စဖောရက်နဲ့ ဗီတာမင် ဒီတို့ပါဝင်တာကြောင့် အသက်ကြီးတဲ့သူတွေမှာ အဖြစ်များတဲ့ အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။ 

 

(၆) ခန္တာကိုယ် အလေးချိန်ကို ထိန်းညှိပေးတယ်

လေ့လာတွေ့ရှိချက်တွေအရတော့ ဒိန်ချဥ်စားတာဟာ အလေးချိန်လျော့ကျတာနဲ့ ဆက်စပ်နေပါတယ်။ဒိန်ချဥ်အပါအဝင် နို့နဲ့နို့ထွက် ပစ္စည်းတွေစားတာဟာ အဝလွန်ခြင်းကိုလည်း လျော့ကျစေပါတယ်။ 

 

ကိုယ့်အတွက်အကောင်းဆုံးဒိန်ချဥ်ကို ဘယ်လိုရွေးကြမလဲ?

 

တခြားဘာပစ္စည်းမှ မရောထားတဲ့ ရိုးရိုးဒိန်ချဥ်တွေဟာ အကောင်းဆုံးပါပဲ။Full fat (သို့) low fat ဘာကို ရွေးရမလဲဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချကနဲ့ပဲ ဆိုင်ပါတယ်။

⇐ Previous Next

Read 2203 times