Things To Do

မီးပျက်နေတဲ့အချိန်မှာ မီးဘေးအန္တာရာယ် မဖြစ်အောင် ဘယ်လိုသတိထားကြမလဲ။

How can you avoid the dangers of fire during a power outage?

အခုမီးတွေလည်း မကြာခဏ ပျက်လိုက်လာလိုက် ဖြစ်နေတဲ့အခါ မခန့်မှန်းနိုင်တဲ့ မီးပေါ့ဆမူတွေဖြစ်လာတတ်ပါတယ်။ လူတိုင်းဟာ သတိမေ့တတ် ၊ ပေါ့ဆတတ်ကြပါတယ်။

အခုလို ပေါ့ဆမူတွေကြောင့် မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆုံးရှုံးမူတွေ ဖြစ်လာနိုင်တာကြောင့် မီးပျက်နေတဲ့အချိန်မှာ သတိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါမယ်နော် ။

 

မပေါ့ဆသင့်တဲ့ ဖယောင်းတိုင်မီး

ကျွန်မတို့ အာရှနိုင်ငံတွေမှာတော့ မီးပျက်တာနဲ့ ဖယောင်းတိုင်မီးကို အဓိကသုံးကြတာ များပါတယ်။ ဖယောင်းတိုင်မီးဟာ  အလင်းပေးနိုင်တာမှန်ပေမယ့် သတိမမူမိတဲ့အချိန်မှာ အန္တာရာယ်ပေးနိုင်တဲ့ အခြေအနေတစ်ခုကိုတွန်းပို့ပေးနိုင်ပါတယ်။

ဖ‌ယောင်းတိုင်ထွန်းထားပြီး ရုတ်တရက် အိပ်ပျော်သွားတာ ၊ ဖယောင်းတိုင်က ဘေးနာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို မီးစွဲနေတာ ၊ ဖယောင်းတိုင်မီး မညှိမ်းမိပဲ အပြင်ထွက်သွားမိတာ ဒါတွေက မီးဘေးအန္တာရာယ်ကို ဖိတ်ခေါ်တဲ့ အချက်တွေ ဖြစ်တာကြောင့် ဖယောင်းတိုင်ထွန်းတဲ့အခါ သတိကြီးစွာ ထားသင့်ပါတယ်။ဖယောင်းတိုင်မီး အစား အားသွင်းမီးချောင်း ဆိုလာမီးသီး စတာတွေ အသုံးပြုပေးခြင်းက ပိုကောင်းပါတယ်။

Candle Light Wallpapers - Top Free Candle Light Backgrounds -  WallpaperAccess

ခြင်ဆေးခွေကို တစ်ညလုံး ထွန်းထားမိခြင်း။

ကျွန်မတို့ရဲ့  နိုင်ငံကတော့ ခြင်အပေါလောဆုံး ဖြစ်တယ်လို့တောင် ပြောလို့ရပါတယ်။ မီးလာတဲ့နေ့တွေဆို ခြင်ကိုက်ခံရတာ မသိသာပေမယ့် မီးပျက်ပြီးမှောင်တဲ့ညတွေမှာ သူတို့ဟာ အနည်းနဲ့ အများကို‌ ရောက်ချလာကြတာပါ ။

အဲ့ဒီအခါမှာ ကျွန်မတို့တွေက ခြင်ဆေးခွေကို စတင် အားကိုကြရတော့တာပါပဲ ။ ကျွန်မတို့ သတိမထားမိတာက ဒီခြင်ဆေးခွေဟာ ‌ဘေးထွက်ဆိုးကျိုးရှိတဲ့အပြင် မီးဘေးအန္တာရာယ် ကိုပါဖြစ်စေနိုင်ပါတယ်။

ခြင်ဆေးခွေထွန်းပြီး အိပ်ပျော်နေတဲ့အခါ ခြင်ဆေးခွေက မတော်တဆ အိပ်ယာခင်း နဲ့ ခြင်ထောင် စောင်တို့ကို မီးစွဲပြီး မီးဘေးအန္တာရာယ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

ဒါကြောင့် ခြင်ဆေး‌ခွေထွန်းမယ့်အစား ခြင်ဆေးဖျန်းတာ ခြင်လုံဇကာတပ်တာ အားသွင်းခြင်ဖမ်းစက် အသုံးပြုတာတွေကို ပြုလုပ်သင့်ပါတယ်။

 

ဂတ်စ်မီးဖို ၊မီးသွေးမီးဖို အသုံးပြုခြင်း

မီးပျက်တဲ့အခါမှာ အိမ်ရှင်မတွေအတွက် ခေါင်းစားစရာ တစ်ခုက ထမင်းဟင်း အချိန်မှီမချက်နိုင်မှာ စိုးရိမ်တာပါပဲ။ အဲ့ဒီအခါမှာ မီးသွေးမီးဖို အသုံးပြုပြီး ထမင်းဟင်းချက်တာတွေရှိလာနိုင်ပါတယ် ။ အဲ့ဒီလိုချက်ပြီးရင်တော့ သတိထားသင့်တာက မီးဖိုကိုမီးသေချာ ငြိမ်းဖို့ပါ ။ ဒါအပြင် အထူးသတိထားရမှာက ဂတ်စိမီးဖို အသုံးပြုသူတွေပါ။ ထမင်း ၊ ဟင်းချက်ပြီးတဲ့အခါမှာ ဂတ်စ်မီးဖို ပိတ်ဖို့မေ့တာတွေ ဂတ်စ်ယိုစိမ့်တာတွေဟာ အန္တာရာယ်ကြီးမားတဲ့ မီးဘေးအန္တာရာယ်ကို ဖြစ်လာစေပါတယ်။ 

ဒါကြောင့် မီးပျက်ချိန် ထမင်း ၊ ဟင်းချက်တော့မယ်ဆို မီးသွေးမီးဖို နဲ့ ဂတ်စ်မီးဖိုကို သေချာစစ်ဖို့မမေ့ပါနဲ့ ။

Expense and emissions may see household use of gas flame out

လျှပ်စစ်မီး အန္တာရာယ်

မီးပျက်တာနဲ့ တပ်ထားတဲ့ ပလပ်ပေါက်တွေကို စစ်ပေးပါ။ ရုတ်တရက် မီးပြန်လာတဲ့အခါမှာ မီးအားဆောင့်တက်ပြီး မီးဘေးအန္တာရာယ် ဖြစ်လာစေနိုင်ပါတယ်။

အခုလိုနွေရာသီရောက်လာတဲ့အချိန် နဲ့ မီးခဏခဏ ပြတ်တဲ့အချိန်မှာ မီးဘေးအန္တာရာယ်ကို အထူးဂရုစိုက်ခြင်းဖြင့် မီးဘေးအန္တာရာယ်ကို ကာကွယ်နိုင်ကြပါစေ၊

 

⇐ Previous Next

Read 1039 times