Health & Beauty

ကျန်းမာသန်စွမ်းတဲ့ ဆံပင်ရအောင် ခေါင်းလျှော်ရည်ထဲ ဘာတွေ ထည့်လျှော်ကြမလဲ။

What to put in shampoo to get healthy hair?

ဆံပင်က လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ လူတွေ ပြောတတ်ကြပါတယ်။ လူတိုင်းကတော့ ကောင်းမွန်တဲ့ ဆံသားကို မပိုင်ဆိုင်ကြပါဘူး။ 

ဆံပင်ပုံအမျိုးမျိုးပြောင်းတဲ့သူတွေ၊ ဆံသားကို အခုလက်ရှိထက် ပိုကောင်းချင်တဲ့သူတွေ အတွက် သင်တို့လျှော်နေတဲ့ ခေါင်းလျှော်ရည်ထဲမှာ ထည့်လျှော်လို့ရမယ့် သဘာဝပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ဆံပင်ကို ရေဓာတ်ဖြည့်ပေးပြီး ဗောက်ထခြင်းကို သက်သာစေတဲ့ အပြင် ဆံသားကို ပိုမိုတောက်ပြောင်စေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်နဲ့ ခေါင်းလျှော်ရည်ကို ပမာဏအညီအမျှ ရောစပ်ပြီး တစ်ပတ်မှာ နှစ်ကြိမ် အသုံးပြုပေးရင် ဆံသားကို သိသိသာသာ ကောင်းမွန်လာစေပါတယ်။

Application of Aloe Vera Extract/Juice in Cancer Patients | addon.life

ရွှံ့စေး

ရွှံ့စေးက ဦးရေပြားကို သန့်စင်ပေးပြီး အဆီပြန်ခြင်းကို လျှော့ချပေးပါတယ်။ Bentonite လက်ဖက်ရည်ဇွန်း ၁ ဇွန်း ဒါမှမဟုတ် kaolin clay ကို ခေါင်းလျှော်ရည် ထဲ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်လျှော်နိုင်ပါတယ်။

နှင်းဆီရည်

နှင်းဆီရည်ကတော့ အနံ့လေးမွှေးစေတဲ့အပြင် ဆံသားကိုတောက်ပြောင်စေပါတယ် ။ Spray ဘူးထဲကို နှင်းဆီရေ တစ်ဝက်နဲ့ခေါင်းလျှော်ရည် ၁ ခွက်ကို ထည့်ပါ။ပြီးရင် မွှေပြီး ပုံမှန်ခေါင်းလျှော်ရည် အနေနဲ့ သုံးပါမယ်ဆို အကျိုးကျေးဇူးများရရှိနိုင်ပါလိမ့်မယ်။ နှင်းဆီရည်က ဝက်ခြံရှိတဲ့မျက်နှာအတွက်လည်း ကောင်းကျိုးပေးနိုင်ပါတယ် ။

Rose water: Benefits, uses, and side effects

ဆီ တစ်မျိုးမျိုး ရောလိမ်းပေးခြင်း

ဆံပင်တွေကို ဆီတစ်မျိုးမျိုးလိမ်းပေးခြင်းက ဆံပင်ရဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် ဆံကေသာကို တောက်ပြောင်အောင်လည်း ထိန်းညှိပေးပါတယ်။ 

ခေါင်းလျှော်ရည်ထဲကို ဆီတစ်မျိုးမျိုးထည့်ပြီး လျှော်ပေးမဘ်ဆိုရင် အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ဥပမာ - Tea tree oil တွေက ဗောက်တွေကို ရှင်းလင်းပေးတယ်၊ Rosemary oil ကတော့ ဆံပင်ရဲ့ ကြီးထွားမှုကို အားကောင်းစေသည်၊ lavender oil ကတော့ ဆံသားကို တောက်ပြောင်စေပါတယ်၊ အဆီပြန်ခြင်းကင်းပြီး ဦးရေပြားကို လန်းဆန်းစေတာကတော့  peppermint oil ပါ။

အခု‌ ပြောပြပေးတဲ့ထဲက ဆီတစ်မျိုးမျိုးကို မိမိလျှော်မယ့် ခေါင်းလျှော်ရည်ထဲ ထည့်လျှော်ခြင်းဖြင့် လှပတဲ့ဆံကေသာ ကိုပိုင်ဆိုင်နိုင်မှာပါ ။

အုန်းနို့

အုန်းနို့က ဆံပင်ရဲ့ အစိုဓာတ်ကို ဖြည့်တင်းပေးတဲ့ အပြင် ဆံသားကို တောက်ပြောင်စေပြီး ဆံပင်ကိုလည်း သဘာဝဆန်ဆန် လှပ မဲနက်စေပါတယ်။ ခွက်တစ်ခွက်ထဲကို အုန်းနို့ ခွက်တစ်ဝက် နဲ့ ခေါင်းလျှော်ရည် ၁ ခွက်ထည့်မွှေပြီး လျှော်ပါ။

 ပျားရည်

နောက်ထပ် ဆံကေသာကို ရေဓာတ် ဖြည့်ပြီး တောက်ပြောင်စေတာကတော့ ပျားရည်ပါပဲ ။ မိမိလျှော်မယ့် ခေါင်းလျှော်ရည်ထဲကို ပျားရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပြီးလျှော်နိုင်ပါတယ်။

What Is the Difference Between Manuka Honey, Raw Honey, and Regular Honey?  - Chowhound

သကြား

သကြားက ဗောက်အစက်အပြောက်တွေကို ဖယ်ရှားနိုင် ပြီး ဆံပင်အရှည်သန်စေပါတယ် ။ သကြားအနည်းငယ်ကိုခေါင်းလျှော်ရည်ထဲရောပြီး လက်ဖဝါးပေါ်လိမ်းပြီး ဦးရေပြားနဲ့ ဆံပင်ကို ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ ။အကျိုးကျေးဇူးကောင်းများ ရနိုင်ပါတယ်။ 

 အိမ်သုံးဆား

အိမ်သုံးဆားက ဗောက်အစက်အပြောက်နဲ့ ချွေးပေါက်တွေကို ဖယ်ရှားပေးပြီး ဆံပင်သန်စေပါတယ်။ ဆားအနည်းနဲ့ခေါင်းလျှော်ရည်ကို ရောနှောပြီး ဆံပင်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးရင် ရေဖြင့်ဆေးချပါ။

 

⇐ Previous Next

Read 1258 times