Technology

Mask ချွတ်စရာမလိုပဲ Facelock ဖွင့်လို့ရတော့မယ့် iOS 15.4 Update

IOS 15.4 Update that allows you to launch Facelock without removing the mask

iOS ရဲ့ 15.4 Version အသစ်ကတော့ ဒီနေ့မှာ တရားဝင် ထွက်ရှိလို့လာပါပြီ။ အရင်ကတော့ Beta Version သာထွက်ထားတာဖြစ်ပြီး အခုတော့ Beta Tester တွေအတွက် Apple က Official ထုတ်လိုက်တာပဲ ဖြစ်ပါတယ်။ 

iOS ရဲ့ 15.4 Version အသစ်မှာတော့ Mask တပ်ပြီး Face ID ဖွင့်မယ်ဆို အရင်လို တကူးတက Mask ချွတ်နေစရာ လိုတော့မှာ မဟုတ်ပဲ Face Mask တပ်ထားတဲ့ အချိန်မှာလည်း Face ID ကို အလွယ်တကူ ဖွင့်လို့ရတော့မှာပဲ ဖြစ်ပါတယ်။ 

Here's what's new in iOS 15.4 and iPadOS 15.4 - 9to5Mac

ဒါကြောင့် iPhone သုံးတဲ့သူတွေအနေနဲ့ မိမိတို့ ဖုန်းကို Update တင်ပြီးပြီဆိုရင်တော့ Setting ထဲက Face ID & Passcode ထဲက Use Face ID with a Mask ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ မျက်နှာကို Mask တပ်ပြီး Register ပြန်လုပ်ပေးယုံပါပဲရှင် ။ 

ဒီနေရာမှာ တစ်ခုထပ်ရှိသေးတာကတော့ မျက်မှန်သမားတွေ အတွက်ပါ ။ မျက်မှန်သမားတွေက ပထမအကြိမ် register လုပ်တဲ့အချိန်မှာသာ မျက်မှန်ခဏချွတ်ဖို့လိုအပ်မှာ ဖြစ်ပြီး ပြီးသွားမှ Add Glasses နှိပ်ပြီး Register ထပ်လုပ်ရမှာပါ။ 

Face ID with Facemask အသုံးပြုနိုင်တဲ့ iPhone Series တွေကတော့ iPhone 12 Series နဲ့ 13 Series တို့မှာပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ 

iOS 15.4 will include emoji like a biting lip, a melting face, and beans -  The Verge

iOS ရဲ့ 15.4 version အသစ်မှာ ဒီ Feature ပဲ ပါတာလားဆိုတော့ မဟုတ်ပါဘူး။ တခြား Feature တွေဖြစ်တဲ့ Emoji အသစ်တွေရယ် Siri Voice အသစ် အပြင် Shortcut Animation နဲ့ တခြား Feature အသစ်တွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် iOS ရဲ့ 15.4 version အသစ်ကို အခုပဲ Update  လုပ်ဖို့ အကြံပေးချင်ပါတယ်။

⇐ Previous Next

Read 787 times