Food & Drink

အပ်မှိုကို ယိုးဒယားစတိုင်အစားအစာဖြစ်အောင် ဘယ်လိုချက်ပြုတ်မလဲ

How to cook acupuncture in Iodine style food

BBQတွေ မာလာရှမ်းကောတွေ ကြိုက်နှစ်သက်တဲ့ Foodieတွေ အတွက်က အပ်မှိုဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အပ်မှိုကို တခြားနည်းတွေနဲ့ လုပ်စားလို့ရသေးတယ်ဆိုတာ Foodieတွေ သိကြရဲ့လားဗျ။ မသိသေးတဲ့ သူတွေအတွက်ရော သိပြီးသားသူတွေအတွက်ရော အပ်မှိုနဲ့ ချက်နည်း ၁၂မျိုးကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ရှူးရှူးရှဲရှဲ ချဉ်ငံစပ် ထိုင်းစာကြိုက်နှစ်သက်သူများအတွက် homemade အပ်မှိုထောင်း

ပါဝင်ပစ္စည်းများ

အပ်မှို ၁ထုပ်

သခြားသီး ၁လုံး

ကြက်သွန်ဖြူ ၅မွှာ

ငြုပ်သီးစိမ်း

သံပုရာသီး ၂လုံး

ငါးငံပြာရည် ၃ဇွန်း

ခရမ်းချဉ်သီး ၃လုံး

သကြား အနည်းငယ်

နံနံပင်

ကန်စွန်းရွက်

မုန့်ဖတ် တို့လိုအပ်ပါတယ်။

အပ်မှိုကို ရေစင်အောင်ဆေးပြီး ဆားအနည်းငယ်နဲ့ ပြုတ်ပေးပါ။ ပြီးလျှင် သခွားသီးကိုခြစ်ထည့် ကြက်သွန်ဖြူ ငြုပ်သီးစိမ်းကိုထောင်းထည့်ကာ ခရမ်းချဉ်သီး သံပုရာရည် ငါးငံပြာရည် သကြားတို့နဲ့ ထည့်ထောင်းပေးရုံပါဘဲ။ ပဲတောင့်ရှည်သီး ကန်စွန်းရွက် သခွားသီး မုန့်ဖတ်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

အပ်မှိုကြော်

ပါဝင်သောပစ္စည်း

ဆီ အပ်မှို၊ ကြက်ဥ နှင့် ဂျုံ အကြော်မှုန့်

အရသာအတွက် ဆား အရသာမူန့် ငရုတ်ကောင်းမူန့်

ပြုလုပ်နည်း

၁။ ကြက်ဥ ၂လုံးကိုခွဲပြီး ဂျုံနဲ့ဆား အရသာမူန့် ငရုတ်ကောင်းမူန့် တို့ကိုမပျစ်မကျဲလေး ရောခလောက်ထားပါ

၂။ အပ်မှိုကို ကြက်ဥခလောက်ထားသောအရေဖြင့် ဟိုဘက်ဒီဘက်နံ့အောင် ဆွတ်ပေးလိုက်ပါ

၃။ ပြီးနောက် အကြော်မှုန့်ဖြင့်ကပ်ပေးလိုက်ပါ

၄။ ထို့နောက် ဆီပူပူထဲမှာ အညိုရောင်လေးရအောင်ကြော်ပေးပါ

၅။ ဆီမှဆယ်ယူပြီးသော ပူပူလေးကိုငရုတ်ဆီဆော့လေးနဲ့တွဲကာသုံးဆောင်လို့ရပါပီ

ထိုင်းစတိုင် အပ်မိူ ချဉ်စပ်ပေါင်း 

ပါဝင်ပစ္စည်း

အီနိူကီမှို............တစ်ထုပ်

ကြက်သွန်ဖြူ.......၅ တက်

ငရုတ်သီးစိမ်း......၅ တောင့်

သံပရာသီး ........ 2လုံး

1.အီနိုကီမှို ကို အမြစ်တွေဖြတ်ပြီး၁၅ ခုလောက်ပါတဲ့အစုအဝေးလေးတွေဖြစ်အောင်ခွဲထုတ်ပါ။

2.ဆား ၊ ဟင်းခတ်မှုန့် ငရုတ်ကောင်းမှုန့်၊ သံပုရာသီးတစ်စိတ်လောက်နဲ့အရသာနယ်ပြီးနှပ်ထားပါ။

3. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း တွေကိုထောင်း ပြီး ပဲငံပြာရည် ၊ သကြား ၊ ဗီနီဂါတို့နှင့် သံပရာသီးညှစ်ပီး ချဉ်ငံစပ်ရည်ပျစ်ပျစ်လေးစပ်ထားပါ။

4.မှိုတွေရဲ့အောက်ခြေမှာ ကြက်သွန်မြိတ်နဲ့စည်းနှောင်ပြီးပန်းကန်ပြားတစ်ခုမှာထည့်ကာအငွေ့ကောင်းသောပေါင်းအိုးမှာ10 မိနစ်ခန့့်ပေါင်းပါ။ ပေါင်းအိုးက ထုတ်လာတာနဲ့ ချဉ်ငံစပ်ရည်လေး လောင်းချ ပေးပါ။ လွယ်ကူရိုးရှင်းပီး စားလို့အရမ်းကောင်းတဲ့ ချဉ်စပ် မှိုပေါင်းနည်းလေးပါ။

အပ်မှိုပေါင်း

ပါဝင်ပစ္စည်း

အပ်မှို/ငရုတ်သီး/ကြက်သွန်မြိတ်/ကြက်သွန်ဖြု /ပဲငံပြာရည်အကြည်/ဆီ/အပ်မှိုကို အမြစ်တွေ လှီးပြီး ရေဆေး သန့်စင်ထား/ ၁မိနစ်လောက်ရေနွေးဖျော /ပန်ကန်ထဲထည့်/ ဒယ်အိုကိုအပူပေးပြီးဆီထည့်ကြက်သွန်ဖြူကိုဆီသပ် ပြီးနောက်ပဲငံပြာရည် အနည်းငယ်ထည့်/ငရုတ်သီး ထည့်/ ခဏ စောင့်ပြီး ကြက်သွန်မြိတ် ထည့် ပြီး(ကြက်သွန်ြိမိတ်က (အပူရိုန်နဲ့ရပါတယ်)မီးပိတ် /အပ်မှို အပေါ် လောင်းထည့်လိုက်ပါ။ 

ရွှေအပ်မှို-ဘော့ချွှိုင်ကြော်

1. ဘော့ချွိုင်ကို ဆားပါဝင်တဲ့ ရေနွေးဆူဆူမှာ ခဏလေးထည့်ပြုတ်ပီး ပြန်ဆယ်ပါ၊ ပန်းကန်ပြားတွင် ထည့်ထားပါ။

2. ဆီ အနည်းငယ်ထည့်ထားတဲ့ ဒယ်အိုးထဲ ကြက်သွန်ဖြူ ဒါးပြားရိုက်ထည့်မွှေပေးပါ၊

3. အရင်းဖြတ်ပီး ရေဆေး ရေစစ်ထားတဲ့ အပ်မှို ထည့်ပီး ခပ်မြန်မြန်မွှေပါ၊ သကြား၊ ဆား။ သင့်ရုံ ထည့်ပါ၊ မှိုကို နွမ်းပျော့သွားအောင် မကြော်ရပါ၊ ကြာကြာ ကြော်မိလေလေ..ကျွတ်ဆတ်ဆတ်မဖြစ်ဘဲ..ပျဉ်းတွဲသွားတတ်ပါတယ်။

4. မှိုကို ဘော့ချွိုင်ပေါ် ခပ်ပီး တင်ပါ၊ မှိုက ထွက်လာတဲ့ ရေကျန် နဲ့ ခရုဆီ ရောမွှေပီး မှိုနဲ့ ဘော့ချွိုင်ပေါ်လောင်းချပေးပါ၊ ပူပူနွေးနွေးသုံးဆောင်ပါ။

မှိုပေါင်း 

ရှမ်းအစားအစာဖြစ်တဲ့မှိုပေါင်းကိုငှက်ပျောဖက်နဲ့ပေါင်းထားလို့သင်းပျံ့တဲ့မှိုပေါင်းကိုတော့စားဖူးသူတိုင်းနှစ်သက်ကြမှာအမှန်ပင်ဖြစ်ပါတယ်။ မှိုကိုတော့ငွေနှင်းမှိုအပ်မှိုနှင့်ကြွက်နားရွက်သုံးမျိုးပေါင်းပြီးပြုလုပ်ထားပါတယ်။

ပါဝင်ပစ္စည်း

ငွေနှင်းမှို - ၂၀၀ ဂရမ်

အပ်မှို - နှစ်ထုပ်

ကြွက်နားရွက်မှို - လက်တစ်ဆုပ်

ပင်စိမ်းရွက် - တစ်စည်း

ခရမ်းချဉ်သီး - တစ်လုံး

ဆန်မှုန့် - ၁၅၀ ဂရမ်

ကောက်ညင်းမှုန့် - ၂ဇွန်း

ကြက်သွန်နီ - တစ်လုံး

ဂျင်းကြက်သွန်ဖြူ - တစ်ဇွန်း စားပွဲဇွန်း

ဆီ - ၃၀ ml

နနွင်းမှုန့် - အနည်းငယ်

ဆား - တစ်ဇွန်း

ဟင်းခပ်မှုန့် - တစ်ဇွန်း

ရေ - ၁၀၀ ml

ငှက်ပျောဖတ်

တွဲဖက်စားရန်

ဂျူးမြစ်

နံနံပင်

ကြက်သွန်ဖြူဆီချက်

ငရုတ်သီးခြောက်ကြော်

ပြင်ဆင်ပြုလုပ်ပုံ

1.ဇလုံတခုတွင်ပါဝင်သောမှိုသုံးမျိုးကိုသေးသေးစိတ်ပြီးထည့်ပါ၊

2.ကျန်ပါဝင်ပစ္စည်းများဖြစ်သောဆန်မှုန့်ကောက်ညင်းမှုန့်ဂျင်းကြက်သွန်ဖြူ ထည့်ပါ။ကြက်သွန်နီခရမ်းချဉ်သီးနှင့်ပင်စိမ်းတို့ကိုသေးသေးစိတ်ထည့်ပါ။

3.ဆားဟင်းခပ်မှုန့်ဆီနှင့်နနွင်းမှုန့်ထည့်ပြီးသမအောင်နယ်ပေးပါ။ရေကိုအနည်းငယ်ဆီထည့်နယ်ပါ။

4.အရသာအနေတော်ပါကထုပ်ရန်ငှက်ပျောထက်ကိုရေဆေးသန့်စင်ပြီးမီးပြထားပါ။ပေါင်းရန်ရေနွေးအိုးအသင့်တည်ထားပါ။

5.ပြီးလျှင်အသင့်နယ်ထားသောမှိုကိုထည့်ပြီးထုပ်ပါ။

6.အားလုံးထုပ်ပြီးပါကပေါင်းမည့်ဘမ်းတွင်စီထည့်ပြီးဆူပွက်နေသောပေါင်းခံအိုးပေါ်တင်ပြီးမိနစ်၂၀မှ၃၀ထိပေါင်းပေးပါ။

7.ကျက်ပါကပေါင်းအိုးမှချကာကြက်သွန်ဖြူဆီချက်နံနံပင်ဂျူးမြစ်ငရုတ်ခြောက်တောင့်ကြော်ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

အပ်မှိုပေါင်း

အပ်မှို

ငရုတ်သီးစိမ်း

ကြက်သွန်ဖြူ

ဂျင်း

ပဲငံပြာရည်အကြည်

ဆား

အပ်မှိုများအား သန့်စင်စွာဆေးကြောပြီး ရေနွေးပူပူတွင် ၁ မိနစ်ခန့် ရေနွေးဖျောပါ။

ဒယ်အိုးတစ်ခုအတွင်းတွင် ဆီထည့်ပြီး နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ + ဂျင်း အား ထည့်ပြီး ဆီသတ်ပါ။ ထို့နောက် ပဲငံပြာရည်အကြည် + ဆား တို့ကို ထည့်ပါ။

ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာပြီဆိုပါက ပါးပါးလှီးထားသော ငရုတ်သီးစိမ်းများအား ထည့်ပြီး ခတ္တခဏမျှ တည်ထားပါ။ နောက်ပြီး အပ်မှိုများ ပေါ်သို့ အဆိုပါက ဟင်းရည်များအား လောင်းချပါ။

အပ်မှိုရှူးရှဲ

အပ်မှို - တထုပ်

ငရုတ်သီး စပ်စပ်လေးကြိုက်ရင် ၁၅တောင့်

ကြက်သွန်ဖြူ (အမွာကြီး ၄မွာ )

သံပုရာသီး အလုံးကြီးတလုံး အလုံးသေးတခြမ်း

ဆား သကြား ကြက်သားမှုန့် အနည်းငယ်

အပ်မှိုကို ရေနွေးမဖျောခင် ဆားအနည်းငယ်နဲ့စိမ်ထားပေးရန်..(၅ မိနစ်ခန့်)

အပ်မှို ဆားစိမ်ထားချိန်မှာ ငရုတ်သီးနဲ့ကြက်သွန်ဖြူ ရောထောင်းပါ(မညက်တညက်)

အပ်မှိုကိုရေစစ်ပြီး ရေနွေးဖျောပါ

ပြီးလျှင် ထောင်းထားတဲ့ငရုတ်သီးထဲကို သံပုရာသီး ဆား,သကြား, ကြက်သားမှုန့် ,ရေ အနည်းငယ် ထည့် ပျစ်ပျစ်လေးမွှေပေးပါ။ ရေနွေးဖျောပြီး စစ်ထုပ်ထားတဲ့အပ်မှိုပေါ် ဇွန်းလေးအနေတော်နေရာနံ့အောင်လောင်းထည့်ပေးပြီးပါက အပ်မှိုရှုးရှဲလေးတခွက် ရပါပြီ။

အပ်မှိုတုမ်ရမ်း

ပါဝင်ပစ္စည်း

အရောင်တင်မှုန့် |ငရုတ်သီးစိမ်း အမှည့် (20တောင့်ခန့်) အစပ်မစားနိုင်လျှော့ထည့်ပါနော်

ကြက်သွန်ဖြူ | ရှမ်းနံနံ |ရှမ်းနံနံမရှိရင် ပင်စိမ်းရွက်ထည့်လည်းရပါတယ်နော်

ပြုလုပ်နည်း

ငရုတ်သီး ကြက်သွန် ဖြူကိုရောထောင်းပါ ဘီးရင်ဆီသတ်ပါ အရောင်တင်မှုန့်ထည့်ပါ ခရုဆီထည့်ပါ.. ဘီးလျှင် ရေနည်းနည်းထည့်ပါ

ရှမ်းနံနံ (သို)ပင်စိမ်းရွက်ထည့်ပါ ပြီးလျှင်အုပ်ထားပါ

မွှေးတဲ့အနံလေထွက်လာရင် အပ်မှိုကို နှစ်ပိုင်းပိုင်းပြီးထည့်ပေးပါ ရေးအနည်းငယ်ထည့် ၍အဖုံးပြန်အုပ်ထားပါ... ရေနည်းငယ်ခန်းလို့ဆီပြန်လာရင် အရသါရှိတဲ့ အပ်မှိုချက် ကိုစားသုံးနိုင်ပါပြီ။

⇐ Previous Next

Read 1867 times