Technology

Social Media တွေကို စွဲလန်းမှုကနေ ဘယ်လိုရုန်းထွက်ကြမလဲ ??

How to get rid of social media addiction?

လူပေါင်း (၃.၈၁) ဘီလီယံလောက်ဟာ Social Media တွေဖြစ်ကြတဲ့ Facebook, Instagram, Twitter, TikTok, YouTube စတာတွေမှာ အချိန်အတော်များများကို ကုန်ဆုံးလေ့ရှိကြပါတယ်။အထူးသဖြင့် လူငယ်လူရွယ်တွေဖြစ်ပြီး သက်လတ်ပိုင်းတွေတောင်မှာ  ဒီ Social တွေရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်ကြပါဘူး။ပျမ်းမျှအားဖြင့် တစ်ရက်ကို (၁၄၄) မိနစ်နီးပါး Social တွေကိုအသုံးပြုကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် Social တွေကို စွဲလမ်းမှုဟာ အရက်နဲ့ မူးယစ်ဆေးကို စွဲလမ်းတဲ့ပုံနဲ့ တူတူပဲလို့ သုတေသနပညာရှင်တွေက ပြောကြပါတယ်။ 

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီလို Social Media တွေဟာ လုံးဝရှောင်ကြဥ်လို့ မရနိုင်တာမို့လို့  အချိန်အကန့်အသတ်နဲ့ အသုံးပြုခြင်းကသာ အထိရောက်ဆုံး အဖြေဖြစ်မှာပါ။ ဘယ်လို အချိန်ကန့်သတ်ထားရမလည်းဆိုတာ သိဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်း (၅) သွယ်ကို ကြည့်လိုက်ရအောင် ….

Noti ပိတ်ထားပါ 

အလွယ်ကူဆုံးနည်းလမ်းကတော့ ကိုယ့်ရဲ့ဖုန်းမှာ တတောင်တောင်နဲ့တက်နေတဲ့ Notification တွေကို ပိတ်ထားလိုက်ဖို့ပါပဲ။ “Do Not Disturb”  ဖွင့်ထားမယ်ဆိုရင် Noti တက်တိုင်းကြည့်နေစရာမလိုတော့ပါဘူး။ 

တစ်ပတ်ကို (၇)နာရီလောက် အပိုထွက်အောင်လုပ်ပါ

တစ်ပတ်ကို စာအုပ်ဖတ်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ တွေ့တာပဲဖြစ်ဖြစ်၊ စတဲ့ Social နဲ့ဝေးတဲ့ အလုပ်တွေကို တစ်ပတ်ကို (၇) နာရီလောက် လုပ်တာကလည်း စွဲလန်းနေတာကနေ လွတ်ကင်းစေမှာပါ။ 

News Feed ကိုတတ်နိုင်သမျှမကြည့်ပါနဲ့ 

Facebook News Feed တို့ Instagram တို့ကို လုပ်စရာမရှိပဲ Scroll လုပ်နေတာထက်စာရင် Logout  လုပ်ပြီးတော့ Messenger လောက်ပဲသုံးမယ်ဆိုရင်လည်း ထိရောက်တဲ့နည်းတစ်ခုပဲ ဖြစ်ပါတယ်။ 

ဝါသနာတစ်ခုခုထားပါ

အပင်စိုက်တာမျိုး၊အိမ်မွေးတိရစ္ဆာန်မွေးတာမျိုး  စတဲ့ဝါသနာတစ်ခုခုကို လုပ်နေမယ်ဆိုရင်လည်း Screen Time ကိုထိန်းချုပ်ပြီးသား ဖြစ်တာမို့လို့ ကိုယ့်ရဲ့ Real Life မှာ ပိုပြီးအဆင်ပြေစေမှာပါ။

Social App တွေအကုန်ဖျက်ပါ

ဒါကတော့ နောက်ဆုံးနည်းလမ်းလို့ပဲ ပြောရမှာပါ။ တစ်နေ့တစ်နေ့ ဒီလို အကျိုးမရှိပဲ စွဲလန်းနေပြီဆိုရင်တော့ ခဏတာ Social App တွေကို ဖျက်ပြစ်တာက သင့်ကို အတိုင်းအတာ တစ်ခုအထိတော့ အကူအညီဖြစ်စေမှာပါ။ 

 

⇐ Previous Next

Read 2098 times