Health & Beauty

၅ ရက် အတွင်း အဆီကျစေမယ့် နည်းလမ်း

How To Lose Fat In 5 Days

အခုနောက်ပိုင်းမှာ ကျွန်မတို့ မိန်းကလေးတွေ အပြင်သွားခါနီးမှာ စိတ်အလိုမကျဖြစ်နေတတ်တဲ့ အဓိကပြဿနာတစ်ခုရှိပါတယ်။ ဒါကတော့ အင်္ကျီဝတ်တိုင်းမှာ မသိမသာပေါ်လာတဲ့ အဆီတုံးလေးတွေပါပဲ။

အသိမိတ်ဆွေတွေရဲ့ မင်္ဂလာပွဲ အခမ်းအနားတွေ ဖိတ်တဲ့အခါ၊ ခရီးသွားခါနီးကပ်လာတဲ့အခါ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ညစာစားပွဲရှိတဲ့အခါ၊ ရေမြေခြားကချစ်သူက လာတွေ့ခါနီးတဲ့အခါ အဲ့ဒီလိုအခါတွေမှာ ဝတ်စရာ Dress လှလှလေးတွေရှိနေရဲ့နဲ့ ဗိုက်ကအဆီတွေကြောင့် ကိုယ့်ကိုကို စိတ်မပျက်သွားပါ။ (၅) ရက်အတွင်း အဆီကျစေမယ့် နည်းလမ်းလေးကို ပြောပြပေးပါမယ်နော်။

- တစ်ရက်ကို ပုံမှန်ရေ ၂ လီတာပုံမှန်သောက်ပေးပါ။

(၁) အစာမစားခင်မှာ ရေတစ်ခွက်သောက်ပေးပါ။

အစာမစားခင် မှာ ရေကိုတခွက်အပြည့်သောက်ပေးပါ။ ဒီလိုသောက်ပေးတာကြောင့် အစားအစာတွေကို အလွန်အကျွံစားမိမှာ မပူရသလို အစားအစာတွေမှာ ပါဝင်တဲ့ ကိုလက်စတရော ကိုလည်း လျော့ချပေးနိုင်ပါတယ်။

(၂) ရေကို ၂ နာရီခြားတခါ သောက်ပေးပါ။

ရေကို ဆာတော့မှထသောက်တာမျိုး မဟုတ်ပဲ နှစ်နာရီခြားမှာ တစ်ခါသောက်ပေးပါ။ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ရေပမာဏ မရရင်လည်း စားထားသမျှအဆီတွေဟာ လောင်ကျွမ်းမူ ရှိမှာမဟုတ်ပါဘူး။

(၃) ရေသောက်တဲ့အခါ သံပုရာသီးစိတ်လေးတွေ ထည့်သောက်ပေးပါ။

ရေသောက်တဲ့အခါမှာ သံပုရာသီးစိတ် ဒါမှမဟုတ် သခွားသီးစိတ် အနည်းငယ် ထည့်သောက်ပေးခြင်းဟာ ရေသောက်ချင်စိတ်ကို လှုံ့ဆော်ပေးရာရောက်သလို ကိုယ်အလေးချိန်လျော့ကျစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ရေချည်းပဲသောက်ရမှာ ပျင်းတဲ့သူတွေအတွက် ရေအစား Detox Waterကို အစားထိုးသောက်ပေးနိုင်ပါတယ်။Detox Water လုပ်နည်းအမျိုးမျိုး ရှိပါသေးတယ်။

Detox water လုပ်နည်း (၅) မျိုး

နည်းလမ်း(၁)

ရေတစ်လီတာထဲသို့ အခွံမခွာထားတဲ့ သံပရိုသီးတခြမ်းနဲ့  သခွားသီးတခြမ်းကို ပါးပါးလှီးထည့်ပါ။ ပြီးရင် ပူစီနံ ၅ ညွှန့်ကိုထည့်ပါ။ (ပူစီနံက မကြိုက်တဲ့သူတွေအတွက် မထည့်လည်းရပါတယ်။)

နည်းလမ်း (၂)

ရေတစ်လီတာထဲသို့ ပန်းသီးတစ်ခြမ်းကို အခွံမခွာပဲ ပါးပါးလှီးထည့်ပါ။သစ်ဂျပိုးခေါက် ၄ ချောင်းကို ထည့်စိမ်ပေးပါ။ သစ်ကြားပိုးကို အမှုန့်မသုံးပါနဲ့။

Apple Cinnamon Detox Water Recipe For Cholesterol | Fitelo

နည်းလမ်း (၃)

လိမ္မော်သီး တစ်လုံးကို အခွံမခွာပဲ  ရေတစ်လီတာထဲသို့ ပါးပါးလှီးထည့်ပါ။ ဘလူးဘယ်ရီ ၁၀ လုံးကို နှစ်ခြမ်းခွဲထည့်ပါ။

နည်းလမ်း (၄)

အခွံမခွာထားတဲ့ ဂရိတ်ဖုသီး တစ်ခြမ်း ကို ပါးပါးလှီးပြီး   ရေတစ်လီတာထဲကိုထည့်ပါ။

နည်းလမ်း (၅)

ဖရဲသီးတစ်စိတ် လက်ဖဝါးခန့်နဲ့ သခွားသီးတစ်စိတ်ကို အခွံမခွာပဲ ရေတစ်လီတာထဲကို ပါးပါးလှီးထည့်ပါ။ Detox water တွေကို ညကတည်းကလုပ်ပြီး ရေခဲသေတ္တာထဲစိမ်ထားပါ။  

Watermelon-Cucumber-Mint Infused Water | Cooking Light

မနက်နိူးတာနဲ့ စပြီး တစ်နေကုန်သောက်ပါ။ ၂၄ နာရီအတွင်းမကုန်ရင်တော့ သွန်ပစ်ပါ။ နေ့စဉ် ည ၇နာရီကျော်တာနဲ့ ဘာအစားအစာမှထပ် မစားပါနဲ့တော့။ မနက်တိုင်းအဆီကျဖျော်ရည် လေးပုံမှန်သောက်ပေးပါ။

အဆီကျဖျော်ရည် လေးလုပ်နည်းကတော့...

ပါဝင်ပစ္စည်း

- သဘာဝပျားရည်စစ်စစ်

-သံပုရာသီး

-ဂျင်း

သုံးစွဲပုံကတော့

မနက် အိပ်ယာထတဲ့ အချိန်မှာ

၁။ ခွက်တစ်ခွက်ထဲကို ရေဆေးပြီးသား သံပုရာသီးတစ်လုံးကို အကွင်းလိုက်လှီးပြီး ထည့်လိုက်ပါ။

၂။ ဂျင်းနှစ်လွာခန့် ကိုထည့်ပါ။

၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။

၄။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့်လောက် နှပ်ထားလိုက်ပြီး ရေနွေးအေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။

Get slim and fit body shape without gym by natural products | Joybynature

ကဲ ဒီနည်းလမ်းလေးတွေကတော့ ၅ရက်အတွင်း ဝိတ်အမြန်ကျစေမယ့်နည်းလေး ပဲဖြစ်ပါတယ်နော်။ သွားစရာလာစရာရှိတဲ့ အခါ အဝတ်အစားလှလှလေးတွေ ဝတ်ပြီး ဗိုက်ခေါက်ကြောင့် အလှပျက်မှာမပူရတော့ဘူးပေါ့။ အားလုံး ကိုယ်စီအလှတရားတွေနဲ့ လှပတဲ့ ခန္ဓာကိုယ်လေးပိုင်ဆိုင်နိုင်ကြပါစေ။

⇐ Previous Next

Read 1393 times