Food & Drink

ကိုရီးယားရေညှိထမင်းလိပ်ကို ဘယ်လို လွယ်လွယ်ကူကူ လုပ်ကြမလဲ

How to make Korean Kim bap easily?

ရေညှိထမင်းလိပ်ဆိုတာ ပါဝင်တဲ့ပစ္စည်းတွေ များပေမယ့် လုပ်ရတာ တအားလက်ဝင်တဲ့ စားစရာတစ်ခုတော့မဟုတ်ပါဘူး။ အိမ်မှာပဲ လွယ်လွယ်ကူကူ လုပ်စားလို့ရပါတယ်။ ဒါ့အပြင် ကိုရီးယား ရေညှိထမင်းလိပ်မှာ ရေညှိ၊ အသီးအရွက်နဲ့ အသား အစုံအလင် ထည့်စားလို့ရပါတယ်။ 

ကဲ ...ဒါဆိုရင် လုပ်ဖို့အတွက် ဘာတွေလိုလဲ ကြည့်လိုက်ရအောင် …. 

ပါဝင်ပစ္စည်းများ 

  • ရှလကာရည် - ၃ ဇွန်း
  • သကြားရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
  • ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေညှိဖတ် - ၅ ဖတ်
  • သခွားသီး - ၁ လုံး(အချောင်းရှည်လေး တွေလှီးထားပါမယ်) 
  • မုန်လာဥနီ - ၁ လုံး(အခွံခွာပြီး ခြစ်နဲ့ချစ်ပါ အချောင်းလေးတွေရအောင်)
  • ချိစ် - စားပွဲဇွန်း ၃ ဇွန်း
  • ကြက်ဥ - ၂ လုံး
  • ကြက်အူချောင်း - ၃ ချောင်း
  • မရောနိစ် - စားပွဲဇွန်း ၅ ဇွန်း
  • နှမ်းဆီ - စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း 

  • ဒယ်အိုးထဲသို့ နှမ်းဆီထည့်ပြီး မီးမျှင်မျှင်လေးနဲ့မုန်လာဥနီကို အနည်းငယ်နူးရုံလေး ဆီပူနဲ့လှိမ့်ပေးပါ။
  • ကြက်ဥကို လေးတောင့်ဒယ်အိုးထဲ ထည့်ကြော်ပါ။ပြီးလျှင် အအေးခံပြီး အချောင်းလေးတွေလှီးထားပါ။
  • ထမင်းကို ထမင်းနယ်ရန် ပစ္စည်းများနဲ့နယ်ပါ။ ထမင်းစီးလာပါလိမ့်မယ်။
  • ထမင်းလိပ်ရန် ဝါးရင်းလိပ်လေးလိုပါတယ်။ဝါးရင်းလိပ်လေးကိုခင်းပြီး ရေညှိဖတ်တင်ပါ။
  • ပြီးလျှင် နယ်ထားသောထမင်းကို ဖြန့်လိုက်ပါ။

  • ပြီးမှ အစာများအားလုံးကို ထမင်းလိပ်အလယ်လောက်နေရာမှတင်ပြီး မရောနိစ်ကို အပေါ်ဆုံးမှတင်ပါ။
  • ပြီးလျှင် ကိုယ့်ဘက်ကနေ စ၍လိပ်ပါ။ ကျစ်ကျစ်လေး လိပ်ပေးပါ။
  • ထမင်းလိပ်တစ်လိပ်ကို ၈ ပိုင်းလောက်ရပါတယ်။လှီးမယ့်ဓားကို ရေစိုအ၀တ်လေးနဲ့ ပွတ်သပ်ပေးပါ။

ရလာပြီဆိုရင် ကြိုက်နှစ်သက်ရာ ပုံစံမျိုးလေး ပြင်ပြီးစားသုံးနိုင်ပါတယ်။

⇐ Previous Next

Read 3170 times