Health & Beauty

Stay Home ကာလမှာ အသားရည်မပျက်စီးအောင် ဂရုတစိုက် ထိန်းသိမ်းကြမယ်

How to skin care during stay home?

အသားရည်ထိန်းတဲ့နေရာမှာ အကောင်းစား Skin Care Products တွေကိုအသုံးပြုမှသာ ကောင်းမွန်တဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ နေ့စဉ်ဘဝမှာ လုပ်နေကြ အရာလေးတွေကိုပဲ စနစ်တကျ ပြုလုပ်ပေး လိုက်တာနဲ့ အသားရည်ကောင်းလာနိုင်ပါတယ်။ အဲ့ဒါကြောင့် ဘယ်လိုစနစ်တကျ ပြုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ 

 

(၁) Moisturizer အသုံးပြုပါ 

အိမ်မှာပဲ နေရတယ်ဆိုပေမယ့် ကိုယ့်ရဲ့အသားအရည်ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ နေ့စဉ်ပုံမှန် Moisturizer ကို အသုံးပြုပေးမယ်ဆိုရင် အသားရည်ကို ကြည်လင်တာ၊ မျက်နှာမှာရှိတဲ့ Cells လေးတွေကို ပုံမှန်အလုပ်လုပ်စေဖို့ ကူညီပေးပါတယ်။ အဲ့လိုသုံးတဲ့ နေရာမှာ ကိုယ့်ရဲ့ အသားရည်နဲ့ ကိုက်ညီတဲ့ Moisturizer ကို ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။  

(၂) အိပ်ရေးဝဝအိပ်ပါ (သို့) အိပ်ချိန်မှန်မှန်ထားပါ 

လူတစ်ယောက်က တစ်ရက်မှာ အိပ်ချိန် (၇) နာရီကနေ (၉) နာရီ ကြားရှိဖို့ လိုအပ်ပါတယ်။ ညဘက်ကို (၁၂) နာရီနောက်ပိုင်း အထိ နေတာက သင့်ရဲ့အသားအရည်ကို ထိခိုက်စေတဲ့ အပြင် အိပ်ရေးမဝတဲ့ အခါ ဝက်ခြံထွက်တာ၊ အသားခြောက်တာတွေ ဖြစ်တတ်တာမို့ အိပ်ချိန်မှန်ဖို့ လိုအပ်ပါတယ်။ 

(၃) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ 

 

အသားရည် ကောင်းချင်တဲ့ သူတွေအတွက်တော့ နေ့စဉ်လေ့ကျင့်ခန်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ချွေးပုတ်တွေက အားကစားလုပ်တဲ့ အချိန်မှာမှ ထွက်တာဖြစ်တဲ့ အပြင် ချွေးပုတ်တွေ ထွက်သွားတဲ့အခါ မျက်နှာလေးက ပိုပြီး ကြည်လင်လာပြီး ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးလန်းဆန်းစေတာမို့ တစ်နေ့ကို နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ 

(၄) အချိန်မှန်မှန် မျက်နှာသစ်ပါ

အချိန်မှန်မှန် မျက်နှာသစ်ဖို့ကို လုံးဝ မမေ့သင့်ပါဘူး။ မျက်နှာရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေကို ဆေးကြောတဲ့ အနေနဲ့ တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။ အဲ့လို သစ်တဲ့အခါမှာလည်း မျက်နှာသစ်ဆေးကိုတော့ အသုံးပြုဖို့မမေ့ပါနဲ့။ သဘာဝပစ္စည်းတွေကိုသာ အများဆုံးသုံးတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုပါ။ 

(၅) ရေဓာတ်ပြည့်ဝအောင်နေပါ 

 

သင့်ရဲ့ အသားအရည်‌ ကောင်းမွန်ဖို့က ရေများများသောက်ဖို့ လိုအပ်ပါတယ်။ ရေဓာတ်မပြည့်နေတဲ့ အခါ မျက်နှာယားယံတာ၊ အသားခြောက်တာ၊ အသားပတ်တာမျိုးတွေ ကြုံတွေ့ရနိုင်မှာပါ။ ရေဓာတ်ပြည့်ဝစေဖို့ အတွက် ရေများများသောက်တာ အပြင် အသီးအနှံများများ စားပေးတာကလည်း အသားရည်ကို ကောင်းမွန်စေပါတယ်။ 

⇐ Previous Next

Read 1472 times