Technology

Charger နဲ့ နားကြပ်ပါတဲ့အပြင် ထွက်ထွက်ချင်း နံပါတ် (၁) Camera Phone ဖြစ်သွားတဲ့ Huawei Mate 40 Series

Huawei Mate 40 Series, the No. 1 Camera Phone with Charger and Headphones

 

Huawei ကသူ့ရဲ့ Flagship Series အသစ်ဖြစ်တဲ့ Mate 40 Series ကို မနေ့ကပဲ ကြေညာသွားခဲ့ပါတယ်။ပွဲမှာ Mate 40 Pro, Mate 40 Pro Plus အပြင် Porsche နဲ့ ပေါင်းထုတ်ထားတဲ့ Special Edition Mate 40 Rs ကို ထုတ်ပြသွားခဲ့ပါတယ်။ 

Mate 40 , 40 pro နှင့် 40 pro plus တို့က punch-hole waterfall display ကိုသုံးထားတာဖြစ်ပြီး​တော့ ​ဘေးဖက် edge ရဲ့ curvature ​တွေက 88° အထိရှိပါတယ်။ ​Mate 40 မှာက​တော့ single camera punch-hole ကိုပဲသုံးထားပြီး​တော့ Mate 40 pro နှင့် Pro plus တို့မှာ​တော့ dual camera punch-hole ကိုသုံး​ပေးထားတာပါ။ အ​နောက်ဖက်မှာက စက်ဝိုင်းပုံ camera module ကိုသုံးထားပြီး​တော့ Huawei က​တော့ ဒါကို Space Ring Design လို့အမည်​ပေးထားတာပါ။ 

Display မှာ​တော့ 90 Hz OLED panel ​တွေသုံး​ပေးထားပြီး​တော့ Mate 40 က 6.5inches , Mate 40 pro က 6.76 inches display size အသီးသီးရှိပါတယ်။ CPU အနေနဲ့ အသစ်စက်စက် Kirin 9000 Series ကိုအသုံးပြုပေးထားပါတယ်။ Huawei ရဲ့ ပြောစကားအရတော့ Snapdragon ရဲ့ နောက်ဆုံးထွက် 865+ ထက် GPU 52% CPU 10% ပိုမြန်လာမှာပါတဲ့။ ဒါ့အပြင် ပထမဦးဆုံး 5G ပါဝင်လာတဲ့ 5nm Soc ပါ(5G modem ထည့်ထားတာမဟုတ်ပဲ Soc ထဲမှာ တစ်ခါတည်း 5G ပါလာတာပါ) Mate Series ဆိုတိုင်း နာမည်ကြီးလေ့ရှိတာက သူ့ရဲ့ camera ပါ။ 

Mate 40 နဲ့ Mate 40 pro မှာ ကင်မရာ သုံးလုံးပါဝင်မှာဖြစ်ပြီးတော့ Mate 40 Pro Plus နဲ့ Mate 40 Rs မှာတော့ ကင်မရာ လေးလုံးပါဝင်လာမှာပါ။ လောလောဆယ်တော့ Mate 40 Pro ရဲ့ Camera က DXO Mark 136 မှတ်နဲ့ ကင်မရာအကောင်းဆုံးဖုန်း ဖြစ်သွားခဲ့ပါပြီ။ Mate 40 Series မှာသုံးပေးထားတဲ့ 50 MP Sensor က Samsung Note 20 Ultra မှာသုံးပေးထားတဲ့ 108 MP ထက်ပိုပြီးကြီးတဲ့အတွက် Low light တွေမှာ တော်တော်ကြီးကိုကြမ်းတမ်းနေမှာပါ( Leica အစွမ်းအံ့မခန်းပါပဲ)

​ဈေးအ​နေနဲ့က​တော့

Mate 40 (8/128) ကို €900 (13သိန်းဝန်းကျင်)

Mate 40 pro (8/256) ကို €1200 (18သိန်းဝန်းကျင်)

Mate 40 pro plus (12/256) ကို €1400 (၂၁သိန်းဝန်းကျင်)

Mate 40 Rs (12/512) ကို €2300 (၃၅သိန်းဝန်းကျင်) ကျသင့်မယ်လို့သိရှိရပါတယ်။ 

Mate 40 Series ကလုံးဝကို အလန်းစားဖုန်းတွေလို့ ပြောလို့ရပါတယ်။ဒါပေမယ့် GMS(Google Service) မပါတဲ့အတွက် တချို့သူတွေအနေနဲ့ ဝယ်မယ်ဆို စဥ်းစားစရာလေးတွေ ရှိလာမယ်လို့ထင်ပါတယ်။ 

⇐ Previous Next

Read 1486 times