Technology

Appleရဲ့ နောက်ထပ် Productဖြစ်တဲ့ AirPods Maxက တကယ်ရော တန်ရဲ့လား?

 Is Apple's next product, the AirPods Max, really worth it?

သူများနဲ့ မတူတဲ့ Electronicsတွေကို ထုတ်လုပ်ဖြန့်ချီနေတဲ့ Appleဟာ အခုဆိုရင် သူတို့ရဲ့ နောက်ထပ်Product အသစ်တစ်ခုဖြစ်တဲ့ AirPods Maxကို မိတ်ဆက်လိုက်ပါပြီ။

လာမယ့် ဒီဇင်ဘာလ (၁၅)ရက်နေ့မှာ စတင် ရောင်းချပေးမယ့် AirPods Maxကို over-ear noise-canceling headphonesလို့တောင် Appleက တင်စားထားပါတယ်။ Apple ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်း Premium Designနဲ့ AirPods Maxကို ဒီဇင်ဘာလ (၈)ရက်နေ့ကတည်းက Pre-Orderတင်လို့ ရနေပြီ ဖြစ်ပါတယ်။ 

AirPods Max in silver.

40mm driverနဲ့ “custom acoustic design” AirPods Max ကို Space gray၊ Silver၊ Sky blue၊ Greenနဲ့ PinkColor ဆိုပြီး Stainless steelကို Rubberအရောင် (၅)မျိုးနဲ့ အုပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။ AirPods Maxရဲ့ Systemအရ rich၊ deep bass၊ accurate mid-rangesနဲ့ crisp၊ clean high-frequency extension ကြောင့် Noteတိုင်းကို ကွဲကွဲပြားပြား သေချာကြားရမှာ ဖြစ်ပါတယ်။

The AirPods Max are Apple's first over-ear cans - Esquire Middle East

ရှေ့မှာ ထွက်ထားတဲ့ Appleရဲ့ AirPods၊ AirPods Proမှာ မိတ်ဆက်ပေးထားတဲ့ အတိုင်း အင်္ဂါရပ်တွေဖြစ်တဲ့ high-fidelity audio၊ အသံထိန်းညှိပေးတဲ့ စနစ်၊ transparency mode၊ spatial audioနဲ့ Audio Sharingတွေ ပါဝင်နေဦးမှာပါ။

AirPods Max paired up with iPhone 12.

AirPods Maxမှာ Apple Watchရဲ့ "Digital Crown"ကို ပြန်သုံးထားပြီး အသံတိုး/အသံလျော့၊ သီချင်းကို playနဲ့ pause၊ သီချင်းကျော်ခြင်း၊ ဖုန်းcallတွေကို ဖြေခြင်းနဲ့ ဖုန်းချခြင်း၊ Siriကို ခေါ်ခြင်း အပြင် “noise control”အတွက် noise-canceling နဲ့ transparency modesကို ပြောင်းနိုင်တဲ့ Control Buttonတွေ ပါဝင်မှာ ဖြစ်ပါတယ်။

Headphones ကိုချွတ်လိုက်ရင် သီချင်းရပ်သွားမှာ ဖြစ်ပြီး ပြန်တပ်လိုက်ရင် သီချင်းပြန်လာတဲ့ Systemက အရင် AirPodsတွေ အတိုင်းပါပဲ။ Battery အနေနဲ့ AirPods Maxက နာရီ(၂၀)ကြာ အသုံးပြုလို့ရမှာ ဖြစ်ပြီး Charging Typeအနေနဲ့  Type Cမဟုတ်ဘဲ Lighting Connectorကို 18W or current 20W USB-C power adaptersနဲ့ အားသွင်းနိုင်ပါတယ်။ (၅)မိနစ် အားသွင်းပြီးရင် မိနစ် (၉၀) ပြန်ပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Internal components of AirPods Max spaced out horizontally.

AirPods Maxက Smart Caseထဲမှာ “Ultra-Low Power State” Systemပါဝင်ပြီး သူ့ရဲ့ Caseထဲကို ထည့်မှ Shutdownဖြစ်သွားမှာ ဖြစ်ပြီး Caseထဲမထည့်ရင် အားကုန်တဲ့ထိ runနေမှာ ဖြစ်ပါတယ်။ အားမရတာက U1 chip သုံးထားပေးမဲ့ over 100 ms latency တော့ ရှိနေဦးမှာပဲ အဲ့အတွက် 3.5mm headphones jack မပါပေမဲ့ $35 တန် 3.5mm to Lighting နဲ့ ချိတ်ဆက် နားထောင်နိုင်ပါသေးတယ်။

ဒီနေရာမှာ ရေပန်းစားနေတဲ့ $ 549 ကျပ်တန် AirPods Maxကို တန်လားလို့ မေးစရာရှိပါတယ်။ Apple products ထဲမှာ visual ရော touchရော sense အရသာပါ အကုန်ပေးစွမ်းနိုင်တဲ့ AirPods Maxကိုတော့ တန်တယ်လို့ပဲ ပြောချင်ပါတယ်။

$69 ကျပ်နဲ့ ရောင်းမယ့် memory-form earcupsက ear on detection & high fidelity အရသာကို အပြည့်အဝခံစားရမှာ ဖြစ်ပြီး  40MM driver ကြီးက ထွက်လာတဲ့ အသံတွေ speakerက ထွက်လာပြီး နားစည်ကိုမရိုက်ခင်မှာ loss အနည်းဆုံးဖြစ်အောင် တီတွင်ဖန်တီးပေးထားပါတယ်။ flattish Aluminium headphone ကို magneticနဲ့ ကပ်ခွာအဖြစ် cockle changeable လုပ်ပြီး အသုံးပြုနိုင်မှာပါ။

Sky blue AirPods Max stored in matching Smart Case.

နောက်ပြီး တစ်ယောက်က စကားလာပြောလို့ headphone တစ်ဖက်ကို မလိုက်တာနဲ့  သီချင်းက ရပ်သွားမှာဖြစ်ပြီး ချွတ်လိုက်တာနဲ့ မကြာခင်မှာ sleep mode ဖြစ်သွားမှာပါ။

Mic 8 ခုပါဝင်ပြီး ၆ ခုက အပြင်အသံကို နားထောင်ပြီး Noise cancellation အတွက် အလုပ်လုပ်ပါတယ်။ ၂ခုက တော့ voice call အတွက် အလုပ်လုပ်သွားမှာပါ။

ဒီလို Fashionတွေနဲ့ AirPods Maxက ပေးရတဲ့ ဈေးနဲ့ တန်/မတန်ကို ဆွေးနွေးပေးသွားကြပါဦးဗျ။

By MY Yangon Guide

Photo Credit Apple

⇐ Previous Next

Read 1336 times