Entertainment

J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၂.၁.၂၀၂၆) မှ (၈.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ

 J Cineplex: Movies Showing from (2.1.2026) to (8.1.2026)

ဒီတစ်ပတ် J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ မြန်မာကားသစ်များ ရုံးမဝင်ဘဲ  နိုင်ငံခြားဇာတ်ကားသစ် ၁ ကား (Kogaloak Village) ရုံဝင်ခဲ့ပါတယ်။ J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ ပြသဆဲ လူကြိုက်များတဲ့ မြန်မာနှင့် နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားများကို ဆက်လက်ပြသလျက် ရှိပါတယ်။

 

ထိုင်းရုပ်ရှင်ကားတစ်ကားဖြစ်တဲ့ Kogaloak Village ရဲ့ အကြောင်းကို ပြောရရင် … နယ်ဘက်က ကျေးရွာတစ်ခုမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အမှတ်အသားနဲ့အတူ တုန်လှုပ်ခြောက်ခြားစရာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားလာပါတယ်။ သေဆုံးသူ အမျိုးသားတိုင်းရဲ့ အမျိုးသားအင်္ဂါတွေ ပုပ်ပွပျက်စီးနေတဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်ကြောင့် တစ်ရွာလုံး ထိတ်လန့်တုန်လှုပ် နေကြပါတယ်။ ရဲတပ်ဖွဲ့က ဒီလူသတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့အခါမှာတော့ ဒေသတွင်းက ကြောက်မက်ဖွယ်ရာ ဒဏ္ဍာရီတွေနဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို သိရှိလာပါတော့တယ်။ ဒီရုပ်ရှင်ဟာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး သရဲအစီအစဉ်တစ်ခုဖြစ်တဲ့ "The Shock" မှ ပြောပြလေ့ရှိတဲ့ ထိတ်လန့်စရာ ပုံပြင်တွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ထူးဆန်းအံ့သြဖွယ်ကောင်းပြီး သရဲခြောက်လှန့်မှုတွေရှိတဲ့ ရွာတစ်ရွာ (Muban Kho Kalok) ထဲမှာ ဖြစ်ပျက်တဲ့ အလွဲအချော်တွေ၊ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်တွေကို ရယ်မောပျော်ရွှင်စရာ ဟာသနှောပြီး တင်ဆက်ထားတာကြောင့် ကြည့်ရှုသူတို့ စိတ်အပန်းပြေပါစေလိမ့်မယ်။

 

J Cineplex အဆင့်မြင့်ရုပ်ရှင်ရုံများမှာ (၂.၁.၂၀၂၆) မှ (၈.၁.၂၀၂၆) ထိ ရုံတင်ပြသမည့်ဇာတ်ကားများ -

မြစ်လက်တက်ပေမဲ့ ရေစီးကကြမ်းတယ်

အနှစ်

Kogaloak Village

Anaconda

The Bride တို့ ဖြစ်ပါတယ်။

                                                                                                

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။

 

အလုပ်ပိတ်ရက်တွေများတဲ့ အခုလို နှစ်သစ်ကူး အခါသမယမှာ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ် ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို  https://t.me/jcineplex  မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

 

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

⇐ Previous

Read 67 times