Entertainment

(၂၀၂၁)ခုနှစ်မှာ ထွက်ရှိထားတဲ့ K-Drama Series တွေထဲက လူကြိုက်အများဆုံး Series (၅)ခု

K-Drama Series Released in 2021

ဒီနှစ်ကတော့ K Drama ခရေဇီတို့ရဲ့ နှစ်တစ်နှစ်လို့ ပြောရမှာပါ။ ကိုယ်ချစ်ရတဲ့ အိုင်ဒေါလ်တွေအားလုံးနီးပါး ဒီနှစ်မှာ ပြန်လည်မြင်တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။ 

လက်ရှိ (၂၀၂၁) နှစ်စက စတင်ပြီး အခုလက်ရှိ မတ်လအတွင်း လူကြိုက်များခဲ့၊ လူကြိုက်များနေဆဲ ဖြစ်တဲ့ ဇာတ်လမ်းတစ်ချို့ကိုတော့ အောက်မှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။ 

၁။ True Beauty 

True Beauty” Webtoon Author Shares Her Thoughts On The Drama Adaptation And  Casting | Soompi

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက် လူငယ်တွေကြား တော်တော်ကို ရေပန်းစားခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်ကြတဲ့ အီဆူဟိုနဲ့ ဟန်ဆောဂျွန်းကြောင့် ပိုပြီး လူစိတ်ဝင်စားကြတာ ဆိုရင်လည်း မမှားပါဘူး။ (အင်ဂျူဂယောင်းလေးလည်း ချစ်စရာလေးပါနော်) 

ဇာတ်လမ်းအကျဉ်းကတော့ မိတ်ကပ်မပြင်ထားရင် ရုပ်ဆိုးမလေး၊ မိတ်ကပ်ပြင်လိုက်ရင်တော့ အလှနတ်ဘုရားမလေးအဖြစ် အသွင်ပြောင်းသွားတတ်တဲ့ ကျောင်းသူလေး အင်ဂျူဂယောင်းကို လူသိများပြီး အေးစက်တဲ့ နှလုံးသားပိုင်ရှင် အီဆူဟိုက ချစ်မိသွားရာက ဇာတ်လမ်းစပါတယ်။ 

ထုံးစံအတိုင်း 2nd Lead ဖြစ်တဲ့ ဟန်ဆောဂျွန်းကတော့ အင်ဂျူဂယောင်းကို တစ်ဖက်သတ်ချစ်ရတဲ့ ခပ်ဆိုးဆိုး‌ ကောင်ချောလေးတစ်ယောက်ပါ။ ဒါပေမယ့် တစ်ကျောင်းလုံးမှာ ရေပန်းအစားဆုံးဖြစ်တဲ့ ဒီကျောင်းသားလေး (၂)ယောက်က အင်ဂျူဂယောင်းကို ရုပ်ဆိုးမလေးမှန်း မသိဘဲ ချစ်မိသွားကြပြီး နောက်ပိုင်း အင်ဂျူဂယောင်းရဲ့ မိတ်ကပ်မပါတဲ့ မျက်နှာကို မြင်ရတဲ့အခါ သူတို့ ဘာတွေ ဖြစ်ကြမလဲ? 

4 Reasons To Tune In To The Highly-Anticipated Premiere Of “True Beauty” |  Soompi

ကျောင်းသားလေး (၂)ယောက်ကရော အင်ဂျူဂယောင်းကို ဆက်ချစ်နေကြဦးမှာလား? အင်ဂျူဂယောင်း တစ်ကယ် ချစ်ရတဲ့သူကရော ဘယ်သူလဲ? စသဖြင့် ကျောင်းသားဘဝ ဖြစ်တတ်တဲ့ အလွဲတွေနဲ့ Romance တွေကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထာတဲ့ လူငယ်ကြိုက် အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ 

ဒီဇာတ်လမ်းတွဲလေးကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ဒီဇင်ဘာ ၉ရက်နေ့၊ TvN ရုပ်သံလိုင်းကနေ စတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး အပိုင်းအနေနဲ့ (၁၆)ပိုင်းပါဝင်ပါတယ်။ 

၂။ Mr.Queen 

Mr. Queen” And Shin Hye Sun Reign On Weekly List Of Most Buzzworthy Dramas  And Cast Members | Soompi

ဒီဇာတ်လမ်းကတော့ စစချင်း အပိုင်းတွေမှာ အူလှိုက်သဲလှိုက် ရယ်ရပြီး နောက်ပိုင်းထွက်တဲ့ Episode တွေမှာတော့ ဇာတ်လမ်းထဲက ပြက်လုံးတွေဟာ ကိုရီးယားယဉ်ကျေးမှုနဲ့ မလျော်ညီဘူး၊ အထူးသဖြင့် မင်းသမီးရဲ့ ဝတ်စားပုံ၊ နေထိုင်ပုံဟာ ဂျိုဆွန်းခေတ် ကိုရီးယားသူတွေကို စော်ကားရာ ရောက်တယ်လို့ ဆိုပြီး ကိုရီးယားလူမျိုးတွေက ဝိုင်းကန့်ကွက်ခဲ့ကြတဲ့ ဇာတ်လမ်းတွဲတစ်ခုပါ။ 

အစပိုင်းတွေလောက် မရယ်ရတော့ပေမယ့်လည်း အပိုင်း (၂၀)အထိ ပါဝင်တဲ့ ဒီဇာတ်လမ်းတွဲလေးဟာ ကြည့်ရှုသူ ပရိတ်သတ်တွေကို အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လက်ရှိ (၂၀၂၁)ရဲ့ ဆိုးလ်မြို့က အတော်ဆုံး ယောက်ျားလေး စားဖိုမှူး ဂျန်ဘိုဂွမ်ဟာ သူ့ကို အကောက်ကြံခဲ့တဲ့ မသမာသူတစ်ချို့ကြောင့် စုံထောက်တွေ လိုက်ဖမ်းတာကို ခံရပြီး နေအိမ်ကနေ ထွက်ပြေးဖို့ ကြိုးစားပါတယ်။ 

နေအိမ်ကွန်ဒိုရဲ့ ဝရံတာကနေ ထွက်ပြေးရင်း အထပ်ပေါင်းများစွာရှိတဲ့ အလွှာကနေ အောက်ခြေက ရေကန်ထဲကို ပြုတ်ကျသွားပါတော့တယ်။ ဒီလိုနဲ့ ဂျန်ဘိုဂွမ်ရဲ့ ဝိဉာဉ်ဟာ အချိန်မှားယွင်းပြီး ဂျိုဆွန်းခေတ်ရဲ့ မိဖုရားတစ်ပါးဆီ ဝင်ရောက်သွားပါတော့တယ်။ 

5 Reasons You Should Watch Korean Drama 'Mr. Queen ' – Netral.News

မြင့်မြတ်တဲ့ မိဖုရားတစ်ဦးကိုယ်ထဲ ရောက်သွားတဲ့ ဂျန်ဘိုဂွမ်ရဲ့ ဝိဉာဉ်ဟာ ဂျိုဆွန်းရဲ့ နန်းတော်မှာ ဘယ်လိုအလွဲလွဲ၊ အချော်ချော်တွေ ဖြစ်မလဲ၊ သူ့ရဲ့ ခန္တာကိုယ်ဆီကို ဘယ်လိုပြန်သွားနိုင်မလဲ၊ ပြီးတော့ သူဝင်မိတဲ့ မိဖုရားရဲ့ ဝိဉာဉ်ကရော ဘယ်မှာ ရောက်နေမလဲ၊ စသဖြင့် စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်ပါတယ်နော်။ 

ဒီဇာတ်လမ်းတွဲကိုတော့ ပြီးခဲ့တဲ့ (၂၀၂၀)ခုနှစ်က လူကြိုက်များခဲ့တဲ့ StartUp ဇာတ်လမ်းတွဲအပြီးမှာ Netflix ကနေ ထုတ်လွှင့် ပြသခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမှာ အပိုင်း (၂၀)အထိ ပါဝင်ပြီး ဒီဇင်ဘာ (၁၂)ရက်နေ့ကတည်းက စတင်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

၃။ Run On

Run On" (2020 Drama): Cast & Summary | Kpopmap - Kpop, Kdrama and Trend  Stories Coverage

ဒီဇာတ်လမ်းတွဲလေးကလည်း ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းတွဲလေး တစ်ခုပါပဲ။ ဇာတ်လမ်း အကျဉ်းလေးက တာတိုအပြေးသမား တစ်ဖြစ်လဲ Sport Agent Ki Sun-Gyeom နဲ့ ဇာတ်လမ်းတွဲတွေကို ဘာသာပြန်ပေးတဲ့ အလုပ် လုပ်ကိုင်သူ ကောင်မလေး Oh Mi-Jooတို့ တွေ့ဆုံရာကနေ ဇာတ်လမ်းစတင်ပါတယ်။ 

Oh Mi-Joo ဟာ Ki Sun-Gyeom နဲ့ တွေ့တဲ့အခါမှာ သူတို့နှစ်ယောက် တွေ့ဆုံဖို့ ကံကြမ္မာက စီစဉ်ပေးတယ်လို့ ခံစားခဲ့ရပါတယ်တဲ့။ ဒါဆိုရင် Ki Sun-Gyeom ဟာ သူမထင်သလို တစ်ကယ်ပဲ ကံကြမ္မာက စီစဉ်ပေးတဲ့ တွေ့ဆုံမှုပဲလား၊ သူတို့နှစ်ယောက် နီးစပ်ဖို့ ဘယ်လိုအခက်အခဲတွေကို ကျော်ဖြတ်ရမလဲ၊ စသဖြင့် စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းလေးကို JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်းစုစုပေါင်း (၁၆)ပိုင်းစာ ပါဝင်တယ်လို့ သိရပါတယ်။ 

၄။ Uncanny Counter 

Demon slayers in a K-Drama: 3 things to look forward to in Netflix's latest  addition 'The Uncanny Counter' | allkpop

ဒီဇာတ်လမ်းကတော့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကိုမှ ကြည့်ချင်သူတွေ ကြိုက်နှစ်သက်မယ့် ဇာတ်လမ်းတွဲလေး တစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါးတွေကို လိုက်လံနှိမ်နင်းနေတဲ့ Counter ဆိုတဲ့အဖွဲ့တစ်ဖွဲ့ဟာ သာမန်လူတွေနဲ့ မတူ၊ ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။ 

သူတို့က ခေါက်ဆွဲဆိုင်မှာ သာမန်လူသားအနေနဲ့ ရုပ်ဖျက်နေထိုင်ကြပြီး အဖွဲ့ဝင်တစ်ဦးစီမှာ ကွဲပြားတဲ့ စွမ်းရည် အသီးသီး ရှိကြပါတယ်။ ဒီအဖွဲ့ထဲက So Moon ဆိုတဲ့ အထက်တန်းကျောင်းသားလေးရဲ့ စွမ်းအားက အကြီးဆုံး ဖြစ်ပြီးတော့ ဒီကျောင်းသားလေးကို Counter အဖွဲ့ဝင်အဖြစ် ခက်ခက်ခဲခဲ ခေါ်ဆောင်လာရတာပါ။ 

ကလေးဘဝတုန်းက So Moon ဟာ သံသယဖြစ်ဖွယ် ကားတိုက်ခံရပြီး မိဘတွေဆုံးပါးကာ သူကိုယ်တိုင်ကလည်း ခြေတစ်ဖက်မသန်တော့တဲ့ ဒုက္ခိတတစ်ဦးအဖြစ် နေထိုင်ခဲ့ရပါတယ်။ 

Ga Mo-Tak ကတော့ ရဲအရာရှိဟောင်း တစ်ဦးပါ။ လွန်ခဲ့တဲ့ (၇)နှစ်က မတော်တဆမှုဖြစ်ပြီး မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားခဲ့သူ ဖြစ်ပါတယ်။ အဖွဲ့ရဲ့  ရိုးသားဖြောင့်မှန်တဲ့ သူပါတဲ့။ 

Do Ha-Na ကတော့ ကီလိုမီတာ ရာချီဝေးတဲ့ အကွာအဝေးကနေတောင် မကောင်းဆိုးဝါးရဲ့ ဝိဉာဉ်ကို အာရုံခံနိုင်တဲ့သူပါ။ လူတစ်ယောက်ကို ထိလိုက်တာနဲ့ ထိုသူရဲ့ မှတ်ဉာဏ်တွေကို သိရှိနိုင်တဲ့ စွမ်းအားပိုင်ရှင်ပါ။

In 'The Uncanny Counter' Chasing Evil Spirits Is Contract Work

Chu Mae-Ok ကတော့ ခေါက်ဆွဲဆိုင်ပိုင်ရှင်ပါ။ သူမကတော့ Counter အဖွဲ့ကြီးရဲ့ အမာခံတံတိုင်းကြီးဖြစ်ပြီး အဖွဲ့ဝင်တို့ရဲ့  စတည်းချရာ နေရာပါပဲ။

Choi Jang-Mool ကတော့ ကိုးရီးယားရဲ့ ပထမဆုံး Counter အဖွဲ့ဝင်ပါ။ သူကတော့ အဖွဲ့ရဲ့ ကုန်ကျစရိတ် အဝဝကို ကိုင်တွယ်ဖြေရှင်းရတဲ့သူ ဖြစ်ပါတယ်။

ဒီလိုမျိုး မတူညီတဲ့ စွမ်းရည်ပိုင်ရှင်တွေကို စုစည်းထားတဲ့ Counter အဖွဲ့ကြီးဟာ ဘယ်လိုတွေများ အတွဲညီညီနဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမယ့် ဇာတ်လမ်းတွဲလေး တစ်ခု ဖြစ်ပါတယ်။ 

ဒီဇာတ်လမ်းတွဲလေးကို OCN မှာ အပတ်စဉ်စနေနေနဲ့၊ တနင်္ဂနွေညတိုင်း စောင့်မျှော် ကြည့်ရှုနိုင်ပြီး အပိုင်း အနေနဲ့ (၁၆)ပိုင်း ပါဝင်မယ်လို့ သိရပါတယ်။ 

၅။ Vincenzo 

Vincenzo - Trailer Oficial | Netflix - YouTube

ဒီဇာတ်လမ်းလေးကလည်း ထူးထူးခြားခြားပါပဲ။ ဇာတ်လမ်းထဲမှာ ပါဝင်တဲ့ Main Actor Song Joon Ki ဟာ Song Hay Kyo နဲ့ တရားဝင် ကွာရှင်းပြတ်ဆဲပြီးနောက် ပထမဆုံး ပြန်လည်ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းသစ်တစ်ခု ဖြစ်ပါတယ်။ 

ဇာတ်လမ်းလေးကတော့ Park Joo Hyeong ဆိုတဲ့ ကောင်လေးဟာ (၈)နှစ်သားအရွယ်ကတည်းက မွေးစားခံရပြီး အီတလီကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အရွယ်ရောက်တဲ့အခါ Vincenzo ဆိုတဲ့ နာမည်နဲ့ ရှေ့နေ့တစ်ဦး ဖြစ်လာခဲ့ပါတယ်။ 

ဒီလိုနဲ့ Vincenzo ဆိုတဲ့ ရှေ့နေလေးဟာ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုအတွက် ရှေ့နေ့လိုက်ပေးရတဲ့ အချိန်ကို ရောက်လာပါတယ်။ ဒီလိုရှေ့နေလိုက်ပေးရာကနေ လူဆိုးတွေရဲ့ ရန်ပွဲကြား ညှပ်သွားခဲ့ပြီးနောက် သူတို့ကို ရှောင်တိမ်းဖို့ ကိုရီးယားနိုင်ငံကို ရောက်ရှိလာပါတော့တယ်။ 

Vincenzo” Screenwriter And Director Praise Song Joong Ki, Jeon Yeo Bin, And  2PM's Taecyeon | Soompi

ကိုရီးယားရောက်တဲ့အခါ အမှုစစ်တစ်ဦးဖြစ်တဲ့ Hong Cha Yaung (Jeon Yeo Bin) နဲ့ အမှတ်မထင် တွေ့ဆုံရာကနေ ချစ်ခြင်း၊ မုန်းခြင်းနဲ့ ရသစုံလင်တဲ့ ကိုရီးယားဒရမ်မာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တည်လာပါတော့တယ်။ 

ဒီတော့ ရှောင်တိမ်းလာတဲ့ အီတလီက ရှေ့နေလေးနဲ့ ကိုရီးယားသူ အမှုစစ်မလေးတို့ ဘယ်လိုတွေရှေ့ဆက်ပြီး ဘယ်လောက်တောင် Ro ကြမလဲဆိုတာကို ဇာတ်လမ်း စတင် ထုတ်လွှင့်တဲ့အခါ ဆက်လက်စောင့်မျှော် ကြည့်ရှုနိုင်ပါတယ်နော်။ 

ဒီဇာတ်လမ်းလေးကိုတော့ TvN ကနေ အပတ်စဉ် စနေနဲ့ တနင်္ဂနွေတိုင်းမှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး အပိုင်း စုစုပေါင်း (၁၆)ပိုင်း ပါဝင်တယ်လို့ သိရပါတယ်။ 

⇐ Previous Next

Read 4782 times