Food & Drink

ငွေ ၂ ထောင်ကျပ်နဲ့ Item (၅) မျိုးပါ Breakfast/Dinner Set ရတဲ့ ဆိုင်

K Team Breakfast

အစစအရာရာ စျေးတက်နေတဲ့ အချိန်မှာ ငွေနှစ်ထောင်ကျပ်တည်းနဲ့ မနက်စာကို ဖွယ်ဖွယ်ရာရာလေး စားနိုင်မယ့် ဆိုင်တစ်ဆိုင် တွေ့ရှိထားပါတယ်။ မနက်စာအပြင် ညစာကိုပါ ငွေနှစ်ထောင်ကျပ် ရှိရုံနဲ့ အရသာရှိရှိ စားနိုင်မယ့် ဆိုင်လေးပါ။ ဒီလိုဆိုင်မျိုးတွေက အခုခေတ်မှာ ရွှေထက်ကို ရှားနေပြီဆိုတော့ တွေ့ထားတုန်းလေး အစားတလိုင်းလေးတွေအတွက် မျှဝေပေးလိုက်ပါတယ်။  

စျေးတန်တဲ့ ဆိုင်လေးဆိုပေမဲ့ သူ့ဆိုင်က ဆိုင်ခန်းလေးနဲ့ သပ်သပ်ရပ်ရပ် ရှိတဲ့ အဖြူရောင်ဆိုင် လှလှလေးပါ။ ပန်းချီကားလေးတွေ၊ စားပွဲဝိုင်းလေးတွေကအစ သန့်သန့်ရှင်းရှင်းနဲ့ သေချာပြင်ဆင်ထားတာကို မြင်ရပါတယ်။ 

သူ့ဆိုင်မှာ အဓိကက မနက်စာနဲ့ ညစာ Set တွေကို စျေးတန်တန်နဲ့ ရပါတယ်။ 

မနက်စာမှာဆို 

၁။ ပင်စိမ်းထမင်းကြော်

၂။ ခေါက်ဆွဲဆီချက်

၃။ ကြက်ခရုဆီ

၄။ သီးရွက်စုံကြော်

၅။ Juice စတဲ့ Item ၅ မျိုး အစုံပါတဲ့ Set ကို ၂,၀၀၀ ကျပ်နဲ့ သုံးဆောင်နိုင်ပါတယ်။ (တစ်ရက်နဲ့တစ်ရက် မီနူး မတူပါ။)

မနက်စာ အစုံ Set အလိုက် မစားချင်တဲ့သူတွေအတွက် တစ်ပွဲသီးသန့်လေးတွေလည်း စားသုံးနိုင်ဖို့ စီစဉ်ထားပါတယ်။

ထမင်းကြော်+ကြက်ခရုဆီ = ၁၅,၀၀ ကျပ်

ထမင်းကြော်+ကြက်ဥ = ၁၅,၀၀ ကျပ်

ခေါက်ဆွဲဆီချက်+ ကြက်ခရုဆီ = ၁,၅၀၀ ကျပ်

မုန့်ဟင်းခါး (ပဲကြော်)   = ၁,၃၀၀ ကျပ်

Sandwich (Egg)  = ၁,၃၀၀ ကျပ်

Sandwich (Tuna)  = ၁,၅၀၀ ကျပ်

နှပ်ကော်ဖီ  = ၁,၀၀၀ ကျပ်

နှပ်လက်ဖက်ရည်  = ၁,၀၀၀ ကျပ်တို့ ဖြစ်ပါတယ်။ မနက်စာအချိန်ကို မနက် (၆) နာရီခွဲကနေ (၁၀) နာရီခွဲအထိ သတ်မှတ်ထားပါတယ်။ 

ညစာ Set မှာဆို 

၁။ ကြက်မှိုငရုတ်ပွ

၂။ ခရမ်းချဉ်သီးသုပ်

၃။ ဟင်းနုနွယ်ရွက်ကြော်

၄။ ချဥ်စပ်ဟင်းချို

၅။ ထမင်းဖြူ တို့ပါဝင်ပါတယ်။ (တစ်ရက်နဲ့တစ်ရက် မီနူး မတူပါ။)

စျေးနှုန်းကတော့ တစ် Set ကို ၂,၀၀၀ ကျပ်ပါပဲ။ ညစာအချိန်ကတော့ ညနေ ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ ဖြစ်ပါတယ်။ 

မနက်စာရော ညစာပါ တစ်ရက်နဲ့ တစ်ရက် မီနူးတွေ မတူပါဘူး။ တစ်ရက်စာလုပ်တဲ့ မီနူးတွေကို K Team Breakfast ရဲ့ Facebook Page မှာ အမြဲ တင်ပေးထားပါတယ်။ နောက်ပြီး အလေအလွင့် မရှိအောင် အကန့်အသတ်နဲ့ ချက်ပြုတ်ထားတာဖြစ်တဲ့အတွက် မသွားခင် ဖုန်းလေးကြိုဆက်ပြီးမှ သွားတာ ပိုကောင်းပါတယ်။ 

ဒါတွေအပြင် နေ့လည် (၁၁) နာရီကနေ ည (၈) နာရီအထိ တစ်ပွဲချင်းရောင်းတဲ့ မီနူးတွေကတော့ ပုံပါအတိုင်းဖြစ်ပါတယ်။ 

သန့်ရှင်းသပ်ရပ်ပြီး စျေးတန်တဲ့ မီနူးတွေကို စားသုံးချင်တယ်ဆိုရင်တော့ -

လိပ်စာ - အမှတ် (၆၉)၊ စမ်းချောင်းလမ်းနှင့် အရှေ့ကုန်းလမ်းထောင့်၊ စမ်းချောင်းမြိုနယ်။

ဖုန်း - 09 967398348

FB - K Team Breakfast

⇐ Previous Next

Read 906 times