Food & Drink

ကိုရီးယား ကင်ချီထမင်းသုပ်ကို အိမ်မှာ လွယ်လွယ်ကူကူ လုပ်စားကြမယ်

Let's make Korea Bibimbap easily

ကိုရီးယား အစားအစာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ကိုရီယား ကင်ချီထမင်းသုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

Koreanကင်ချီ - ၁ထုပ်
Koreanငရုတ်ဆော့ - ၁ဘူး
မုန့်ညှင်းရွက် - ၁စည်း
သခွားသီး - အနည်းငယ်
ခါကြက်ဥ(မုန်လာဥနီ) - အနည်းငယ်
မှို - အနည်းငယ်
ငရုတ်သီးစိမ်း - အနည်းငယ်
နှမ်း - အနည်းငယ်
ဟင်းချိုမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
ကြက်သွန်မြိတ် - ၁စည်း

ပြုလုပ်နည်း

မုန့်ညင်းရွက် ၁စည်းကို အရင်ပြုတ်ထားရပါမယ် ။ မုန်ညင်းပြုတ်နေတုန်း ကြက်သွန်မြိတ် ၁စည်းကိုလှီးထားပါ ။ သခွားသီးနဲ့ ခါကြက်ဥကို အချောင်းရှည်ရှည် မထူမပါးလေး လှီးပါ ။ မှိုကိုရေဆေးပြီး အဆင်သင့်ပြင်ထားရင် ပါဝင်ပစ္စည်းတွေ ပြီးပါပြီ။

မှိုကို ဆီနည်းနည်းလေး ထည့်ပြီး မှိုဖတ်တွေ လိပ်သွားတဲ့အထိ ကြော်ပေးပါ ။ (ဆား ၊ ဟင်းချိုမှုန့်အနည်းငယ်ထည့်ကြော်ပါ)

ခါကြက်ဥကိုလည်း ဆီနည်းနည်းလေးနဲ့ နွမ်းသွားတဲ့အထိ ကြော်ပါ။

ထမင်း (၃ယောက်စာ) ကို ပန်းကန်လုံး အဝိုင်းထဲထည့်ထားပါ။ (စီးတဲ့ဆန်ဆို ပိုကောင်းပါတယ်)

ကင်ချီ၊ ငရုတ်ဆော့၊ ပဲငံပြာရည်နဲ့ ကြာညို့ (အရည်ကျဲ) တို့ကို ပြင်ထားပါ ။

ထမင်းထဲသို့ ပဲငံပြာရည်နဲ့ ကြာညို့ (အရည်ကျဲ) ကို အရင်ထည့်ပါမယ်၊ ပြီးရင် ငရုတ်ဆော့စ် (၄)ဇွန်းထည့်ပါ ။ ဟင်းချိုမှုန့် အနဲငယ်ထည့်ပါ ။ ပြီးရင် ဘေးပတ်ပတ်လည်မှာ ထမင်းစားဇွန်းနဲ့ ကင်ချီ (၄)ဇွန်း ထည့်ပါမယ်။ ခုနက ကြော်ထားတဲ့ (မှိုနဲ့ခါကြက်ဥကိုထည့်ပါ) ။ မုန့်ညင်းပြုတ်ကို ထည့်ပါ ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ထည့်ပါ ။ ကြက်သွန်မြိတ် ထည့်ပါ ။ သခွားသီး လှီးထားတာတွေ ထည့်ပါ ။ နှမ်းအနည်းငယ် ဖြူးပါ ။

အကုန်လုံး ပြင်ဆင်ပီးရင် သေချာလေးနှယ်ပေးပါ ။ ပြီးရင်တော့ အရသာရှိလှတဲ့ "Koreanကင်ချီထမင်းသုပ်"လေးကို သုံးဆောင်လို့ ရပါပြီနော်..

By Aung Myo Hein

Next

Read 2272 times