Technology

ကိုယ်ပိုင် CPU တွေကို စတင်သုံးလာတယ့် MacBook Air နဲ့ MacBook Pro

MacBook Air and MacBook Pro with their own CPUs

Apple ကသူရဲ့ MacBook အသစ်တွေကိုကြေညာလိုက်ပါတယ်။ ဒါ့အပြင် အရင်ကလို Intel CPU တွေကိုမသုံးပဲ ကိုယ်ပိုင် M1 Processor တွေကိုသုံးလာပါတယ်။ အခု ဒီ M1 Chip က CPU သီးသန့်မဟုတ်ပဲ ဖုန်းတွေ Tablet တွေမှာလိုမျိုး Processor ( CPU, GPU, Neural Engine), I/O, Security နဲ့ Memory စတာတွေကို Chip တစ်ခုတည်းပေါ်မှာတစ်စုတစည်းထဲ တည်ဆောက်ထားတဲ့ System on a Chip (SoC) ပဲဖြစ်ပါတယ်။

 ဒီ M1 Chip ဟာ Apple ပြုလုပ်ဖူးသမျှ Chip တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး  ပထမဆုံး Cutting Edge နည်းပညာသုံးထားတဲ့ 5 nm Chipဖြစ်တဲ့အပြင် Single chip တစ်ခုထဲမှာတင် 16 Billion transistors ထည့်ပေးထားပါတယ်။အရင်ထက် 4 ဆစွမ်းဆောင်ရည်ပိုကောင်းပြီး image Pocessing မှာ 7 ဆ ပိုမြန်လာမှာဖြစ်ပါတယ် ။ 8 Cores ပါဝင်တာကြောင့် 2X ပိုမြန်ပြီး ပါဝါစားသုံးမှုမှာ 10 W ပဲရှိတဲ့အတွက် အခြား Laptop chipထွေထက် 40% လောက် ပိုပြီး Battery ခံမှာဖြစ်ပါတယ်။Gpu ပိုင်းမှာဆိုရင် Onpaper အရ လက်ရှိ ထွက်ခဲ့ပြီးတဲ့ integrated onboard Graphic တွေထဲမှာ အမြန်ဆုံးနဲ့ ပါဝါစားသုံးမှု အသက်သာဆုံးလို့ဆိုထားပါတယ်။ပါဝင်တဲ့ 8 Cores Gpu က 25,000 threads အထိ ရုန်းနိုင်တယ်လို့ဆိုထားပါတယ်။ 

 

MacBook Air

တစ်ခုရှိတာက အပူပြဿနာဖြစ်ပြီး  MacBook Air မှာ Fan ပါဝင်လာမှာမဟုတ်ပဲနဲ့ MacBook Pro မှာပဲ Fan ပါလာမယ်ဆိုပြီး သတင်းတွေထွက်နေပါတယ်။ဒါပေမယ့် MacBook Air ဟာ Apple ရဲ့ အရောင်းရဆုံး Macbook ဖြစ်ပြီး ကမ္ဘာ့အရောင်းရဆုံး 13-inch laptop  တစ်လုံးလည်းဖြစ်ပါတယ်။ အရင်က Macbook Air generation ထက် CPU performance (၃.၅) ဆ, GPU performance (၅) ဆ, Neural Engine performance (၉) ဆ, SSD performance (၂) ဆ ပိုမြန်မှာဖြစ်ပြီး အခုလက်ရှိ Best Selling ဖြစ်နေတဲ့ Laptop တွေထက်ကို Performance အားဖြင့် (၃) ဆ ပိုသာတယ်လို့လည်း ပြောသွားပါတယ်။ စျေးနှုန်းအနေနဲ့က $999 ကျသင့်မှာပါ။ 

 

13-inch MacBook Pro 

နောက်ဆုံးအနေနဲ့ Pro တွေအတွက် Pro ဆန်ဆန်သုံးဖို့ MacBook Pro ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။အခုဒီ M1 SoC သုံးထားတဲ့ MacBook Pro ကတော့ 13” MacBook ဖြစ်ပြီး အရင်က MacBook pro generation ထက် CPU performance (၂.၈) ဆ၊ GPU performance (၅) ဆ၊ Neural Engine performance (၁၁) ဆ ပိုမြန်မယ်လို့ဆိုပါတယ်။ SoC ကို Efficiency ကောင်းကောင်း Run နိုင်ဖို့အတွက် Active Cooling System Fan ကိုလည်းသေချာ Design လုပ်ပေးထားပါတယ်။ 

WebCam ပိုင်းကိုလည်း Improve လုပ်ထားတဲ့အပြင် Studio Quality Microphone တွေကိုလည်း ထည့်ပေးထားပါတယ်။ Battery Performance တွေအနေနဲ့ Wifi Web browsing သုံးမယ်ဆိုရင် (၁၇) နာရီ၊Video ကြည့်ရင် နာရီ (၂၀) အထိရမှာဖြစ်ပြီးတော့ Pro line up ထဲမှာ Battery အခံဆုံးလို့လည်းဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့  1299$ နဲ့ရရှိနိုင်မှာဖြစ်ပါတယ်။

Macbook နှစ်မျိုးစလုံးကို Ram (8 နဲ့ 16) version တွေသာရရှိနိုင်မှာဖြစ်ပြီး ထပ်တိုးလို့ရမှာမဟုတ်ပါဘူး။ အခုမိတ်ဆက်သွားတဲ့ Mac Model အသစ်သုံးမျိုးက လာမယ့် November 17 မှာ  စပြီးဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

 

⇐ Previous Next

Read 1678 times