တစ်ဦးချင်းဝယ်ယူသူတွေကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးမဲ့ မဟာစာပေရဲ့ စာအုပ်ဈေးရောင်းပွဲ။
မဟာစာပေရဲ့ စာအုပ်ဈေးရောင်းပွဲမှာ မြသန်းတင့်၊ အောင်သင်း၊ ကျော်အောင်၊ အကြည်တော်၊ ဝင်းငြိမ်း၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ရဲသျှမ်း၊ ဟိန်းလတ် တို့လို စာပေသမ္ဘာရင့် စာရေးဆရာကြီးများရဲ့ စာအုပ်များနဲ့တကွ ယနေ့ခေတ်ကာလမှာ အောင်မြင်ကျော်ကြားလူကြိုက်များနေတဲ့ သုတ-ရသ စာအုပ်တွေကို Online ကနေ (1.12.2025)ရက်မှ (5.12.2025) ရက်အထိ မဟာစာပေ Facebook Page https://www.facebook.com/maharsarpaypublishing ကနေ ဝယ်ယူနိုင်မှာပါ။
၃၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးမဲ့ စာအုပ်အမျိုးအစားက ၈၀ ကျော်ဖြစ်ပြီး ဝယ်ယူနိုင်မဲ့ စာအုပ်စာရင်းနှင့် ဈေးနှုန်းများကိုတော့ https://www.facebook.com/maharsarpaypublishing/posts/pfbid02Rz23kVsSBRnkEBZKSLJuqT9vA6nkjZq4oQjL3XJqD8TfVbJ67FnhZeTyKwB6J6RPl မှာကြည့်ရှုနိုင်ပါတယ်။
စာပေချစ်သူတို့အတွက် ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်မဲ့ အမိုက်စား စာအုပ်ဈေးရောင်းပွဲလေးကို MY Yangon ကနေ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ တန်မှတန်တဲ့ လျှော့ဈေးနဲ့ဆိုတော့ စာအုပ်တွေ ပိုမို ဝယ်ယူနိုင်ပါပြီနော် …

Read 59 times