Entertainment

ဆောင်းဝင်းလတ် Art Show

Saung Win Latt Art Show

အမျိုးသားစာပေဆုရှင် နာမည်ကျော်စာရေးဆရာ ဆောင်းဝင်းလတ်ရဲ့ ပန်းချီပြပွဲကို ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ သုံးရက်တိုင်၊ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ၊ အမှတ် (၄၃၆ - ပထမထပ်) ကုန်သည်လမ်းနှင့်သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ (ဘိုကလေးဈေးမှတ်တိုင်အနီး) ရှိ The Emperor Art Gallery မှာ ကျင်းပပြုလုပ်သွားပါမယ်။

 

‘ဆောင်းဝင်းလတ် Art Show’ လို့ အမည်ပေးထားတဲ့ ဒီပန်းချီပြပွဲနဲ့ ပတ်သက်ပြီး ဆရာဆောင်းဝင်းလတ်က “ကျွန်တော်ရဲ့မွေးလ ဒီဇင်ဘာအမှတ်တရအဖြစ် ကျွန်တော့်ပန်းချီကားလေးတွေကို ရှိ The Emperor Art Gallery မှာ ပြသမှာမို့ ကြွရောက်ချီးမြှင့်အားပေးကြဖို့ အနီး အဝေး မရွေး အစဉ်ချစ်ခင်ရသူ အားလုံးကို လေးစားစွာ ဖိတ်ကြားအပ်ပါတယ်” လို့ ဆိုပါတယ်။

 

ဒီတစ်ပတ် ပိတ်ရက်မှာ ပန်းချီကားတွေ ကြည့်ရှုပြီး စိတ်အပန်းဖြေဖို့အတွက် ပန်းချီပြပွဲသတင်းတစ်ခုကို MY Yangon က မျှဝေပေးလိုက်ပါပြီနော် … အေးချမ်းတဲ့ ဒီဇင်ဘာလရဲ့ ပိတ်ရက်တွေကို အနုပညာနဲ့ ဖြတ်သန်းရင် အင်မတန်မှ လိုက်ဖက်ညီနေမှာပဲ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

 

Event Details

နေ့ရက် - ပန်းချီပြပွဲကို ၂၀၂၅ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ သုံးရက်တိုင်၊

အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ၊

နေရာ - The Emperor Art Gallery , အမှတ် (၄၃၆ - ပထမထပ်) ကုန်သည်လမ်းနှင့်သိမ်ဖြူလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ (ဘိုကလေးဈေးမှတ်တိုင်အနီး)

 

Saung Win Latt Art Show

⇐ Previous

Read 73 times