Entertainment

မင်္ဂလာရုပ်ရှင်ရုံများတွင် (၂၈.၁၁.၂၀၂၅) မှ (၄.၁၂.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများ

Mingalar Cinemas This Week's Movie Lineup (Nov 28 - Dec 4, 2025)

ဒီတစ်ပတ် မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံများမှာ ‘ပန်ဒိုရာ’ ၊ ‘မြို့ပြထဲကလမ်းမများ’ မြန်မာကားသစ် ၂ ကား နဲ့အတူ နိုင်ငံခြားကားသစ်များ ရုံဝင်ပြီး လူကြိုက်များသော ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ပြသလျက်ရှိပါတယ်။

‘ပန်ဒိုရာ’ဇာတ်ကားက Traditional Horror အမျိုးအစားကိုမှ မတူညီတဲ့ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Bo Bo Film Production က ထုတ်လုပ်ပြီး ဒါရိုက်တာက ဒီဒီထက်အောင်ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် အကယ်ဒမီနေဝင်း၊ မင်းဘုန်းမြတ်၊ ရဲလွင်ဦး၊ အကယ်ဒမီမေမြင့်မိုရ်၊ ခြူးစစ်ဟန်၊ ဆုထက်လှိုင်၊ ဇော်ဝင်းနိုင်(မန်း) တို့ ပါဝင်ပါတယ်။

 The films showing at Mingalar Cinemas

‘မြို့ပြထဲကလမ်းမများ’က ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားမျိုးမှ သဘောကျသူတွေ အတွက်ပါပဲ။  ဒီဇာတ်ကားကို HUNK Film Production မှ ထုတ်လုပ်ပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ယုန်လေးဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် ယုန်လေး၊ တိုင်ရွန်၊ ထက်ထက်ထွန်း၊ ရွှန်း၊ JJ၊ အောင်လေး၊ ရာဝန၊ စစ်နိုင်၊ ဘိုချမ်း၊ ဝင်းထွဋ်ဝင်း၊ ဥက္ကာကျော်၊ ဇေထူး၊ ရဲမင်းနောင်၊ လပြည့်၊ BENJAMIN၊ ခန့်ကျော်၊ BWAR BWAR၊ ကောင်းမင်းသန့်၊ BLACK-Z STUNTS နှင့် သရုပ်ဆောင်များစွာပါဝင်ပြီး အထူးဧည့်သည်သရုပ်ဆောင်များက ထူးအယ်လင်းနဲ့ မိုးသဒ္ဒါ ဖြစ်ပါတယ်။

 The films showing at Mingalar Cinemas

မင်္ဂလာရုပ်ရှင်ရုံများတွင် (၂၈.၁၁.၂၀၂၅) မှ (၄.၁၂.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -

ပန်ဒိုရာ  

မြို့ပြထဲကလမ်းမများ

ငြိ

ရာသက်ပန်ငါ့ကောင်မလေး

နတ်ဝင်သည်

ပြန်မပြောရ

SISU

DeDePyaarDe2

Tere Ishk Mein

MY BOO 2 တို့ ဖြစ်ပါတယ်။

 The films showing at Mingalar Cinemas

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

 

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

⇐ Previous

Read 15 times