Technology

ဒေါ်လာ (၅၀၀၀၀)အထိ ဆုကြေးပေးသွားမယ့် MoCOM E-Commerce

MoCOM E-Commerce with up to $ 50,000 in rewards

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် (UNDP Myanmar) ၏ ကူညီထောက်ပံ့မှုဖြင့် ပထမဦးဆုံးသော E-Commerce Innovation Challenge ကို စတင်လုပ်ဆောင်တော့မည်ဖြစ်သည်။MoCOM E-Commerce Innovation Challenge ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကာ COVID-19 ကြောင့်ထိခိုက်နှစ်နာမှုဖြစ်နေသော အသေးစားနှင့် အလတ်စား စီးပွားရေးများကို လျင်မြန်စွာကုစားရန်ဖြစ်သည်။ 

ဤစိန်ခေါ်ပွဲတွင် ပထမပိုင်းကို (က) COVID-19 သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး၊  (ခ) အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများကို  အရှိန်အဟုန်မြှင့်၍ ပံ့ပိုးကူညီနိုင်ရေး (ထို့အပြင် တရားဝင်တည်ထောင်နိုင်စေရေး) ၊ ဒုတိယပိုင်း ကို (က) E-Commerce လုပ်ငန်းကဏ္ဍနယ်ပယ်တွင်းမှ အမျိုးသမီးများ ၊ (ခ) စားသုံးသူအခွင့်အရေးနှင့် အွန်လိုင်းမူပိုင်ခွင့် ဟူသော ခေါင်းစဉ်များအောက်တွင်လည်းကောင်း ပြုလုပ်သွားမည်ဖြစ်သည်။ 

သည်စိန်ခေါ်ပွဲများ ပြုလုပ်ခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါကြီးကို တွန်းလှန်ရာမှာ ဒီဂျစ်တယ်နည်းလမ်းများ အသုံးချမှုကို မြှင့်တင်နိုင်ရန်၊ စီးပွားရေးထိခိုက်မှုများကို လျင်မြန်စွာ ကုစားနိုင်စေရန်၊ အရည်အချင်းရှိသော လူငယ်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ တီထွင်ဆန်းသစ်မှုများကို အားပေးနိုင်ရန် ရည်ရွယ်တယ်လို့သိရပါတယ်။ဆုကြေးငွေစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၀၀၀၀) ဖြစ်ပြီး အနိုင်ရရှိမည့်သူများကို ပေးအပ်သွားမည်ဖြစ်သည်။

ပထမအပိုင်းအတွက် (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ စတင်စာရင်းပေးသွင်း နိုင်မည်ဖြစ်ကာ ဒုတိယပိုင်းအတွက် (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့မှ စတင် စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။စိန်ခေါ်ပွဲမှာပါဝင်ယှဉ်ပြိုင်သူဟာမူပိုင်ခွင့်နှင့် ပရောဂျက်ပိုင်ဆိုင်ခွင့်တို့ ရရှိမှာဖြစ်ပြီး ပရောဂျက်များကို သက်ဆိုင်ရာနယ်ပယ်အတွင်းရှိသူများရဲ့အထောက်အပံ့ဖြင့်အကောင်အထည်ဖော်သွားနိုင်မှာဖြစ်ပါယ်။ ဒါ‌ကြောင့် မိမိရဲ့စီးပွားရေးလုပ်ငန်းကို ဆန်းသစ်တီထွင်မှုပြုလုပ်ရန် E-Commerce စိန်ခေါ်ပွဲများတွင် ဝင်ရောက်ဆင်နွှဲနိုင်ပါတယ်။

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနှင့် UNDP တို့ ပူးပေါင်း၍ (၂၀၂၀) ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်မှ စတင်၍ E-Commerce စိန်ခေါ်ပွဲများကို စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး စိန်ခေါ်ပွဲတွင် ပါဝင်လိုသူများအနေဖြင့် အသေးစိတ်သတင်း အချက်အလက်များကို (https://www.connectthedot.com.mm/) ၀က်ဘ်ဆိုဒ်တွင်  ဝင်ရောက်လေ့လာနိုင်ပါသည်။

 

⇐ Previous Next

Read 2803 times