Entertainment

Disney ကနေဘာ Live Action တွေထပ်ထွက်လာဦးမလဲ

More Live Action From Disney

Disney ဟာသူ့ရဲ့ Animation တွေကောင်းသလောက် Live Action ပြန်ရိုက်တဲ့အခါမှာ အတော်လေးဝေဖန်ခံရပါတယ်။ဝေဖန်ခံရတယ်ဆိုတာ Live Action ကမကောင်းလို့မဟုတ်ပဲ Animation တွေကကောင်းလွန်းနေလို့ဖြစ်မယ်လို့ တွေးမိပါတယ်။ဒါပေမယ့် မကြာသေးခင်ကပဲ 101 Dalmatians ဇာတ်လမ်းရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Cruella ကို Live-Action ရုပ်ရှင်အဖြစ် ထုတ်လုပ်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဝေဖန်ရေးဆရာတွေတောင်ချီးကျုုးထားပါတယ်။

(1) Peter Pan & Wendy

Disney ဟာ Peter Pan နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေကို အရင်တုန်းကလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ ဒီတစ်ခါမှာတော့ J.M. Barrie ရဲ့ ဝတ္ထုကို အခြေခံပြီး ပြန်လည်ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ David Lowery က ၂၀၂၁ နှစ်ဝက်လောက်မှာ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်ပါတယ်။ Alexander Molony ကတော့ Peter နေရာမှာ ပါဝင်လာမှာ ဖြစ်ပြီး Ever Anderson ကတော့ Wendy အနေနဲ့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကလည်း Disney+ ကနေ ပြသသွားမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

(2) Lion King Prequel

Lion King ရဲ့ Live Action ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Disney Investors Day မှာတော့ prequel ထပ်မံ ထွက်လာဦးမယ်လို့ ကြေညာခဲ့ပါတယ်။ ပထမရုပ်ရှင်ကိုတော့ Jon Favreau က ရိုက်ကူးခဲ့ပြီး prequel ရုပ်ရှင်ကိုတော့ Barry Jenkins က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဇာတ်လမ်းအကျဉ်းနဲ့ ပါဝင်လာမယ့် သရုပ်ဆောင်တွေကို မသိရသေးသလို ဘယ်အချိန်မှာ ထွက်ရှိလာမလည်း ဆိုတာကိုလည်း မသိရသေးပါဘူး။

(3) Snow White

နာမည်ကျော်ဇာတ်ကောင် Snow White နဲ့ ပတ်သက်ပြီး Snow White and the Huntsman နဲ့ The Huntsman: Winter’s War ရုပ်ရှင်တို့ ထွက်ရှိခဲ့ပြီး ဖြစ်ကာ အဲ့ဒီနှစ်ကားလုံးဟာ Brothers Grimm ရဲ့ ဇာတ်လမ်းကို အခြေခံထားတာ ဖြစ်ပါတယ်။ယခုအသစ်ထွက်ရှိလာမယ့် Snow White ကတော့ ၁၉၃၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Snow White ကားကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ဟာလည်း ကိုဗစ်ကြောင့် နှောင့်နှေးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး အခုချိန်ထိ ထွက်ရှိလာမယ့် ရက်ကို မသိရသေးပါဘူး။ ဒီရုပ်ရှင်ကိုတော့ The Amazing Spider-Man ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Marc Webb က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

(4) Pinocchio

ဒီဇာတ်လမ်းကို Live Action အနေနဲ့ ဖန်တီးသွားမယ်ဆိုတာကိုတော့ ၂၀၁၅ ခုနှစ်ကတည်းက ကြေညာခဲ့တာ ဖြစ်ပြီး အကြောင်းအမျိူးမျိူးကြောင့် ကြန့်ကြာနေခဲ့ပါတယ်။ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးသွားမှာ ဖြစ်ပြီး Chris Weitz က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်ပါတယ်။ Tom Hanks ကတော့ Geppetto အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး Benjamin Evan Ainsworth ကတော့ Pinocchio အနေနဲ့ ပါဝင်လာမှာပါ။ ဒါ့အပြင် Luke Evans ၊ Joseph Gordon-Levitt နဲ့ Keegan-Michael Key တို့လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

 

 

⇐ Previous Next

Read 1235 times