Entertainment

Netflix မှာ လက်ရှိပြသနေတဲ့ Ongoing K-drama Series များ

Ongoing K-drama Series on Netflix

Netflix မှာ လက်ရှိပြသလျက်ရှိတဲ့ Ongoing K-drama ဇာတ်ကားကောင်းတွေထဲက ကြည့်ရှုသူနှုန်းမြင့်တက်နေပြီး လူငယ်တွေ အကြိုက်တွေ့နေတဲ့ Series တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့ပြင် 2022 နောက်ပိုင်း 2023 မှာ Netflix က တင်ဆက်ပေးသွားဖို့ရှိတဲ့ ထူးခြားပြောင်မြောက်တဲ့ K-drama Series တွေကိုပါ တစ်ဆက်တည်း ပြောပြပေးသွားပါမယ်။

Alchemy of Souls (2022)

Alchemy of Souls ကို စနေ၊ တနင်္ဂနွေ ပိတ်ရက်နှစ်ရက်မှာ ထုတ်လွှင့်ပြသနေဆဲဖြစ်ပါတယ်။ စုစုပေါင်းအပိုင်း (၂၀) ပါဝင်ပြီး အပိုင်း (၁၆) ထိ ထွက်ရှိထားပါတယ်။

ဒီဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီး သရုပ်ဆောင်တွေနဲ့တင် ဇာတ်ကားလေးကို ကြည့်ရတာ တန်နေပါပြီ။ ဝိညာဉ်တွေနဲ့ ပတ်သတ်ဆက်နွယ်နေတဲ့ ဇာတ်လမ်းလေးဖြစ်လို့ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Café Minamdang (2022)

ဒီဇာတ်ကားလေးကတော့ အပိုင်း (၁၈) ထိပါဝင်တဲ့ ပဟေဋ္ဌိဆန်ဆန် ဟာသကားလေး ဖြစ်ပါတယ်။ လက်ရှိမှာတော့ အပိုင်း (၁၄) ထိ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။

ဇာတ်လမ်းလေးက ဗေဒင်ဟော ကဖေးဖွင့်ထားပြီး တကယ်မတတ်ဘဲ ငွေရဖို့သက်သက် ဗေဒင်ဟောစားတဲ့ လူလိမ်နဲ့ စုံထောက်မလေးတို့ ဘယ်လိုစုံစည်းကြမလဲ၊ သူတို့နှစ်ဦး အတိတ်မှာရော ဘာတွေဖြစ်ခဲ့လဲ၊ မျဉ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတဲ့ သူတို့နှစ်ဦး နောက်ဆုံးမှာ ပေါင်းဖက်နိုင်ပါ့မလား ဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ဟာသရော ရိုမန့်ရောပါလို့ တကယ်ကြည့်ကောင်းပါတယ်။

Big Mouth (2022)

Big Mouth ဆိုတဲ့ ကားလေးက ဇူလိုင် (၂၉) လောက်ကမှ စတင်ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းအပိုင်း (၁၆) ပိုင်းထိပါဝင်ပြီး လက်ရှိ အပိုင်း (၆) ပိုင်းထွက်ရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားဖြစ်သူ ရှေ့နေ့တစ်ယောက်ဖြစ်ဖို့ အစစအရာရာပံ့ပိုးပေးခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အားထုတ်မှု၊ လက်တွဲဖော်ကို ပြန်ပေးဆပ်ချင်တဲ့ ရှေ့နေအမျိုးသားတစ်ယောက်ရဲ့ မျှော်လင့်ချက်၊ ထိုမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တဲ့ နိုင်ငံကျော်အမှုတွဲတစ်ခု၊ ထိုအမှုတွဲမှာ ပါဝင်ပတ်သတ်ခဲ့ပါတယ်လို့ စွပ်စွဲခံရတဲ့အခါ တစ်လောကလုံးကို နှစ်ယောက်ထဲနဲ့ ရင်ဆိုင်တိုက်ခိုက်သွားရမယ့် လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

Money Heist (2022)

စပိန်နာမည်ကြီး ဘဏ်ဓါးမြတိုက်ကား Money Heist ဇာတ်ကားကို Remake ပြန်လုပ်ထားတဲ့ Korea Version လေးပါ။

ဇာတ်လမ်းကျောရိုးကတော့ ပရောက်ဖက်ဆာနာမည်ခံ လူတစ်ဦးက ကိုးရီးယားနိုင်ငံရဲ့ ပိုက်ဆံထုတ်တဲ့နေရာတစ်ခုကို ဝင်စီးဖို့ နယ်ပယ်တစ်ခုစီမှာ ကျွမ်းကျင်တဲ့ လူ (၈) ယောက်စုစည်းပြီး အချီကြီးဓါးမြတိုက်ကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

ကာရိုက်တာ တစ်ယောက်ချင်းလိုက် ဘာတွေထူးခြားသွားမလဲ၊  ဘယ်လို သည်းထိတ်ရင်ဖို ရိုက်ကွက်တွေ ပါဝင်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးက စုစုပေါင်း အပိုင်း (၁၂) ပိုင်းထိ ပါဝင်ပြီး (၆) ပိုင်းထိ ထွက်ရှိထားပါတယ်။

Poong, The Joseon Psychiatrist (2022)

ဒီဇာတ်လမ်းလေးကတော့ ဆေးပညာမှာ တဖက်ကမ်းခပ် တော်လွန်းလှတဲ့ နန်းတွင်းသမားတော်လေးတစ်ယောက် တော်ဝင်မိသားစုကို ဆန့်ကျင်ပုန်ကန်သူအဖြစ် နန်းတော်တွင်းကနေ နှင်ထုတ်ခံလိုက်ရပါတယ်။

နယ်နှင်ဒဏ်အနေနဲ့ Sorak ရွာလေးကို ရောက်ရှိလာခဲ့ပီးနောက် လူနာတွေရဲ့  ရုပ်ပိုင်းဆိုင်ရာ ရောဂါများသာမက စိတ်ပိုင်းဆိုင်ရာရောဂါများကိုပါ ကုသပေးနိုင်တဲ့ သမားတော်တစ်ယောက်ဖြစ်လာတဲ့အခါ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကုသပုံတွေကို ဂျိုဆွန်းခေတ်သဘာဝနဲ့အတူ ကြည့်ရှုခံစားနိုင်မယ့်အပြင် မတရားနယ်နှင်ခံရတဲ့ အမှန်တရားကိုလည်း ဘယ်လိုဖော်ထုတ်သွားမယ်ဆိုတာကို ဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။ စုစုပေါင်း အပိုင်း (၁၂) ထိပါ၀င်ပြီး အပိုင်း (၄) ပိုင်းထိ ထွက်ရှိထားတဲ့ နန်းတွင်းဟာသဇာတ်ကားလေးဖြစ်ပါတယ်။

Netflix မှာပြသနေတဲ့ 2022 ရဲ့  Ongoing K-drama Series တွေပြောပြပြီးပြီးဆိုတော့ 2023 မှာ ထုတ်လွှင့်တင်ဆက်သွားမယ့် ဇာတ်ကားကောင်းတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

2022 နှစ်ဝက်နောက်ပိုင်းနှင့် 2023 မှာ Netflix ရဲ့ ထုတ်လွှင့်တင်ဆက်ရန် စီစဉ်ထားတဲ့ K-drama Series တွေကတော့ -

All of Us Are Dead (Season 2)

Cast (သရုပ်ဆောင်) - Yoon Chan Young, Park Ji Hoo, Jo Yi Hyun, Park Solomon, Yoo In Soo

Total Episode (အပိုင်း) – 8

Song of the Bandits 

Cast (သရုပ်ဆောင်) - Kim Nam Gil, Seo Hyun, Yoo Jae Myung, Lee Hyun Wook, Lee Ho Jung

Total Episode (အပိုင်း) – TBA

Celebrity 

Cast (သရုပ်ဆောင်) - Lee Chung Ah, Park Gyu Young, Kang Min Hyuk, Lee Dong Gun, Jeon Hyo Sung

Total Episode (အပိုင်း) – 12

Queen Maker

 Cast (သရုပ်ဆောင်) -  Kim Hee Ae, Moon So Ri, Ryu Soo Young, Kim Tae Hoon, Ki Do Hoon

Total Episode (အပိုင်း) – 12

Mask Girl

Cast (သရုပ်ဆောင်) - Go Hyun Jung, Nana, Ahn Jae Hong, Yeom Hye Ran, Choi Daniel

Total Episode (အပိုင်း) – 7

⇐ Previous Next

Read 1336 times