Entertainment

Netflix ရဲ့ အကောင်းဆုံး Series တွေထဲက တစ်ခုဖြစ်တဲ့ Peaky Blinders

Peaky Blinders, one of Netflix's best series

IMDB Rating 8.8 ထိ ရရှိထားတဲ့ ဒီနာမည်ကြီး Series ကိုတော့ တော်တော်များများ သိကြပြီးသား ဖြစ်မယ်လို့ ထင်ပါတယ်။

ဒီဇာတ်ကားက ကျွန်တော့် အကြိုက်ဆုံး Series ထဲ ပါတာရယ် COVID-19 ကာလမှာ Homestay ရင်း ပျင်းနေတဲ့သူတွေအတွက် အေးဆေး Chill ပြီး ကြည့်လို့ကောင်းတဲ့ Series လေး ဖြစ်တာကြောင့် ညွှန်းပေးလိုက်ပါတယ်။ 

ဇာတ်လမ်းအကျဥ်းကတော့ ပထမကမ္ဘာစစ်ကြီး ပြီးတဲ့အချိန် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့ကို နောက်ခံ ထားထားပါတယ်။ ပြင်သစ်မှာ စစ်တိုက်ပြီး အသက်ရှင်ကျန်တဲ့ အင်္ဂလန်စစ်သားတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြတဲ့အချိန်မှာ ရှယ်ဘီညီအစ်ကို သုံးယောက်ကလည်း ကိုယ့်အိမ်ကိုယ် ပြန်လာခဲ့တယ်။ 

ဒီစီးရီးတစ်ခုလုံးမှာ အဓိကဇာတ်ကောင်က ရှယ်ဘီမိသားစုပါပဲ။ 

 

  • အာသာရှယ်ဘီ

  • သောမတ်ရှယ်ဘီ

  • ဂျွန်ရှယ်ဘီ 

  • အေဒါရှယ်ဘီ

  • ဖင်းရှယ်ယီနဲ့ သူတို့အဒေါ်ဖြစ်တဲ့ ပိုလီရှယ်ဘီ စုစုပေါင်း (၆) ယောက်က မတူညီတဲ့ ပုံစံတွေနဲ့ သရုပ်ဆောင်ထားကြပါတယ်။ 

ရှယ်ဘီညီအစ်ကိုသုံးယောက်ဟာ စစ်ပွဲကနေ အိမ်ပြန်ရောက်လို့ မိသားစုရဲ့ စီးပွားရေးမှာ ပြန်ဝင်လုပ်ကြတဲ့အခါ အမြင်တွေက အရင်ကနဲ့ မတူတော့သလို လုပ်ပုံကိုင်ပုံတွေကလည်း ကွဲပြားလာတယ်။ အဓိကကတော့ သောမတ်ရှယ်ဘီပေါ့။ သောမတ်ရဲ့ စီးပွားရေးလုပ်ပုံ၊ ကိုင်တွယ်ပုံတွေက အ‌တော်လေး ခန့်မှန်းရခက်တယ်။ 

လူမိုက်လုပ်တဲ့အခါ လုပ်နဲ့ ရှယ်ဘီတို့ မိသားစုက 'Peaky Blinders' ဆိုတဲ့ ဂိုဏ်းနာမည်နဲ့ ထင်ရှားလာတယ်။ Peaky Blinders မိသားစုကဆိုရင် အားလုံးက အငြိမ်းပဲ၊ သူတို့ မိသားစုကိုဆိုရင် အဲဒီမြို့က လူအားလုံးက ကြောက်ကြရတယ်။ ကြောက်ရလောက်အောင်ကို ကြမ်းလည်းကြမ်း လက်စွမ်းလည်း ထက်ကြတယ်။

ကွန်မြူနစ်တွေ သောင်းကျန်းတဲ့ ဘာမင်ဟမ်မှာ သောမက်စ်ဟာ မတော်တဆ လက်နက်တွေ အပြည့်တင်ထားတဲ့ သေတ္တာတစ်လုံးကို ရခဲ့တယ်။ 

တစ်နေ့မှာ ကွန်မြူနစ်တွေ သောင်းကျန်းတဲ့ ဘာမင်ဟမ်မှာ သောမက်စ်ဟာ မတော်တဆ လက်နက်တွေ အပြည့်တင်ထားတဲ့ သေတ္တာတစ်လုံးကို ရခဲ့တယ်။ 

သောမက်စ်တစ်ယောက် သေတ္တာတစ်လုံး အရင်းပြုလို့... 

  • မြို့ခံလူမိုက်မိသားစုရဲ့ စီးပွားရေးဖြစ်တဲ့ လောင်းကစားပွဲတွေကနေ စီးပွားရေးလောက၊ ပြီးတော့ နိုင်ငံရေးလောကထဲအထိ တဆင့်ခြင်း တက်သွားပုံတွေ၊ 

  • မာဖီးယားတွေနဲ့ သူသေကိုယ်သေ အပြိုင်ကြဲရတာတွေ၊ 

  • နိုင်ငံရေးသမားတွေရဲ့ သြဇာပြိုင်ပွဲမှာ ဝင်ပါရတာတွေ၊

  • အရာရာကို သေချာအစီအစဥ်တကျနဲ့ ဘယ်လိုအကွက်ချခဲ့လည်း ဆိုတာတွေကို အဝကြည့်ရမယ့် Series ကောင်းတစ်ခုပါ။ 

စကြည့်ကာစ အပိုင်း (၁) (၂) လောက်ဆိုရင် ဇာတ်ရည်လည်မှာ မဟုတ်ပေမဲ့ လည်သွားရင်လည်း မျက်စိရှေ့က ခွာချင်မှာ မဟုတ်တော့ဘူးလို့ အာမခံပါတယ်။ ဒီ Series က လောလောဆယ်  Season (၅) ခုထိ ထွက်ရှိထားပြီ ဖြစ်ပြီး Season တစ်ခုမှာ အပိုင်း (၆) ပိုင်း ပါဝင်ပါတယ်။ 

⇐ Previous Next

Read 3687 times