Health & Beauty

အသားအရေ ထိန်းသိမ်းနည်းကို မျှဝေပးမယ့် POND’s ရဲ့ Beauty & Wellness Week

POND's New Products

POND’S ရဲ့ အသစ်ထွက်ရှိလာမယ့် ပစ္စည်းသစ် မိတ်ဆက်တဲ့ အစီစဉ်လေးနဲ့အတူ POND’S Beauty & Wellness Week ကို လာမယ့် အောက်တိုဘာလ (၂၆) ရက်နေ့ကနေ (၃၀) ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ 

အိမ်မှာ နေထိုင်စဉ်ကာလအတွင်း မျက်နှာအသားအရေ ဝင်းလက်ကျန်းမာနေစေရန်နှင့် မိမိကိုယ်ကိုယ် အချိန်ပိုပေးကာ ချစ်ခင်မြတ်နိုးတတ်လာစေရန်အတွက် အသားအရေ ထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်းတွေကို ဝေမျှပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအစီစဉ်လေးကို POND’S Brand Ambassador ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး၊ Besuty Blogger နေခြည်ဦးနဲ့ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်တို့နဲ့အတူ Presenter အနေနဲ့ Tresa Khine တို့က ပါဝင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ 

ပရိသတ်တွေအနေနဲ့ အသစ်ထွက်ရှိလာမယ့် Product အသစ်တွေကို ခံစားနိုင်ရုံသာမက ပြည်သူချစ် အနုပညာရှင်များနဲ့အတူ ပျော်ရွှင်စွာ ပါဝင်လို့ရနိုင်မယ့် အစီစဉ်တွေကို စီစဉ်ထားပါသေးတယ်။ 

POND’s ရဲ့ Beauty & Wellness Week မှာ ရက်အလိုက် တင်ဆက်ပေးမယ့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်လေးတွေကတော့

  • အောက်တိုဘာလ (၂၆) - Restart Manday 
  • အောက်တိုဘာလ (၂၇) - Glow Up Tuesday 
  • အောက်တိုဘာလ (၂၈) - Mindful Wednesday 
  • အောက်တိုဘာလ (၂၉) - Funday Thursday 
  • အောက်တိုဘာလ (၃၀) - TGIF ဆိုပြီး မတူညီတဲ့ အကြောင်းအရာတွေကို တင်ဆက်သွားဖို့ ရှိကြောင်း သိရပါတယ်။

POND’s ရဲ့ အသစ်စက်စက် Product အသစ်တွေကတော့ POND’s White Beauty Facial Form ၊ POND’s Micellar Water (၃) မျိုး၊ Face Mask (၃) မျိုးနဲ့ ကိုရီးယားမလေးတွေကို အသားရည်ကို ကောင်းစေမယ့် 3in1 Essence လေးပဲ ဖြစ်ပါတယ်။ 

Facial Form ကတေ့ာ အသားရည်အားလုံး အတွက် အညစ်ကြေးတွေကို ဖယ်ရှားပေးတဲ့ မျက်နှာသစ်ဆေးပဲ ဖြစ်ပါတယ်။ Miceller Water (၄) မျိုးကတော့ Hydrating Aloe Vera၊ Brighting Rose၊ Nourishing Milk နဲ့ D-Toxx Charcoal ကို ထုတ်ပေးထားပါတယ်။ ဒါအပြင် အသစ်ထွက်ရှိလာတဲ့ mask (၃) မျိုးကတော့ Plum Up၊ Glow Up နဲ့ Tone Up ပဲ ဖြစ်ပါတယ်။ 

POND’s ရဲ့ ထွက်ရှိလာမယ့် ပစ္စည်းအသစ်တွေထဲကမှ စိတ်ဝင်စားမှု အများဆုံးရရှိမယ့် Products တစ်ခုဖြစ်တဲ့ 3in1 Super Micro Essence လေးကတော့ ကိုရီးယားမင်းသမီးလေးလို အသားရည် စိုပြေဝင်းပစေမှာ ဖြစ်ပြီး Toner၊ Essence နဲ့ Mask တို့ကို သီးသန့် အသုံးပြုစရာ မလိုပဲ တစ်ဘူးထဲမှာ ရနိုင်မှာ ဖြစ်ပါတယ်။ 

POND’s ရဲ့ Beauty & Wellness Week ကိုတော့ Myanmar Celebrity Facebook Page၊ POND’s Facebook Page၊ Phwe Phwe Facebook page၊ Nay Chi Oo Facebook Page တို့မှ တစ်ဆင့် Live လွှင့်သွားမှာ ဖြစ်ပါတယ်။ 

⇐ Previous Next

Read 2926 times