Food & Drink

ရန်ကုန်မြို့ပြရဲ့ ညရှုခင်းကို ငေးမောနိုင်မယ့် အကောင်းဆုံး Rooftop Bar (၇) ခု

The Best (7) Rooftop Bars In Yangon

Happy Friday ပါ ဘော်ဒါတို့ရေ။ တစ်ပတ်တာ အလုပ်ကြိုးစားခဲ့သမျှ သောကြာနေ့လေးမှာတော့ လွတ်လွတ်လပ်လပ် အနားယူဖို့ ထိုက်တန်ပါတယ်နော်။ Friday ဆိုတော့ TGIF ဖို့ စဥ်းစားနေကြမယ့် ဘော်ဒါတွေအတွက် ရန်ကုန်မြို့ပြရဲ့ ညအလှကို အပေါ်စီးကနေ တစ်ဝကြီး ငေးမောရင်း တစ်ပတ်တာအတွက် စိတ်အပန်းဖြေလို့ရအောင် ခပ်မိုက်မိုက် Rooftop Bar (၇) ခုကို ပြောပြပေးချင်ပါတယ်။

၁။ Atlas Rooftop Bar & Lounge

“ ရန်ကုန်မြို့ပြရဲ့ မွန်းကြပ်နေတဲ့ အလှအပကြားကနေ ခဏတာ ရုန်းထွက်ပြီး အနားယူလို့ရမယ့် အိုအေစစ်လေးတစ်ခု ဖန်တီးခဲ့တာပါ “ ဆိုတဲ့ Atlas Rooftop Bar မှာဆိုရင်တော့ Signature Cocktail များ၊ ရှန်ပိန်၊ ယမကာ၊  ဘီယာနဲ့ တစ်ခြားသော ထူးခြားတဲ့ အမြည်းဟင်းလျာများကို မြည်းစမ်းနိုင်မှာပါနော်။
ဆိုင်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။

https://bit.ly/30goJVW


၂။ Rooftop 99 Bar & Lounge

မြို့ပြရဲ့ လတ်ဆတ်တဲ့ လေပြေတွေနဲ့အတူ Lover Seats တွေ၊ အချစ်သီချင်းအေးအေးလေးတွေကို နားထောင်လို့ ရမယ့်အပြင် အရောင်အသွေးစုံလင်တဲ့ Cocktail တွေကိုမှ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ Rooftop 99 Bar က ထိုင်သင့်တဲ့ Bar တစ်ခုပါပဲ။
ဒီဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/2ZG08Ln


၃။ Vista Rooftop Bar

ဒီ Bar လေးကတော့ ထူးထူးဆန်းဆန်းပါပဲ။ Cocktail သောက်ရင်း မြို့ပြအလှကို ခံစားရင်း ရွှေတိဂုံဘုရားရဲ့ သပ္ပါယ်မှုကိုပါ မြင်တွေ့နေရမယ့် Bar လေးပါပဲနော်။ သူ့ဆိုင်မှာ အပတ်စဥ် Lady's Night Promotion တွေလည်း ရှိတဲ့အပြင် signature ဟင်းလျာတွေကလည်း အရသာ ရှိလွန်းလို့  ထိုင်ဖူးသူတိုင်း သဘောကျကြတဲ့ Bar လေးပါပဲ။
ဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/3fC0hF9


၄။ CoCoon Bar

အရက်ကောင်းကောင်းလည်း သောက်ချင်တယ်၊ အစားအသောက်က ကောင်းကောင်းလည်း မြည်းစမ်းကြည့်ချင်တယ် ဆိုရင်တော့ CoCoon Bar က အသင့်တော်ဆုံးပါပဲ။ ဒီဘားရဲ့ Signature ဟင်းလျာတွေကတော့ ၀က်ဂုတ်သားကင်သုတ်၊ ဆိတ်သားထောင်းနဲ့ တန်ပူရာကြော်တို့ပဲ ဖြစ်ပါတယ်။
ဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/2Bbb22a


၅။ Esperado Rooftop Bar

ဒီဘားလေးကတော့ Esperado Hotel ရဲ့ အပေါ်စီးကနေ မြို့ပြအလှကို ခံစားနိုင်မယ့် ဘားလေးပါပဲ။ Hotel Chef တွေရဲ့ Europian Food, Asian Food စတဲ့ စပယ်ရှယ်လက်ရာတွေအပြင် Cocktail, Mocktail စတဲ့ Drink အစုံအလင်ကိုလည်း အရသာမျိုးစုံ မြည်းစမ်းလို့ရတာမို့ colourfull Taste ကို ကြိုက်နှစ်သက်သူများ အတွက်တော့ ကွက်တိပါပဲနော်။
ဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။https://bit.ly/2CjSZr4


၆။ Skyline Rooftop Bar & Lounge (Grade Garden)

အမြည်းဆိုရင် အကင်မှအကင်ပဲ ဆိုသူများကတော့ Skyline Rooftop Bar ကို Try ကြည့်သင့်ပါတယ်နော်။ ဒီဘားလေးက ယမကာနဲ့ တွဲဖက်စားသုံးလို့ရမယ့် အကင်မျိုးအစုံအပြင် အထောင်းမျိုးစုံ၊ အသုတ်မျိုးစုံကို စုံစုံလင်လင် သုံးဆောင်ရမှာ ဖြစ်လို့  မြို့ပြအလှကို ယမကာငုံရင်း ခံစားဖို့ အကောင်းဆုံးပါပဲ။
ဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။ https://bit.ly/2ZArHFw


၇။ Inya View Rooftop Bar

ဒီဘားလေးကတော့ အင်းလျားကန်ကြီးရဲ့ အလှအပကို တမေ့တမောငေးရင်း ဘော်ဒါတွေ စကားစမြည်ပြောဖို့ အကောင်းဆုံးနေရာလေးပါပဲ။ လေတဖြူးဖြူးနဲ့ အင်းလျားကန်ကို Wine တစ်ခွက်မော့ရင်း ရီဝေဝေငေးမောရတဲ့ အရသာကတော့ သူမတူအောင်ပါပဲနော်။
ဆိုင်လေးရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်။https://bit.ly/32re25K  

 

⇐ Previous Next

Read 2026 times