Things To Do

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို လေ့လာနိုင်မည့် ပထမဦးဆုံးသော ဒီဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ်

The first digital platform microscope to study business in Myanmar

ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံ လုပ်ငန်းဖြစ်သော Dai-ichi Life Group ၏ မြန်မာနိုင်ငံကုမ္ပဏီခွဲ Dai-ichi Life Insurance Myanmar မှ ဒစ်ဂျစ်တယ် ပလက်ဖောင်း မိုက်ခရိုဆိုဒ် (Digital Platform Microsite) တစ်ခုကို စတင်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ မိုက်ကရိုစိုက်တွင် စီးပွားရေးလုပ်ငန်းအသိပညာများကို လေ့လာနိုင်မည်ဖြစ်ပြီး ပြည်တွင်းရှိ လူ့အဖွဲ့အစည်း၊ လုပ်ငန်းရှင်ဖြစ်လိုသူများ၊ အာမခံကုမ္ပဏီ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များနှင့် မန်နေဂျာများအတွက် စီးပွားရေးနှင့် အာမခံလုပ်ငန်းကဏ္ဍဆိုင်ရာအတွက် အကျိုးရှိစေမည့် ထင်မြင်သုံးသပ်ချက်များကို အဓိကဖော်ပြပေးသွားမည် ဖြစ်သည်။ 

ထို့အပြင် COVID-19 နှင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍကို အခြေအနေ၊ လူတိုင်းပါဝင်လုပ်ဆောင်နိုင်သည့် လုပ်ငန်းခွင်၏ အရေးပါပုံ၊ ဂျပန်လူမျိုးများ၏ ခံယူချက်တန်ဖိုးများကို မြန်မာနိုင်ငံ၏ လုပ်ငန်းခွင်တွင် ကျင့်သုံးနေပုံနှင့် အခြားအကြောင်းအရာများကို ဖတ်ရှုသူများအနေဖြင့် လေ့လာဖတ်ရှုနိုင်မှာဖြစ်ပါသည်။

Dai-ichi Life Insurance Myanmar Ltd. သည် ဂျပန်နိုင်ငံမှ ထိပ်တန်းအသက်အာမခံကုမ္ပဏီ Dai-ichi Life Group ၏  မြန်မာနိုင်ငံကုမ္ပဏီခွဲ ဖြစ်ပါသည်။  Dai-ichi Life Insurance Myanmar သည် မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်း လုပ်ဆောင်ခွင့်ရရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ပိုင်ဆိုင်သော ကနဦးကုမ္ပဏီများတွင် တစ်ခုအပါအ၀င်ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် အသက်အာမခံလုပ်ငန်းလိုင်စင် ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် လုပ်ငန်းစတင်လည်ပတ်နိုင်ခဲ့ပါသည်။ထို့အပြင် အသက်အာမခံလုပ်ငန်း၌ နှစ်‌ပေါင်း (၁၁၈) နှစ် အတွေ့အကြုံရှိသော ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ 

⇐ Previous Next

Read 1287 times