Technology

ကိုဗစ်ကာလအတွင်း တီဗီရောင်းချမှု၌ ထိပ်တန်းတွင်ရှိနေဆဲ ဖြစ်သည့် Samsung

Samsung, still at the top of TV sales in COVID

Samsung ၏ တီဗီစီးပွားရေး လုပ်ငန်းသည် ယခု Social Distancing နှင့်  Working from home ကာလများအတွင်း အလွန် တိုးတက်အောင်မြင်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ စျေးကွက်တွင်လည်း ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။ 

မြန်မာနိုင်ငံတွင်လည်း Samsung QLED တီဗွီများ ဝယ်လိုအားသည် ယခုနှစ် Q1 တွင် ၁၁၀၅&% Q2 တွင် ၁၇၂% နှင့် Q3 တွင် ၃၉၅% အသီးသီး တိုးတက်လာခဲ့သည်ဟု သိရှိရသည်။ 

Samsung Electronics သည် (၁၄) နှစ်ဆက်တိုက် ကမ္ဘာ့နံပါတ်တစ် တီဗီထုတ်လုပ်မှုလုပ်ငန်း ဖြစ်ခဲ့သည့်အပြင် တီဗီများ၏ ဒီဇိုင်း၊ အရောင်တိကျမှု၊ ပုံရိပ်အရည်အသွေးနှင့် သုံးစွဲသူများကို ပိုမိုကြည်လင် ပြတ်သားစွာ ကြည့်ရှုနိုင်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်ပြီး အရည်အသွေးကို မြှင့်တင်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းလျက်ရှိသည်။

Samsung သည် မကြာသေးမီက မြန်မာနိုင်ငံတွင် ဒီဇိုင်းပိုင်းတွင် ဆွဲဆောင်မှုရှိရုံသာမက အရည်အသွေး မြင့်မားသော ပုံရိပ်များကိုပါထုတ်လုပ်နိုင်သည့် Smart TV များ၊ Crystal 4K UHD တီဗီများမှ တစ်ဆင့် QLED 4K နှင့် 8K တီဗီများအထိ ကျယ်ပြန့်သော TV Line Up တီဗီများကို မိတ်ဆက်ခဲ့သည်။

⇐ Previous Next

Read 1303 times