Entertainment

အာရှအနုပညာ ဆုပေးပွဲမှာ ဆန်ခါတင် စာရင်းဝင်ခဲ့တဲ့ CANAL+ ရဲ့ Exclusive ဇာတ်လမ်းများ

Exclusive stories from CANAL + nominated at the Asian Art Awards

Asian Academy Creative Awards ဟာ အာရှပစိဖိတ်‌ နိုင်ငံတွေရဲ့ အနုပညာ ဖန်တီးမှုတွေကို နှစ်စဉ် အကဲဖြတ်စိစစ်ပြီး အကောင်းဆုံး အနုပညာ လက်ရာတွေကို ဆုချီးမြှင့်လျက်ရှိတဲ့ စင်္ကာပူနိုင်ငံရဲ့ ထင်ရှားတဲ့ အနုပညာ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ Asian Acedemy Creative Awards အတွက် ဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားတွေထဲမှာ CANAL+ Myanmar မှာပဲ တစ်ဦးထဲ မူပိုင် (Exclusive) အနေနဲ့ တရားဝင် ပြသခွင့် ရခဲ့တဲ့ ဇာတ်လမ်းတွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Asian Academy Creative Awards မှာတော့ အာရှနိုင်ငံပေါင်း (၁၆) နိုင်ငံကနေ သူတို့ရဲ့ အကောင်းတကာ့ အကောင်းဆုံး ရုပ်ရှင်၊ ဇာတ်လမ်းတွဲ၊ အစီအစဉ်များကို နှစ်စဉ်တင်ဆက် ယှဉ်ပြိုင်လျက် ရှိပြီး (၂ဝ၂ဝ) ခုနှစ်အတွက် CANAL+ Myanmar မှ မြန်မာနိုင်ငံအတွက် တစ်ဦးတည်း မူပိုင်ခွင့် အနေနဲ့ ဂုဏ်ယူစွာ ထုတ်လွှင့်တင်ဆက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကိုတော့ ဒီဇင်ဘာ (၃) ရက်နဲ့ (၄) ရက်နေ့တွေမှာ CANAL+ ကနေ တရားဝင် ထုတ်လွှင့် ပြသပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် National Host Official Broadcaster အဖြစ် ထုတ်လွှင့်သွားမယ့် ရုပ်သံလိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

(၂ဝ၂ဝ) ခုနှစ် အတွက် Asian Academy Creative Awards မှာ နိုင်ငံ ကိုယ်စားပြု ဆန်ခါတင်  စာရင်းဝင်များ အဖြစ် ရွေးချယ်ခံခြင်း ခံထားရတဲ့ ဇာတ်လမ်းနဲ့ အနုပညာရှင်တွေကတော့

၁။ အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲ ဆုအဖြစ် “ လိပ်ပြာ “ ဇာတ်လမ်းတွဲ၊

၂။ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင် ဆုအဖြစ် စုံထောက် ဉာဏ်ထူးချွန်တဲ့ ရဲအရာရှိမလေး “လိပ်ပြာ” ဇာတ်ကောင် နေရာကနေ အဓိက ပါဝင် သရုပ်ဆောင်ထားတဲ့ အဆိုတော်/ သရုပ်ဆောင် “ ပန်းရောင်ခြယ် “

၃။ အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံ ဆုအဖြစ် လိပ်ပြာဇာတ်လမ်းတွဲမှ “ ဝေယံ Pbe “ ၊

၄။ အကောင်းဆုံး ဇာတ်ဝင်တေး ဆုအဖြစ် လိပ်ပြာဇာတ်လမ်းတွဲမှ “ ENEMIES OF YOU “ သီချင်း၊

၅။ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် ဆုအဖြစ် လောကကြိုးဝိုင်း အတွဲ(၂) ဇာတ်လမ်းတွဲမှ “ဖီးနစ်” ဇာတ်ကောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် “ ခါရာ “ ၊

၆။ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ဆုအဖြစ် CANAL+ ကနေ Exclusive အနေနဲ့ ထုတ်လွှင့်ခွင့် ရရှိထားတဲ့ “ သူစိမ်းအိမ် “ ရုံတင်ကားကြီး၊

၇။ အကောင်းဆုံး ဒါရိုက်တာ ဆုအဖြစ် သူစိမ်းအိမ် ဇာတ်ကားမှ ဒါရိုက်တာ “ ထူးပိုင်ဇော်ဦး “ ၊

၈။ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင် ဆုအဖြစ် သူစိမ်းအိမ် ဇာတ်ကားမှ သရုပ်ဆောင် “ ကူးကူးဇင်အောင် “ ၊

၉။ အကောင်းဆုံး အားကစား အစီအစဉ် ဆုအဖြစ် WLC (World Lethwei Championship) ရဲ့ “ KING OF NINE LIMBS “ အစီအစဉ်၊

အစရှိသဖြင့် အသီးသီး ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပြီး ဒီဇင်ဘာလ (၃) ရက်နေ့နဲ့ (၄) ရက်နေ့များမှာ ကျင်းပမယ့် Grand Awards နဲ့ Gala Finals ပွဲကြီးမှာ ဆက်လက်ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

စင်္ကာပူ Infocomm Media Development Authority (IMDA) ကနေ ဂုဏ်ယူစွာ ထောက်ခံပေးထားတဲ့ Asian Academy Creative Awards ကို နှစ်စဉ် ဒီဇင်ဘာလတိုင်းမှာ စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တာ ဖြစ်ပြီး ယခုနှစ်ကိုလည်း ဒီဇင်ဘာ (၃) ရက်နဲ့ (၄) ရက်နေ့များမှာ ဆက်လက် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို CANAL+ ရဲ့ CANAL+ KYI LITE ချန်နယ်နဲ့ CANAL+ ZAT LENN ချန်နယ်တို့ကနေ စောင့်မျှော်ခံစား ကြည့်ရူနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆုရရှိတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲများနဲ့ အစီအစဉ်များကို CANAL+ မှာ ပြန်လည်ထုတ်လွှင့် ပြသပေးသွားမှာဖြစ်ပြီး myCANAL Mobile Application ကနေလည်း ထပ်မံကြည့်ရှု ခံစားနိုင်မှာ ဖြစ်ပါတယ်။

CANAL+ ရုပ်သံလိုင်းများမှာတော့ ဆန်ခါတင် ဝင်ခဲ့တဲ့ ဇာတ်လမ်းတွေ အပြင် Now&Ever ၊  မီ၊ ကမ္ဘာနှစ်ထပ် စတဲ့ ဇာတ်လမ်းကောင်းများ အပါအဝင် ရုံတင်ဇာတ်ကားပေါင်း များစွာကို Exclusive အနေနဲ့ ထုတ်လွှင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

CANAL+ မှာ ပြသပေးလျက်ရှိတဲ့ အစီအစဉ်တွေကို ပိုမို သိရှိလိုရင်တော့ …

CANAL+ Facebook Page > https://bit.ly/3dIwIkV
CANAL+ Website > https://bit.ly/3keT4wN

စတဲ့ လင့်ခ်တွေမှာ အသေးစိတ် ဝင်ရောက် ကြည့်ရှုနိုင်ပြီး၊

Hotline Number - 0996 998 3588 ကိုလည်း တိုက်ရိုက် ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

 

⇐ Previous Next

Read 2100 times