Entertainment

BTS တစ်ဖွဲ့လုံးရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ ပါဝင်တဲ့ Be Album နိုဝင်ဘာမှာ ထွက်ရှိမည်

The New Album 'Be Album"

အောင်မြင်မှု များစွာ ပိုင်ဆိုင်ထားတဲ့ ကိုရီးယားနိုင်ငံက အနုပညာရှင် 방탄소년단 (BTS) အဖွဲ့ရဲ့  (၉) ခုမြောက် Album ဖြစ်တဲ့ Be Album ဟာဆိုရင်တော့ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ 

BTS ဟာသူတို့ရဲ့ Map of the soul 7 (Full Album) ကို ဖေဖဝါရီလက ထွက်ရှိခဲ့ပြီး BTS ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ RM က ဧပြီလမှာ နောက်ထပ် Album အတွက် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ပြောကြားထားပါတယ်။ 

Army တွေအနေနဲ့ Full album ကိုမျှော်လင့် နေတဲ့အချိန်မှာ ဩဂုတ်လ (၂၁) ရက်မှာ Digital Single ဖြစ်တဲ့ ထွက်ရှိလာတဲ့ Dynamite ကို Big Hit Entertainment နဲ့ Sony Music တို့ကနေ ထုတ်လွှင့်ခဲ့ပါတယ်။

Disco-pop အမျိုးအစား သီချင်းတစ်ပုဒ်ဖြစ်ပြီး Billboard ရဲ့ Top 10 မှာယနေ့အထိ နေရာယူထားနိုင်တဲ့ အထိ အောင်မြင်မှု များစွာရရှိထားတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။ 

BTS ရဲ့ အခုလာမယ့် နိုဝင်ဘာမှာ Full Album ဖြစ်တဲ့ Be Album နဲ့အတူ Comeback ပြုလုပ်သွားမှာလို့ Big Hit Entertainment ကနေ စက်တင်ဘာလက ကြေညာခဲ့တာပါ။ ကြေညာပြီးတာနဲ့ Preorder မှာယူယူလို့ ရပြီ ဖြစ်ကြောင်း တစ်ခါထဲ ကြေညာခဲ့ပါတယ်။ 

Be Album မှာတော့ BTS ရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ V က VIsual Director တစ်ယောက် အနေနဲ့ တာဝန်ယူထားပြီး RM၊ Suga နဲ့ J-Hope တို့ကတော့ ကိုယ်တိုင်ပါဝင် ရေးသားထားမယ်လို့ မျှော်မှန်းထားရပါတယ်။ 

⇐ Previous Next

Read 1791 times