Technology

တစ်ကမ္ဘာလုံးဆိုင်ရာ Broadband Forum မှာ အကောင်းဆုံးဆုကို (၂)နှစ်ဆက်တိုက် ရရှိခဲ့တဲ့ Huawei

Huawei has won the Best Award at the Global Broadband Forum

Huawei AirPON ဟာ နှစ်စဉ် ကျင်းပလျက်ရှိတဲ့ Broadband World Forum (BBWF) ရဲ့ (၁၉) ကြိမ်မြောက် အခမ်းအနားမှာ အကြီးမားဆုံး ဆုတစ်ခု ဖြစ်တဲ့ အကောင်းဆုံး Fixed Access Solution ဆုကို ရရှိခဲ့ပါတယ်။

ထိပ်တန်း အိမ်သုံးဖိုင်ဘာ ကွန်ရက်အတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ရုံသာမက Mobile Operator များကိုပါ Fixed Network တွေ အလွယ်တကူ တပ်ဆင်စေနိုင်တဲ့ Huawei ရဲ့ ဆန်းသစ် တီထွင်မှုတွေကြောင့် ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Huawei ရဲ့ AirPON solution ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၂၀၂၀ က လန်ဒန်မြို့မှာ စတင် မိတ်ဆက်ခဲ့ပြီး Solution ရဲ့ အားသာချက်တွေက

  • Site Acquisition ပြုလုပ်ရန် မလိုအပ်ခြင်း၊
  • Fiber-splicing ပြုလုပ်ရန် မလိုအပ်ခြင်း၊
  • Time freezing မရှိခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Fixed network နယ်ပယ်မှာ ပထမဆုံး AI ပါရှိတဲ့ အိမ်သုံး ONT စီးရီး ထုတ်ကုန်များကနေ  အသိဉာဏ်မြင့် စနစ်ကို အခြေခံပြီး ဝန်ဆောင်မှုတွေကို  အွန်လိုင်းဂိမ်း၊ ပညာရေးနဲ့ တယ်လီကွန်း ညီလာခံများ စသဖြင့် အမျိုးအစား ခွဲခြားပေးနိုင်တဲ့အပြင် ဒေတာ အကူးအပြောင်း ကြာချိန်ကို ၅၀% အထက် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ အော်ပရေတာများ ရင်ဆိုင်နေရတဲ့ အကျိုးအမြတ် ရရှိဖို့ အချိန်ကြာခြင်း၊  ဖိုင်ဘာကွန်ရက် ဆောက်လုပ်မှု နှေးကွေးခြင်းနဲ့ User Experience မတည်ငြိမ်ခြင်း စတာတွေကို ပြေလည်စေတဲ့အပြင် သုံးစွဲသူများထံ ဝန်ဆောင်မှု အရှိန် မြှင့်တင်စေရေးအတွက် တန်ဖိုးများ ပိုမိုပေါင်းစပ် ပံ့ပိုးထားတဲ့ (value-added) ဝန်ဆောင်မှု Package တွေကိုပါ မိတ်ဆက် လာနိုင်စေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က Huawei ဟာ BBWF က ကျင်းပတဲ့ အခမ်းအနားမှာ Huawei SingleFAN Pro solution နဲ့ အကောင်းဆုံးဆု ရရှိခဲ့တာ ဖြစ်ပြီး ယခုနှစ် အပါအဝင် နှစ်ကြိမ်ဆက်တိုက် ဆုရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei AirPON solution ကို စတင် မိတ်ဆက်တဲ့အချိန် (၆) လကျော်သာ ရှိသေးပေမယ့် Fixed network နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြု လက်ခံထားကြတာ ဖြစ်ပြီး ကမ္ဘာ့ အော်ပရေတာ လုပ်ငန်း (၄၅) ခု ကျော်တို့က အိမ်ပေါင်း ၁ သန်းကျော်မှာ အသုံးပြုလျက် ရှိနေပြီလို့ သိရပါတယ်။

 

⇐ Previous Next

Read 1241 times