Health & Beauty

နှလုံး ကျန်းမာရေးအတွက် လုပ်သင့်တဲ့ အချက်များ

Things to do for heart health

နှလုံးဖောက်တာ၊ နှလုံးအားနည်းတာ နှလုံးရောဂါ အစရှိတဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ လူတွေမှာ အဖြစ်များလာကြပါတယ်။ ဆေးလိပ်သောက်ခြင်း အိပ်ချိန်စားချိန် မမှန်ခြင်း ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအစာ လူနေမှု ပုံစံတွေကြောင့် ဒီရောဂါတွေ ပိုဖြစ်လာရတာပါ။ နှလုံးကြွက်သားတွေ ကျန်းမာရေးအတွက် ဘယ်အချက်တွေ သတိထားရမလဲဆိုတာ  ဗဟုသုတ ရရှိဖို့ ဖော်ပြပေးသွားမှာပါ။ 

လေ့ကျင့်ခန်းလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက ခန္တာကိုယ်တွင်း သွေးလည်ပတ်မှုကို ပိုမို အားကောင်းစေပြီး သွေးပေါင်ချိန်ကျခြင်းနဲ့ နှလုံးခုန်နှုန်း ကျဆင်းခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးတဲ့အပြင် ဆီးချိုရှိနေတယ် ဆိုရင်တောင်မှ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ရာမှာ အကူအညီပေးပါတယ်။ တစ်ရက်ကို မိနစ်(၃၀) နဲ့ တစ်ပတ်ကို (၅) ရက်လောက် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ 

ဆေးလိပ်ဖြတ်ခြင်း

ဆေးလိပ်သောက်တာကို ဖြတ်ရတာ အင်မတန်ခက်ပါတယ်။ ဒါပေမယ့်ဖြတ်ဖို့ အင်မတန်အရေးကြီးတယ် ဆိုတာကိုလည်း သိသင့်ပါတယ်။ နှလုံးရောဂါ ဖြစ်ပွားရခြင်းမှာ ဆေးလိပ်သောက်ခြင်းက အဓိက အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်နေလို့ပါ။ အလေးချိန်များခြင်း

ဝိတ်ချတယ်ဆိုတာ လေ့ကျင့်ခန်းလေး လုပ်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်နဲ့ ကိုက်ညီတဲ့ လူနေမှု ပုံစံကို ရှာဖွေဖို့ အရေးကြီးပါတယ်။ ကိုယ့်အရပ်နဲ့ သင့်တော်တဲ့ အလေးချိန်ရှိပဲ ရှိသင့်ပါတယ်။

အလွန်အကျွံစားခြင်း 

ဒီအချက်က ဒီလို အိမ်တွင်းအောင်းနေရတဲ့ အချိန်မှာ ပိုသတိထားဖို့လိုပါတယ်။ နှလုံးရုတ်တရက် ဖောက်တာတွေ၊ နှလုံးသွေးကြောကျဥ်းတာတွေက အစာကို အလွန်အကျွံစားလို့ ဖြစ်တဲ့ အချက်တွေပါ။ 

⇐ Previous Next

Read 1401 times