Entertainment

Netflix မှာ ပြသဖို့ (၃) ရက်သာ လိုတော့တဲ့ “The Glory” Season 2

The Glory Season 2 (Welcome To My Hell) 2023

‘The Glory’ Season 1 ကို  ဒီဇင်ဘာ (၃၀) ရက်နေ့က Netflix မှာ ထုတ်လွှင့်ပြသခဲ့ပြီး အခု The Glory Season 2 (Welcome To My Hell) ကိုတော့ မတ်လ (၁၀) ရက်နေ့မှာ Netflix ကနေ တစ်ကမ္ဘာလုံးကို Stream တော့မှာ ဖြစ်ပါတယ်။ ဇာတ်ကားအရှည်ကတော့ Season 1 မှာ ၃၈၄ မိနစ်၊ ၇ စက္ကန့် ရှိခဲ့ပေမယ့် Season 2 ကတော့ ၄၃၅ မိနစ်၊ ၁၄ စက္ကန့် ကြာမြင့်မှာ ဖြစ်လို့ Season 1 ထက် ၅၁ မိနစ်နဲ့ ၇ စက္ကန့် ပိုကြာမှာ ဖြစ်ပါတယ်။

The Glory season 1 မှာ ဒုံအွန်း ဂလဲ့စားချေပွဲအတွက် ပြင်ဆင်ရင်း သူ့ဘက်တော်သား နှစ်ယောက်ကို ပရိသတ်တွေကို တရားဝင် ချပြခဲ့ပါတယ်။ သူမကို သဘောကျနေတဲ့ ဆရာဝန်လေး ယောဂျောင်နဲ့ အနိုင်ကျင့် အကြမ်းဖက်တဲ့ ယောကျာ်းကို ရှင်းချင်လို့ လာပြီး လက်တွဲတဲ့ Ms.Kang တို့ပါပဲ။

ဒုံအွန်း မျှားနေတဲ့ ငါးစာကြီး စီအီးအို ဒိုယောင်းကရော သူမဘက်ပါမှာလား? ကျွန်မလိုချင်တာ ရှင့်ရဲ့ ဩဇာအာဏာသက်ရောက်မှုပါလို့ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ ဒုံအွန်းကို ဒိုယောင်းတစ်ယောက် ငြင်းဆန်နိုင်မှာလား? ဆိုတာကို Season 2 မှာ စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ။

     Advertisement

Click Here > Ko Tin Aung

ဇာတ်ကောင် တစ်ခုချင်းစီရဲ့ ပိုစတာမှာ ဒုံအွန်းနဲ့အတူ ဘက်တော်သားတွေဖြစ်တဲ့ ယောဂျောင်နဲ့ Ms Kang တို့အပြင် စီအီးအို ဒိုယောင်းပုံမှာပါတဲ့ ပန်းတွေက အဖြူရောင် Devil Trumpet ဖြစ်နေပြီး ဗီလိန်လူဆိုးတသိုက်ကတော့ အောက်ငိုက်စင်းနေတဲ့ အဝါရောင် Devil Trumpet ပန်းတွေနဲ့ ဖြစ်နေပါတယ်။

 

ဒုံအွန်းရဲ့ ဘက်တော်သား နှစ်ယောက်ရဲ့ ပန်းက အပေါ်ကို မျက်နှာမူပြီး စီအီးအို ဒိုယောင်းရဲ့ အဖြူရောင်ပန်းကတော့ တခြားဗီလိန်တစ်သိုက်ရဲ့ အဝါရောင် Devil Trumpet ပန်းတွေလို အောက်ကို ငိုက်စင်းနေပါတယ်။

 

ပိုစတာအရ ဖြစ်နိုင်တာကို ပြောရမယ်ဆိုရင် ဒိုယောင်းက ပထမက လူဆိုးအုပ်စုထဲက တစ်ယောက်ဖြစ်နေလို့ ပန်းအနေအထားက ငိုက်စိုက်နေပြီး နောက်ပိုင်း ဒုံအွန်းဘက်ပါသွားနိုင်တာမို့ ပန်းက အဖြူရောင် ပြောင်းသွားတာမျိုးလို့ ထင်ပါတယ်။

တကယ်လို့သာ စီအီးအို ဒိုယောင်းက ဒုံအွန်းဘက်တော်သားသာ ဖြစ်သွားရင် ယွန်းဂျင်အတွက် ဒုံအွန်း ဖန်တီးပေးမယ့် ငရဲခန်းက တော်တော်လေး ထိချက်ပြင်းသွားပါလိမ့်မယ်။ ယွန်းဂျင်က ဒိုယောင်းကို ငွေမက်လို့ ယူထားပေမယ့် Season 1 နောက်ဆုံးအပိုင်းမှာ သူ့ယောကျာ်းကို ချစ်နေပြီဆိုတာကို ပြောသွားတာဆိုတော့ ဒီယောကျာ်းရဲ့ စွန့်ပစ်တာခံရရင်  ဂုဏ်အရှိန်အဝါ၊ ငွေကြေးဆုံးရှုံးမှုအပြင် အသည်းပါ ကွဲမှာပါ။

ဒါတင်မကသေးဘူး နောက်ထပ်တွေးစရာက ပိုစတာမှာ နွယ်ပင်တွေလည်း ထည့်ထားပါသေးတယ်။ ဗီလိန်တွေရဲ့ လည်ပင်းမှာ နွယ်ပင်တွေ ရစ်နှောင်ထားတယ်ဆိုတော့ အန္တရာယ်ရှိတဲ့ သဘောဖြစ်နိုင်ပါတယ်။ ဒုံအွန်းရဲ့ လည်ပင်းမှာလည်း နွယ်ပင်ရှိပေမယ့် ဗီလိန်တသိုက်လိုတော့ ရစ်ပတ်မနေပါဘူး။ ဒါက ကျောင်းသူဘ၀တုန်းက သူမ နာကျင်ခံစားခဲ့ရတာကို သရုပ်ဖော်ထားတာလို့ ထင်ပါတယ်။ 

အပေါ်မှာ ဖော်ပြထားတဲ့ ထင်မြင်ချက်တွေက နိုင်ငံတကာက The Glory ရုပ်ရှင်ရဲ့ ပရိသတ်တွေ ထင်ကြေးပေးထားကြတာကို ဘာသာပြန် ကူးယူဖော်ပြထားတာ ဖြစ်ပါတယ်။

ဒုံအွန်းနဲ့ တခြားဇာတ်ကောင်တွေကြားက ဆက်ဆံရေးကို ပုံဖော်ထားတဲ့ ပိုစတာတွေကို ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။ ပိုစတာတစ်ခုချင်းစီမှာ ဒုံအွန်းရဲ့ လှောင်ပြုံးတွေနဲ့ မျက်လုံးအကြည့်တွေ ပြောင်းလဲသွားပုံက တကယ်ရသမြောက်လွန်းပါတယ်။

သူမဟာ ကျွန်တော့်ရဲ့  ခိုလှုံရာ

တစ်ခုခုကို မသိဘူးလို့ ပြောရမှာကို ငါ မကြိုက်ပေမယ့် အခုထိ မင်းအကြောင်းကိုလည်း ငါမသိသေးဘူး

နင်ရဲ့ စိတ်ဝိဉာဉ်တစ်ခုလုံးက အရမ်းကို ပျော်ရွှင်ခဲ့ပြီးပြီလေ

မသတီစရာ အဲ့ဒီ ရာဂမျက်လုံးတွေ

သူတစ်ပါးကို ကဲ့ရဲ့ ချိုးဖဲ့ခဲ့တဲ့ အဲ့ဒီ လက်တွေ

သူတစ်ပါးကို နာကျင်အောင် လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ အဲ့ဒီ ခြေထောက်တွေ

သူတစ်ပါးရဲ့ ကံကြမ္မာဆိုးတွေကို လှောင်ရယ်နေခဲ့တဲ့ အဲ့ဒီ နှုတ်ခမ်းတွေ

အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရလို့ ပျော်တယ်

The Glory Season 1 နဲ့ ပတ်သတ်တဲ့ အောင်မြင်မှုအကြောင်းတွေနဲ့ ဇာတ်လမ်းအကျဉ်းကို စိတ်ဝင်စားရင် အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

> https://bit.ly/3YsPNxp

 

⇐ Previous Next

Read 1178 times