Food & Drink

အသင့်စားခေါက်ဆွဲ စတင်ဖြစ်ပေါ်လာပုံ

The History Of Instant Noodles

အသင့်စားခေါက်ဆွဲတွေကို စပြီးထုတ်လုပ်ခဲ့တာကတော့ ဂျပန်နိုင်ငံကပါ။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဆယ်နှစ်အကြာမှာ စပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Momofuku ကနေပြီးတော့ Chicken Ramen ဆိုပြီး ကြက်သားအရသာခေါက်ဆွဲကို စတင်ဖြန့်ချိပါတယ်။ ပထမဦးဆုံးခေါက်ဆွဲကတော့ အရသာထည့်ပြီး ကြော်ထားတဲ့ ခေါက်ဆွဲကို အခြောက်ခံထားတာပဲ ဖြစ်ပါတယ်။ ဒီပထမဦးဆုံး ခေါက်ဆွဲဟာ ရေနွေးပူထဲကို (၂)မိနစ်လောက်ထည့်ထာနဲ့ စားလို့ရတာကြောင့် မှော်ခေါက်ဆွဲဆိုပြီးနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာတော့ ဒီခေါက်ဆွဲကို အကြီးအကျယ် ထုတ်လုပ်ပါတော့တယ်။

 

နောက်ပိုင်းမှာတော့ လူတွေရဲ့အကြိုက်ကိုလိုက်ပြီးတော့ အသင့်စားခေါက်ဆွဲတွေရဲ့အရသာကို တဖြည်းဖြည်းမျိုးစုံ ပြောင်းလဲထုတ်လုပ်လာပါတယ်။နောက်ပိုင်း ဂျပန်အသင့်စား အစားအစာအဖွဲ့အစည်းကို (၁၉၆၄)ခုနှစ်မှာတည်ထောင်ပြီးတော့ စားသုံးသူတွေနဲ့ ပိုမိုရင်းနှီးအောင် လုပ်ဆောင်ခဲ့ပါတယ်။

 

Cup Noodle တွေကိုတော့ (၁၉၇၁) ခုနှစ်မှာ စျေးကွက်ထဲမှာ စတင်ဖြန့်ချိခဲ့ပြီး စျေးကွက်ကို ကိုင်လှုပ်ခဲ့ပါတယ်။ပထမဦးဆုံး ဖြန့်ချိတာကတော့ အာရှ၊အမေရိကနဲ့ ဥရောပနိုင်ငံတွေဖြစ်ပါတယ်။ (၁၉၉၀)ပြည့်နှစ်မှာ အရောင်းအားဟာ (၁၅) ဘီလီယံရှိပြီးတော့ (၂၀၀၁)ခုနှစ်မှာတော့ (၅၀)ဘီလီယံထိ တိုးတက်လာပါတယ်။အသင့်စားခေါက်ဆွဲတွေဟာ ကျွန်တော်တို့ဘဝမှာ ဘယ်ဘလောက် အရေးပါလာလဲဆိုတာ သိသာပါတယ်။ ဒါပေမယ့် အများအပြားစားသုံးရင် ကျန်းမာရေးကို ထိခိုက်စေတာမို့လို့ နောက်ပိုင်းမှာ ကျန်းမာရေးအတွက် မထိခိုက်စေမယ့် ပါဝင်ပစ္စည်းတွေကိုထည့်သွင်းလာခဲ့ပါတယ်။ 

 

အာကာသထဲမှာပါစားနိုင်တဲ့ ခေါက်ဆွဲခြောက်တွေပါတီထွင်လာခဲ့ပြီး (၂၀၀၅)ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။သုံးလုပ်စာ ခေါက်ဆွဲခြောက်ရယ် ပါဝင်ပစ္စည်းတွေရယ်ပါဝင်ပြီးတော့ (၇၀)ဒီဂရီရှိတဲ့ ရေနွေးထဲမှာ ထည့်လိုက်တာနဲ့ လိုအပ်တဲ့ အာဟာရဓာတ်ကိုရရှိစေတယ်လို့ ပြောပါတယ်။

⇐ Previous Next

Read 1561 times