Technology

ကမ္ဘာ့ Display အကောင်းဆုံးဖုန်း (ဒါမှမဟုတ်) Samsung S21 Ultra

The world's best display phone or Samsung S21 Ultra

ခေါင်းစဥ်မှာ ပြောခဲ့တဲ့အတိုင်း S21 Ultra က ကမ္ဘာ့ Display အကောင်းဆုံး Phone ဖြစ်လာနိုင်မလားဆိုတော့ ဖြစ်လာနိုင်ပါတယ်ဘာလို့ဒီလိုပြောရလဲဆိုရင် Samsung ရဲ့ Display တွေက ကနဂိုတည်းက နာမည်ကြီးသလို တော်တော်လေးလည်း ကောင်းပါတယ်။အရင့်အရင်နှစ်တွေက ထုတ်ခဲ့တဲ့ Midrange တွေ Flagship တွေက Camera ,Performance စတာတွေမကောင်းရင်တောင်မှ သူ့ Display ကလုံးဝ ကျွတ်ဆင်ပါ။

မနှစ်ကနောက်ဆုံး ထုတ်ခဲ့တဲ့ Flagship ထဲက Snap Dragon Version Note 20 Ultra ဆိုရင် DXO Display Ranking မှာနံပါတ်တစ်ဖြစ်ပြီးတော့ နံပါတ်နှစ်က Exynos Version Note 20 Ultra ပါ။အခု S21 Ultra ကလည်း ကိုယ်ပိုင် Exynos Chipset ရဲ့နောက်ဆုံးထွက် 5nm Exynos 2100 နဲ့ 6.8 inches Amoled Screen ကိုမှ HDR 10+ 120Hz Peak Brightness 1500 အထိရှိပါတယ်။ အခုထိ DXOMark တွေထွက်မလာသေးပေမယ့် နံပါတ်(၁) ဖြစ်လာဖို့က တော်တော်လေး အခွင့်အရေးများပါတယ်။

 

သူ့အလေးချိန်က 227 gram ရှိပြီးတော့ လေးလှပါတယ်ဆိုတဲ့ K30 Ulta ထက်ကို 14 gram ပိုလေးတယ် ဒါပေမယ့်ပေါ့နော် အဲ့ဒီလောက်မလေးဘူးလို့စိတ်ထဲမှာထင်ရတယ် သုံးထားတဲ့ Material တွေကလည်း Premium တော်တော်ဆန်တယ်။သူ့ရဲ့ spec တွေအကြောင်းပြောရမယ်ဆိုရင် CPU မှာဆိုရင် Exynos 2100 တစ်ကမ္ဘာလုံးကို ပို့တဲ့အလုံးတွေမှာသုံးတဲ့ Chipset ပါ။

 

တရုတ်နဲ့ အမေရိကန်ဆိုရင် Snadpdragon 888 နဲ့ပါ Exynos တွေကမနှစ်ကထက်စာရင် ပိုကောင်းလာတယ်ဆိုပေမယ်လို့ Snapdragon တွေနဲ့ယှဥ်ရင် မသာသေးပါဘူး။ ဒါပေမယ့် နောက်ပိုင်းကျရင်တော့ တော်တော်ကြီးမိုက်လာဖို့ရှိပါတယ်။ 2022 လောက်မှာ AMD နဲ့ပေါင်းပြီး AMD Gpu တွေပါလာမယ်လို့ကြားထားတယ်။CPU ပြီးတော့ Speaker Speaker မှာက Stereo Speaker တော်တော်လေးကျယ်သလို တော်တော်လေးကြည်တယ်။AKG နဲ့လည်းပေါင်းထားတာဆိုတော့ ….

 

 

နောက်ဆုံးကျန်တာက သူ့ရဲ့ Camera တွေ Main Camera မှာက 108MP f1.8 ,10MP periscope 10MP telephoto နဲ့ 12MP Ultrawide တွေပါတယ်။4k 30/60 fps အပြင် cinematic feeling ပေးတဲ့ 8k 24 fps အထိရတာမို့လို့ တော်တော်လေးမိုက်ပါတယ်။ 5000mAh battery ကိုမှ fast charging 25W ရမယ့်အပြင် Wireless Charging 15W Reverse Charging 4.5W အထိရပါတယ်။ S21 Ultra မှာဆိုရင် Spen Support လည်းပါလာပါတယ်။တစ်ခါတည်းမပါလာဘူးဆိုပေမယ့် ဒီလိုရတာနဲ့တင် တော်တော်လေး ကျေးဇူးတင်ဖို့ကောင်းနေပါပြီ။

 

 

ဈေးနှုန်းလေးတွေအနေနဲ့...
Galaxy S21Ultra (16/512GB) - 2,049,000 MMK
Galaxy S21Ultra (12/256GB) - 1,849,000 MMK
Galaxy S21+ (8/256GB) - 1,559,000 MMK အသီးသီးရှိပြီးတော့ အရောင်တွေအနေနဲ့တော့ Phantom Black, Phantom Silver, Phantom Titanium, Phantom Navy, Phantom Brown ဆိုပြီး (၅)မျိုးထိ ရနိုင်မှာဖြစ်ပါတယ်။
 

 

 

⇐ Previous Next

Read 1518 times