Entertainment

ကမ္ဘာ့ဆုကြေအများဆုံး Game များ

The World's Most Rewarding Games

Game ကစားတယ်ဆိုတာ အခုခေတ်လူငယ်တွေကြားထဲမှာတော့ အဆန်းမဟုတ်တော့ပါဘူး။ 

Professional Gamer အဖြစ်  ကစားရင်းနဲ့ Millionaire ဖြစ်သွားကြသူတွေလည်း မနည်းလှပါဘူး(သူများနိုင်ငံမှာ) ။ အခုဆို Esport တွေကို အားပေးတဲ့ ပရိတ်သတ်ဟာ သန်းပေါင်း (၂၅၀) နီးပါးကို ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ 

 

အခုကျွန်တော်က ​ဗဟုသုတအနေနဲ့ ဘယ် Game တွေက ကမ္ဘာပေါ်မှာ ဆုကြေးအများဆုံးပေးတဲ့ Game တွေလဲဆိုတာကိုဖော်ပြ ပေးသွားမှာပါ။ 

 

Defense Of The Ancient 2 (Dota2)

Dota 2ကတော့ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၂၂၄.၇)သန်းနဲ့ ဒီစာရင်းရဲ့ ထိပ်ဆုံးနေရာကို ခြွင်းချက်မရှိ ရထားပါတယ်။တစ်ကမ္ဘာလုံးမှာ ပရိတ်သတ်အများအပြားရရှိထားတဲ့အပြင်

မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး ဂိမ်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ 

Counter-Strike:Global Offensive(CSGO)

Oldie Game တစ်ခုဖြစ်တဲ့ CS 1.6 ကနေပြီး လူကြိုက်များခဲ့တဲ့ Counter Strike ဟာလည်း ဒီစာရင်းမှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၉၆.၅သန်းနဲ့ ဒုတိယနေရာမှာရှိနေတာ အံ့သြစရာတော့မဟုတ်ပါဘူး။ 

 

Fortnite 

စတင်ထွက်ရှိတဲ့ 2017 ခုနှစ်ကနေပြီး လူကြိုက်များတဲ့ Fortnite ဟာလည်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ (၈၉.၁) သန်းနဲ့ တတိယလိုက်နေပါတယ်။ Battle Royale ဂိမ်းအမျိုးအစားဖြစ်ပြီး Pc တင်မက Mobile Phone တွင်ပါဆော့ကစားနိုင်မှာပါ။ 

 

League Of Legends (LOL) 

ကမ္ဘာပေါ်မှာ ကစားသူအများဆုံး Game ဖြစ်ပြီး တစ်ရက်ကို ကစားသူ (၄.၂) သန်းရှိပါတယ်။

ဆုကြေးငွေ အမေရိကန်ဒေါ်လာ(၇၅.၅)သန်းနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး အာရှအထူးသဖြင့် ကိုရီးယားနဲ့၊တရုတ်မှာ အများဆုံးဆော့ကြပါတယ်။

StarCraft 2

ဒီဂိမ်းက Strategy ဂိမ်းအမျိုးအစားဖြစ်ပြီးတော့ ကစားသူတွေအနေနဲ့ တစ်ယောက်ချင်းယှဥ်ပြိုင် ဆော့ကစားရတာဖြစ်ပါတယ်။ဆုကြေးငွေ အမေရိကန်ဒေါ်လာ ( ၃၃)သန်းနဲ့ ပဥ္စမနေရာမှာရပ်တည်နေပြီး အဓိကအားဖြင့် ကိုရီးယားမှာအဆော့များပါတယ် (ကိုရီးယားမှာ ကောင်မလေးကို လက်ထပ်ချင်ရင် သူ့အဖေကို Starcraft နိုင်အောင်ဆော့ရတယ်ဆိုတဲ့ ဆိုရိုးတောင်ရှိကြပါတယ်)။

Next

Read 2355 times