Health & Beauty

ဝက်ခြံထွက်နေချိန် ဆောင်ရန်ရှောင်ရန်အချက်များ

Things to avoid when you have acne

ဝက်ခြံဆိုတာလူတိုင်းပေါက်တတ်ကျတာကြီးပါပဲ။ဒါပေမယ့် တချို့ကတော့ ဒီဝက်ခြံကနေ အရေပြားပြဿနာတွေ ဖြစ်လာတာမျိုး ကိုယ်က ဝက်ခြံပျောက်ချင်စောနဲ့ လုပ်မိကာမှ ပိုဆိုးသွားတာတွေ အမာရွတ်ပိုကျန်စေခဲ့တာမျိုး ရှိတတ်ပါတယ်။ အဲ့လိုမဖြစ်ရလေအောင် တတ်နိုင်သမျှဂရုစိုက်ရပါမယ်။

 

(1) မျက်နှာကို facial foam တွေနဲ့ ခနခနမသစ်ပါနဲ့ 

ကိုယ်က ဝက်ခြံပျောက်အောင် ပိုသန့်အောင်ဆိုပြီး တစ်နေ့ ၄ခါ ၅ခါလောက် မျက်နှာသစ်ပေးနေပေမယ့် 

ဒီအချက်က ဝက်ခြံပျောက်ဖို့ အထောက်အကူမပြုနိုင်ပါဘူး။ အကယ်၍ ကိုယ်သုံးနေတဲ့ Facial foam ကသာ salicylic acid လို acid ပါတာတွေ deep cleansing foam တွေ ဖြစ်နေရင် ပိုဆိုးပါတယ်။ 

မျက်နှာပေါ်မှာ ရှိသင့်တဲ့ အဆီဓာတ်တွေကို လျော့စေလို့ အသားအရေခြောက်သွေ့ကာ ဝက်ခြံကို ပိုယောင်ယမ်းစေပါတယ် တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သစ်ပေးရင် လုံလောက်ပါပြီ ။

သစ်တဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ သစ်ရင်ပိုကောင်းပါတယ်။ 

 

 

 

(2) ဝက်ခြံကိုလက်နဲ့ ခနခနမကိုင်ပါနဲ့ မညှစ်ပါနဲ့

ဝက်ခြံကို ကိုင်ကြည့် ညှစ်ကြည့်ချင်နေတာဟာ လုံးဝမကောင်းပါဘူး။ဝက်ခြံကို ပိုးဝင်စေပြီး အခြေအနေ ပိုဆိုးစေတဲ့အပြင် အမာရွတ်မဲမဲကြီးတွေ ချိုင့်ခွက်တွေကျန်ခဲ့တတ်ပါတယ်

လက်အငြိမ်မနေတတ်သူတွေအတွက် အကောင်းဆုံးကတော့ ဝက်ခြံပေါ်ကပ်ရတဲ့ ကပ်ခွာအဝိုင်းသေးလေးတွေရှိပါတယ်။အဲ့တာလေးတွေ ဝယ်ကပ်ထားပါ လက်နဲ့ကိုင်မိရင်တောင် 

လက်နဲ့ ဝက်ခြံ တိုက်ရိုက်မထိတွေ့စေလို့ အဆင်ပြေပါလိမ့်မယ်။ 

 

(3)Scrub, Peeling သုံးတာတွေ ခနရပ်ထားပေးပါ 

scrub တွေတိုက်ချတာ peeling တွေပွတ်ချတာမျိုးက အသားအရေပါးစေပြီး ဝက်ခြံကိုပိုယောင်ယမ်းစေပါတယ်။ အဆိုးဆုံးက အမာရွတ် မဲမဲထင်းထင်းကြီးတွေ ကျန်ခဲ့စေပါတယ်

ပျောက်ချင်စောနဲ့ scrub တွေအရမ်းမသုံးပါနဲ့ ။ တစ်ပတ်တစ်ခါသာ အများဆုံးသုံးပေးပါ 

ဝက်ခြံအရမ်းများနေရင်တော့ ရပ်ထားတာပိုကောင်းပါတယ်။ 

 

(4) Makeup တွေကို အများကြီးမသုံးပါနဲ့

ဝက်ခြံထွက်နေရင် makeup တွေအများကြီးမသုံးတာကောင်းပါတယ်။ဖြစ်နိုင်ရင်တော့ အဆီမပါတဲ့ cosmetic တွေကိုပဲသုံးစေချင်ပါတယ်။ဝယ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်းတွေကို ဖတ်ပြီးမှ သေသေချာချာဝယ်ပါ။

 

 

(5)နေရောင်နဲ့တိုက်ရိုက်မထိမိပါစေနဲ့ 

နေရောင်ခြည်က UV Ray တွေဟာ ဝက်ခြံကိုပိုနီမြန်းစေပြီး ပိုဆိုးစေပါတယ်။အဓိကကတော့ မနက် ၁၀နာရီကနေ ညနေ ၄ နာရီထိအချိန်တွေကို ရှောင်သင့်ပါတယ်။ မဖြစ်မနေသွားရမယ်ဆိုရင်လည်း FPS 30 အနည်းဆုံးရှိတဲ့ Suncreem ကိုလိမ်းပြီးမှသွားသင့်ပါတယ်။ 

 

ခေါင်းအုံးစွပ်နဲ့ အိပ်ယာတွေကိုလဲ သန့်အောင်ထားပါ။ဆံပင်လဲ ပုံမှန်လျော်ပေး အပူအစပ်လေးလဲလျော့ 

skincare လေးလဲ ပုံမှန်သုံးပေးမယ်ဆိုရင် ဝက်ခြံတွေသက်သာလာပါလိမ့်မယ်။

 

 

⇐ Previous Next

Read 2712 times