Entertainment

This Week at Mingalar Cinemas

This Week at Mingalar Cinemas

ဒီတစ်ပတ်မှာ မြန်မာရုပ်ရှင်ဇာတ်ကားအသစ် ပြန်မပြောရ နဲ့အတူ နိုင်ငံခြားကားသစ်များ  မင်္ဂလာရုပ်ရှင်ရုံများတွင် ရုံတင်ပါတယ်။

ပြန်မပြောရ

ဇာတ်လမ်း (၃) ပုဒ်..."သုံးရာသီ" ဆိုတဲ့ လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်နေကျ ငယ်သူငယ်ချင်း (၄) ယောက်... သူတို့နဲ့ ပတ်သက်လာမဲ့ သူတွေ...။

"၁" လူငယ် ၂ ယောက်ရဲ့ကြားထဲက သာမန် အချစ်ဇာတ်လမ်းတစ်ပုဒ်...?

"၂" Company တစ်ခုရဲ့ Team Building ခရီးစဉ်အဆုံး မမျှော်လင့်ထားတဲ့ အဖြစ်အပျက်များ...

"၃" သူတို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်က ဘယ်သူမှ ထိုင်ခွင့်မရှိတဲ့ ဝိုင်းတစ်ဝိုင်း...

"ပြန်မပြောရ" ဆိုတဲ့ အကြောင်းတွေက ဘာတွေဖြစ်မလဲ ဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမဲ့ ရုပ်ရှင်ကားကို အောင်ရဲထိုက်၊ သိန်းလင်းစိုး၊ ကျော်ဇော၊ ရဲနောင်ချိူ၊ စွမ်းထက်ညီညီ၊ အောင်ဇေယျမင်းထင်၊ သူရိန်ဝင်း၊ မေတိုးခိုင်၊ သီရိစိုး၊ ဆုထက်၊ သီရိကျော်၊ ပြည့်ပြည့်၊ ဆောင်း၊ ရာဇာနေဝင်း၊ စိုးမိုးကြည်၊ လင်းဇာနည်ဇော်၊ ဇင်မိုး၊ ညီဂျော်၊ ဇွဲဝီရ၊ စည်သူထက် တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထုတ်လုပ်ရေး DUET PICTURES , Executive Producer – ဦးဆုမောင်၊ ဒေါက်တာသိန်းသန်းဦး , Producer - ထက်ထက်ရှိန် , ဇာတ်လမ်း၊ ဇာတ်ညွန်း၊ ဒါရိုက်တာ – Lucius Wayne တို့ဖြစ်ပါတယ်။  

 နတ်ဝင်သည်

မင်္ဂလာရုပ်ရှင်ရုံများတွင် ပြန်မပြောရ ဇာတ်ကားနဲ့အတူ (၇.၁၀.၂၀၂၅) မှ (၁၃ .၁၁.၂၀၂၅) ထိ ရုံတင်ပြသမည့် ဇာတ်ကားများကတော့ -

နတ်ဝင်သည်

ယောက်ျားတွေကိုစိတ်ကုန်တယ်

စူပါလေဒီ

BahubaliTheEpic

Gundik

Thamma

EKdeewanekideewaniyat တို့ ဖြစ်ပါတယ်။

 ရုပ်ရှင်ဇာတ်ကားများ

MY Yangon Guide ကနေ ဒီတစ်ပတ်ပြသလျက်ရှိတဲ့ ရုပ်ရှင်ဇာတ်ကားစာရင်းကို တင်ဆက်ပေးလိုက်ပါပြီနော်။ Yangoners တို့ စိတ်လက်အပန်းပြေဖို့ ဒီတစ်ပတ်မှာ ဘယ်ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖို့ တွေးထားသလဲ။ ပြသမဲ့ ဇာတ်ကားများရဲ့ ပွဲချိန်အသေးစိတ်ကို www.mingalarcinemas.com မှာ ဝင်ရောက် ကြည့်ရှုလိုက်ပါနော် ...

ရုပ်ရှင်ရုံများရဲ့နေရာအတိအကျကို တစ်နေရာတည်းမှာ ရှာဖွေကြည့်ရှုနိုင်တာ MY Yangon Guide ရဲ့ မိခင် Yangon Directory Website ( https://www.yangondirectory.com/ ) ဖြစ်ပါတယ်။

 

⇐ Previous

Read 90 times