အခုခေတ် မဒီလေးတွေဟာ ကိုရီယားမလေးတွေလို သဘာ၀အတိုင်း အသားအရေကြည်လင်ပြီး Glow နေတာကို လိုချင်ကြပါတယ်။ ဒါကြောင့် မိန်းကလေးတွေက မိတ်ကပ် (Cosmetics) တွေထက် အသားအရေထိန်းသိမ်းရေးပစ္စည်း (Skincare) တွေကို ပိုစိတ်ဝင်စားလာကြပါတယ်။
အသားအရေကြည်လင်တောက်ပဖို့ဆိုရင် သင့်အသားအရေနဲ့ အဆင်ပြေသင့်တော်မယ့် Skincare ပစ္စည်းတွေ ရွေးချယ်ဝယ်ယူပြီး နည်းလမ်းမှန်တဲ့ Skincare အလေ့အကျင့်တစ်ခု ရှိဖို့လိုလာပါပြီ။
ဒါကြောင့် ဒီဆောင်းပါးလေးမှာ အသားအရေအမျိုးအစားပေါ်မူတည်ပြီး Skincare ပစ္စည်းတွေကို မှန်ကန်စွာ ရွေးချယ်ဝယ်ယူနည်းနဲ့ Skincare လုပ်တဲ့အခါမှာ လိုအပ်တဲ့ Skincare Steps တွေကို မျှဝေသွားမှာဖြစ်ပါတယ်။
ပထမဆုံးပြောချင်တာက လူတစ်ယောက်ရဲ့ အသားအရေကို ပုံမှန်အားဖြင့် ငါးမျိုးခွဲခြားနိုင်ပါတယ်။ ဘာတွေလဲဆိုရင် -
(၁) ပုံမှန်ကောင်းမွန်တဲ့ အသားအရေ (Normal Skin)
(၂) အဆီပြန် အသားအရေ (Oily Skin)
(၃) ခြောက်သွေ့ အသားအရေ (Dry Skin)
(၄) ပေါင်းစပ် အသားအရေ (Combination Skin)
(၅) ထိခိုက်လွယ်တဲ့ အသားအရေ (Sensitive Skin) ဆိုပြီး (၅) မျိုးခွဲခြားထားပါတယ်။
Skin Type ခွဲခြားနည်း
သင်က ဘယ်အသားအရေ အမျိုးအစား ပိုင်ရှင်လဲဆိုတာ သိချင်ရင် သုံးနေကျ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်လိုက်ပါ။ မျက်နှာသစ်ပြီး ဘာဆို ဘာမှ ထပ်မလိမ်းပါနဲ့။ မျက်နှာပြောင်အတိုင်းပဲ တစ်နာရီလောက်ထားထားပါ။တစ်နာရီထားပြီးရင် ဆီစုပ်စက္ကူ (သို့) တစ်ရှူးနဲ့ မျက်နှာကို ဖိကြည့်ပါ။
- ဆီစုပ်စက္ကူနဲ့ မျက်နှာရဲ့ ဘယ်နေရာကို ဖိဖိ အဆီတွေပါလာရင် Oily Skin
- T Zone ဖြစ်တဲ့ နှာခေါင်း၊ နဖူးနဲ့ မေးစေ့ကို ဖိမှပဲ အဆီပါတယ်ဆိုရင် Combination skin
- မျက်နှာရဲ့ ဘယ်နေရာကို ဆီစုပ်စက္ကူနဲ့ ဖိဖိ အဆီလုံးဝမပါလာရင် Dry Skin
- မျက်နှာမှာ အသားပတ်သလို အဖတ်တွေလန်နေတာမျိုး၊ နီရဲနေတာမျိုး၊ အသားယားလာတာမျိုးရှိရင် Sensitive skin
- မျက်နှာတစ်ခုလုံးမှာ အဆီလဲအရမ်းမထွက်၊ အသားလဲခြောက်နေတာမျိုးမရှိဘဲ စိုပြေနေရင် Normal skin
အသားအရေအလိုက် Skincare ရွေးနည်း
Normal Skin ပိုင်ဆိုင်ထားတဲ့သူတွေက အသားအရေ ပင်ကိုယ်ကောင်းမွန်တာကြောင့် မတည့်တဲ့ Skincare ရှားပါတယ်။
Dry Skin အနေနဲ့ မျက်နှာသစ်ဆေးရွေးတော့မယ်ဆိုရင် Cream Type နဲ့ Hydrating Cleanser အမျိူးအစားသုံးသင့်ပြီး Moisturizer ဆိုရင်လည်း ရေဓါတ်ပါဝင်မှုနှုန်းများတဲ့ဟာမျိုး ရွေးသုံးသင့်ပါတယ်။
Oily Skin အသားအရေပိုင်ရှင်တွေက ရွံ့စေး မျက်နှာပေါင်းတင်ဆေး၊ Oil Control Skincare များ၊ မျက်နှာသစ်ဆေးကိုလည်း Gel Type၊ Moisturizer ဆိုရင်လည်း အဆီပြန်လွယ်သူတွေအနေနဲ့ ရေဓါတ်ဖြည့် Water Base Gel Moisturizer နဲ့သာ သင့်တော်ပြီး Cream တွေဆိုရင် ပိုအဆီပြန်စေလို့ ရှောင်ရှားသင့်ပါတယ်။
ပေါင်းစပ်အသားအရေပိုင်ဆိုင်ထားသူက အဆီပြန်လွယ် အသားအရေအတွက် ထုတ်ထားတဲ့ ရေဓါတ်ဖြည့် Gel Type Skincare မျိူး သုံးပေးသင့်ပါတယ်။ ဂရုစိုက်ပြီး အတိအကျ Skincare တတ်သူဆိုရင်တော့ T Zone (နှာခေါင်း၊ နဖူးနဲ့ မေးစေ့) ကို Oil Control သုံးပြီး U Zone ကို Dry Skin အတွက် သီးသန့်ထုတ်ထားတာမျိုး သုံးနိုင်ပါတယ်။
ထိခိုက်လွယ်တဲ့အသားအရေ ပိုင်ဆိုင်သူအနေနဲ့ မတည့်တဲ့ Skincare တွေများပြီး မတည့်တဲ့အခါ မျက်နှာပေါ်မှာ ဝက်ခြံတွေထွက်လာတတ်ပါတယ်။ မတည့်တာကို ဘယ်လိုသိနိုင်လဲဆိုရင် သုံးနေတဲ့ တစ်ပတ်နှစ်ပတ်အတွင်းမှာ အသားအရေနီးမြန်းတာ၊ ဝက်ခြံထွက်လာတာမျိုးတွေ ဖြစ်တတ်လို့ သုံးနေကျ Skincare ကို ဆက်မသုံးဘဲ ရပ်လိုက်သင့်ပါတယ်။ မျက်နှာသစ်ကအစ Gentle Cleanser သုံးသင့်သလို Alcohol ပါတဲ့ Skincare မျိုးတွေ ရှောင်သင့်ပါတယ်။
Skincare Steps
1. Make-up Remover သုံးပြီး မျက်နှာပေါ်က အညစ်အကြေးတွေကို အရင် ဖယ်ရှားပါ။
2. ပြီးရင် သင်သုံးနေကျ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပါ။
3. Toner လိမ်းပါ။ Toner လိမ်းခြင်းဟာ အဆီပြန်လွယ်တဲ့အသားအရေအတွက်ရော အသားအရေခြောက်တဲ့သူတွေအတွက်ရော ကောင်းပါတယ်။
4. Moisturizer လိမ်းပါ။ အသားအရေ အစိုဓာတ်ရစေရန် ပုံမှန်အသုံးပြုသင့်ပါတယ်။
5. Serum သုံးပါ။ Serum ဟာ မျက်နှာရဲ့ ချွေးပေါက် အတွင်းပိုင်းထိ စိမ့်ဝင်မှုအားကောင်းလို့ သုံးပေးရပါမယ်။
6. နေ့ဘက် Skincare ရင် နောက်ဆုံးအဆင့်အနေနဲ့ Suncream လိမ်းပါ။ ညဘက်ဆိုရင်တော့ Eye Cream တို့၊ Lip Cream တို့လိမ်းပီး အိပ်ပါ။
အပေါ်မှာပြောပြပေးခဲ့တာကတော့ လွယ်ကူပြီး နည်းလမ်းမှန်တဲ့ Skincare အဆင့် (၆) ဆင့် ဖြစ်ပါတယ်။
တစ်ပတ်နှစ်ခါလောက်တော့ Scrub လုပ်တာမျိုး၊ Sheet Mask မျက်နှာပေါ် ကပ်တာမျိုး လုပ်ပေးသင့်ပါတယ်။ အသားအရေကြည်လင်ချင်ရင် ရေများများသောက်ပြီး အပြည့်အ၀အိပ်စက်အနားယူပါ။
Read 703 times