Food & Drink

စားချင်စိတ် တဖွားဖွားပေါ်ပေါက်စေမယ့် ကမ္ဘာ့အထူးဆန်းဆုံး အစားအစာ (၁၀) မျိုး

Top 10 Strange Foods in the World

အစားအစာဆိုတာက ဗိုက်ဆာနေတဲ့ချိန်မှာစားရင် ဘာစားစား စားဝင်တယ်ဆိုပေမယ့် အမြင်၊ အနံ့ နဲ့တင် စားချင်စိတ်ဖြစ်လာဖို့က ခက်ခဲပါတယ်။ မိန်းကလေးတွေက လွဲလို့ပေါ့။ သူတို့က ဘယ်ချိန်ဘယ်နေရာမှာမဆို စားဝင်အိပ်ပျော်တယ်လေ။

ဒါပေမယ့် သင်မမြင်ဖူး၊ မစားဖူးသေးတဲ့ အစားအစာတွေက ကမ္ဘာပေါ်မှာ အများကြီးရှိနေပါသေးတယ်။ အထူးဆန်းဆုံးအစားအစာတွေကိုမှ ရှာပြီးစားချင်တဲ့ သူတွေအတွက် မြင်လိုက်တာနဲ့ စားချင်စိတ် တဖွားဖွားပေါ်ပေါက်စေမယ့် ကမ္ဘာ့အထူးဆန်းဆုံး အစားအစာ (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆိပ်ပြင်းအကောင်ကြော်များ

များသောအားဖြင့် ဒီအကြော်တွေကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ Street Food အနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Scorpions, worms, dragonflies and more – China Travel Tips –  Tour-Beijing.com

(၂) Tarantula

အဆိပ်ပြင်းတဲ့ ပင့်ကူတစ်မျိုးဖြစ်ပြီး သူ့ရဲ့ အမွှေးတွေကအစ အဆိပ်ရှိပါတယ်။ ဒီလိုပင့်ကူကို ကြော်ထားတာဆိုတော့ ewww!!! စားတော့စားချင်စရာလေးပါ။

Panic as Cambodia's fried tarantula supply runs dry

(၃) Mouse plunged wine

ကိုရီးယားအချို့ဒေသတွေမှာ လူတွေက အသက်ရှင်နေတဲ့ ကြွက်ပေါက်စလေးပါတဲ့ စပျစ်ဝိုင်တစ်မျိုးကို သောက်သုံးကြပါတယ်။ ဒီဝိုင်ကို သောက်ဖူးတဲ့ သူတွေပြောပုံအရ အရသာက ဓာတ်ဆီအရသာနဲ့တူတယ်လို့ သိရပါတယ်။ 

10 strangest foods in the world | The Times of India

(၄) Fugu

ဆန်းသစ်ပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အရသာရှိတဲ့ ဂျပန်အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ဂျပန်အစားအစာဆိုင်ရောက်ရင်ဖြစ်ဖြစ် ဂျပန်ရောက်ရင်ဖြစ်ဖြစ် Fugu ကိုမှာစားဖို့ မမေ့ပါနဲ့နော်။

Fishing out the chemicals that make fugu delectable

(၅) Virgin Egg

ပုံမှန်ကြက်ဥတွေနဲ့ မတူတဲ့ နှစ်တစ်ထောင် ကြက်ဥ ဖြစ်ပါတယ်။ ဒီကြက်ဥကို တရုတ်နိုင်ငံရဲ့ မြို့အချို့မှာ Menu တစ်ခုအနေနဲ့ စားသုံးကြပါတယ်။

Spiced tea eggs – 茶葉蛋 – tales of wander

(၆) The Hákarl

မြန်မာလူမျိုးတွေရဲ့ အခေါ်အဝေါ်နဲ့ဆိုရင် မိုးခိုသားပေါ့။ ငါးမန်းအသားတွေကို အပိုင်းပိုင်း ခုတ်ထစ်ပြီး အခြောက်လှန်းထားပြီး စားသုံးကြတာဖြစ်ပါတယ်။

What is Hakarl and should you eat it? | Young Pioneer Tours

(၇) Bull Testicles

အခေါ်အဝေါ်နဲ့တင် အောင့်သက်သက်ဖြစ်ပြီး စားချင်စိတ်ပျောက်သွားနိုင်ပါတယ်။ အဲ့တာကတော့ Bull Testicles ဖြစ်ပါတယ်။ နိုင်ငံခြားမှာ “the testicle festival” ကို “Testy Festy” ဆိုပြီး လူသိများကြပါတယ်။ ဒီပွဲတော်မှာ လူတိုင်းစားကြပြီး တစ်ပွဲကို ဘီယာတစ်ခွက်နဲ့အတူ (၁၇) ကျပ်ပေးဆောင်ရပါတယ်။

World's Weirdest Aphrodisiacs | Human Flesh, Love Cucumbers & Bull's Balls  - Amuse

(၈) Foie gras

Foie gras က အသဲ သို့မဟုတ် အသည်းနဲ့ပြုလုပ်ထားတဲ့ ဇိမ်ခံအစားအစာဖြစ်ပါတယ်။ Foie gras က အသည်းဖွံ့ဖြိုးပြီး ကျန်းမာရေးနှင့် အာဟာရအကျိုးကျေးဇူးများစွာပေးစွမ်းပါတယ်။

Ethical foie-gras': Cultured meat start-up taps duck egg cells to recreate  French delicacy

(၉) Kopi luwak

Civet ကော်ဖီလို့ လူသိများပါတယ်။ Kopi Luwak ပဲတွေက ချောမွေ့ပြီး အနံ့ကမွှေးပါတယ်။ နောက်ပြီး ကဖိန်းဓာတ်နည်းပါးပါတယ်။

Kopi Luwak - Gastro Obscura

(၁၀) Tuna eyes

Tuna eyes ကို ဂျပန်နဲ့ တရုတ်လူမျိုးတွေ အများဆုံး စားသုံးကြပါတယ်။ ဈေးနှုန်းအရမ်းအကြီးတဲ့အပြင် လူကြိုက်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

giant fish (Tuna) eyes, Yilan market, Taiwan | Weird food, Food, Gastronomic

⇐ Previous Next

Read 2682 times