Entertainment

ကမ္ဘာ့ဝင်ငွေအများဆုံးနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား (၅) ကား

Top 5 highest paid movies in the world

ရုပ်ရှင်ဆိုတာ ဖျော်ဖြေရေးတစ်ခုဆိုတာထက်ပိုလာခဲ့ပြီး စီးပွားရေးနဲ့ ငွေရေးကြေးရေးအရ အောင်မြင်မှုတွေကိုလည်းတိုင်းတာလာခဲ့ပါတယ်။ ဒီတော့ အနုပညာအရ ဘယ်လောက်ကောင်းနေပါစေ ငွေမဝင်ဘူးဆိုရင်လည်း အလကားပါပဲ။ အခုပြောပြပေးသွားမဲ့ ရုပ်ရှင်တွေကတော့ အနုပညာအရရော ငွေကြေးပိုင်းဆိုင်ရာအရရော အောင်မြင်ခဲ့တယ်လို့ပြောရမှာပါ။ 

 

၁။ Avengers: Endgame 

ဝင်ငွေ $2,797,800,564 နဲ့ Marvel ကနေ ထွက်ရှိထားတဲ့ Endgame က နံပါတ် (၁) နေရာကိုရရှိထားခဲ့ပါတယ်။  ၂၀၁၉ မှာထွက်ရှိထားတဲ့ ဒီကားကတော့ တစ်ကမ္ဘာလုံးက Super Heroes Fan တွေစောင့်မျော်ရကျိုးနပ်တဲ့ ရုပ်ရှင်ကားတစ်ကားလို့ ပြောရမှာပါ။ 

 

၂။ Avatar 

 

ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်း ကိုယ်တိုင် Producerနဲ့ ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးခဲ့တဲ့ ဒီကားကတော့ အဲ့ခေတ်အခါက လုံးဝအမိုက်စား Sci-Fi ကားတစ်ကားဖြစ်ပါတယ်။  ဒေါ်လာ ၂၃၇ သန်းသာသုံးခဲ့ပြီး ဝင်ငွေအနေနဲ့တော့ (၂.၇၉) ဘီလီယံ အထိပြန်ရရှိခဲ့တဲ့အတွက်ဒုတိယနေရာမှာရပ်တည်နေပါတယ်။

 

Sequel ဖြစ်တဲ့ Avatar 2 ကလည်း မကြာခင်မှာထွက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။ 

 

 

၃။ Titanic 

 

ဘယ်အချိန်ကြည့်ကြည့် မရိုးသွားတဲ့ကားဖြစ်ပြီး ဒီကားကလည်း Avatar ရဲ့ဒါရိုက်တာ ဂျိမ်စ်းကင်မရွန်းပဲ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ (၁၉၉၇) ခုနှစ်က ထွက်ရှိထားတဲ့ ဒီကားဟာ ဒေါ်လာ သန်း ၂၀၀ သာသုံးထားခဲ့ပေမယ့် ဝင်ငွေအနေနဲ့  (၂.၁၉၅) ဘီလီယံအထိ ပြန်လည်ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ 

 

 

၄။ Star Wars: The Force Awakens 

 

ကမ္ဘာပေါ်မှာ အတောင့်တင်းဆုံးတွေထဲမှာ  Star Wars Fandom ကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ဒီ Star Wars ရုပ်ရှင်ဟာ ဝင်ငွေအနေနဲ့ (၂.၀၆၈) ဘီလီယံရရှိခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး။ 

 

 

၅။ Avengers: Infinity War

 

Super Heroes ရုပ်ရှင်တွေရဲ့ ခေတ်လို့ဆိုရလောက်အောင် နောက်ပိုင်းထွက်ရှိလာတဲ့ Super Heroes ကားတွေဟာ သောက်သောက်လဲအောင်မြင်ခဲ့ကြပါတယ်။ End Game ကိုမရောက်ခင် Timeline မှာ ရိုက်ကူးခဲ့တဲ့ ဒီ Infinity War ဟာလည်း ဝင်ငွေ (၂.၀၄၈) အထိရရှိခဲ့ပြီး ပဥ္စမနေရာကို သိမ်းပိုက်ထားပါတယ်။ တစ်ခုထူးဆန်းတာက DC Universe က Super Heroes ကားတွေတစ်ကားမှ ဒီစာရင်းကိုမပါခဲ့တာပါ( Top 10 မှာလည်း မပါပါဘူး။ )

 

⇐ Previous Next

Read 2823 times