Health & Beauty

ဝိတ်လျော့သူနဲ့ Gym ဆော့သူများ မဖြစ်မနေ ဆောင်သင့်တဲ့ အချက် (၅) ချက်

Top 5 Must Haves for Weight Loss and Gymnasts

အလှအပဆိုတာ လူတိုင်းနဲ့ လိုက်ဖက်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အလှအပအတွက် အချိန်ပေးနိုင်တဲ့သူနဲ့ အချိန်မပေးနိုင်တဲ့သူဆိုပြီး ကွဲပြားသွားပေမယ့် လူတိုင်းက တစ်နည်းနည်းနဲ့တော့ လှပကျော့ရှင်းနေအောင် နေထိုင်ကြိုးစားကြပါတယ်။

အလှအပရေးရာလို့ဆိုလိုက်ရင် ကဏ္ဍအမျိုးမျိုးရှိပါတယ်။ တချို့ကျ အသားအရေလှပမှုကို ရှေးရှုပေမယ့် တချို့က ခန္ဓာကိုယ်အလှအပကို အာရုံစိုက်တတ်ကြပါတယ်။ ခန္ဓာကိုယ်ကို ဂရုစိုက်ကြတဲ့အခါမှာလည်း အဆီပိုတွေကိုဖယ်ရှားချင်တဲ့စိတ်က ပြင်းထန်ကြပါတယ်။

ဒါမှမဟုတ် ကိုယ်အလေးချိန်ကိုလျော့ချဖို့အတွက် ကြိုးပမ်းကြတဲ့အခါ အယူအဆ အမှားတွေရှိနေတတ်ပါတယ်။ ဒါကြောင့် ဝိတ်လျော့သူနဲ့ Gym ဆော့သူများ မဖြစ်မနေ ဆောင်သင့်တဲ့ အချက် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ ကယ်လိုရီ 

ခန္ဓာကိုယ်မှာ သတ်မှတ်ထားတဲ့ ကယ်လိုရီပမာဏဆိုတာ ရှိပါတယ်။ သင့်အတွက် လိုအပ်တဲ့ တစ်နေ့တာ ကယ်လိုရီပမာဏကို အသက်၊ ကိုယ်အလေးချိန်နှင့် အရပ်ပေါ်လိုက်ပြီး တွက်နိုင်ပါတယ်။ 

ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးသည် တစ်နေ့တွင် ၁၆၀၀-၂၄၀၀ကယ်လိုရီ လိုအပ်ပြီး ယောက်ျားလေးကတော့ ၂၂၀၀-၃၂၀၀ ကယ်လိုရီ လိုပါတယ်။ ကယ်လိုရီလုံလောက်စွာမရသည့်အခါ ခန္ဓာကိုယ်တွင် အာဟာရချို့တဲ့ လာနိုင်ပါတယ်။

Calories: Recommended intake, burning calories, tips, and daily needs

၂။ စားသောက်မှု ပုံစံ

ကိုယ်အလေးချိန်တက်စေသည့် အစားအသောက်ပုံစံတွေကတော့ မနက်စာ မစားခြင်း၊ အစာစားချိန်မမှန်ခြင်း၊ အလောတကြီးစားခြင်း၊ ဗိုက်တင်းကားသည်အထိ စားခြင်း၊ အချိုပွဲများ အစားများခြင်း၊ မဆာဘဲစားခြင်း၊ အိပ်ရာမဝင်ခင် သို့မဟုတ် ည၈နာရီနောက်ပိုင်း သရေစာစားခြင်း တို့ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်စားသောက်မှုပုံစံကို အမြဲဆင်ခြင်နေရပါမယ်။

Our Free Food Cost Calculator | Mise Designs

၃။ အိပ်ရေးဝမှု

ဝိတ်ကျဖို့အတွက် အိပ်ရေးဝဝအိပ်တာဟာ ထိပ်တန်းနည်းလမ်း တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိပ်ရေးပျက်ရင် နုံးခွေပြီး အားမရှိလို့ လေ့ကျင့်ခန်းမလုပ်နိုင်တော့ပါဘူး။ 

ဒါ့အပြင် အိပ်ရေးပျက်ရင် အစာစားချင်စိတ်ကို ထိန်းချုပ်တဲ့ ဟော်မုန်းလည်း ပြောင်းလဲလာပြီး သရေစာတွေလည်း အများကြီး စားလာမှာပါ။ ဝိတ်ကျဖို့အတွက် တစ်နေ့ကို အနည်းဆုံး ၈-၁၀ နာရီလောက် အိပ်သင့်ပါတယ်။

The sleep diet: Could this work?

၄။ လေ့ကျင့်ခန်း 

အစားပဲစားပြီး လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ သင်ဟာအမှန်တကယ်ဝိတ်ကျချင်ရင်တော့ သင်စားတဲ့ပမာဏထက် သင့်ရဲ့လှုပ်ရှားမှုက ပိုများနေရပါမယ်။ များများချွေးထွက်၊ ရေများများသောက်ပြီး အစားကိုတော့ လျှော့ရမှာပါ။ 

အထိုင်များခြင်းက အဝလွန်ခြင်းနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားဖို့အတွက် ကယ်လိုရီလိုအပ် သလို အဆီပိုတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့က လေ့ကျင့်ခန်းလုပ်ရပါမယ်။ ဒါကြောင့်စားတာထက် ပိုပြီးလှုပ်ရှားပေးဖို့လိုတယ်ဆိုတာကို သိထားပါ။

The 9-Minute Strength Workout - Well Guides - The New York Times

၅။ ဝိတ်ကျစေတဲ့ အစားအစာများ

Gym ဆော့ရင်း ဝိတ်ချဖို့အတွက် ဖြစ်ဖြစ်၊ အိမ်နေရင်း ဝိတ်ချဖို့အတွက် ဖြစ်ဖြစ် Diet ဖြစ်စေမယ့် အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ အဓိက က သကြားမပါတဲ့ အစားအစာတွေ သောက်စရာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

The difference a healthy diet can make - Harvard Health

⇐ Previous Next

Read 1466 times