Entertainment

Viuမှာ ဘယ်လို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲတွေရှိလဲ??

What interesting series does Viu have?

Viuသည် အာရှရုပ်ရှင်ဇာတ်ကားများကို ထုတ်လွင့်ပြသပေးနေသည့်  App တစ်ခုဖြစ်သည်။ Viuတွင် ကြော်ငြာများပါဝင်သည့် အခမဲ့ Version နှင့် Feature များ စုံစုံလင်လင်ပါဝင်သည့် Premium Version  ဟူ၍ နှစ်မျိုးရှိသည်။ 

Viu သည် ဟောင်ကောင်၊ စင်ကာပူ ၊မလေးရှား ၊အိန္ဒယ၊ အင်ဒိုနီးရှား ၊ဖိလစ်ပိုင်၊ ထိုင်း ၊ မြန်မာ စသည့် အာရှနိုင်ငံများတွင်သာမက  ဘာရိန်၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် ယူအေအီး စသည့်အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအပါအဝင် နိုင်ငံပေါင်း (၁၇) ခုတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ 

ယခုအခါတွင် ကိုရီးယား ဇာတ်လမ်းတွဲ Legend of the Blue Sea၊ မြန်မာဇာတ်ကား အယူတော်မင်္ဂလာ နှင့် ဂျင်ပါတီ၊ အိန္ဒိယရုပ်ရှင်ကား Attagasam နှင့် Dheena အစရှိသည့် ရုပ်ရှင်ဇာတ်လမ်းတွဲများအား တင်ဆက်ပြသပေးသွားမည်ဖြစ်သည် ဟုလည်း သိရှိရသည်။ 

“The Legend of the Blue Sea” ကိုရီးယားဇာတ်လမ်းတွဲ

ဒဏ္ဏာရီဆန်ဆန် ဘဝနှစ်ခုမှ ဖူးစာဇာတ်လမ်းမျိုးဖြစ်သည့် ရေသူမလေး Shim Cheong အဖြစ် သရုပ်ဆောင်သည့် Jun Ji-hyun နှင့် လူလိမ်လေး Heo-Joon-jae အဖြစ် သရုပ်ဆောင်သည့် Lee Min-ho တို့နှစ်ဦးအကြားမှ ဘဝအသစ်တွင် တွေ့ကြုံလာမည့် ကံကြမ္မာအပြောင်းအလဲများ ကိုပီပီပြင်ပြင် ဖော်ကြူးတင်ပြသွားမည့် လူကြိုက်များ ကိုရီးယား အချစ်ဇာတ်လမ်းတွဲဖြစ်ပြီး ၄င်းကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် စတင်ပြသပေးသွားမည်ဖြစ်သည်။ 

 

အယူတော်မင်္ဂလာ

 အောက်တိုဘာ (၃၀)ရက်တွင် စိတ်လှုပ်ရှားဖွယ် အနှစ်အရသာကို အပြည့်အဝ ခံစားစေနိုင်မည့် အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် မြင့်မြတ်၊ ရန်အောင်နှင့် ခင်လှိုင်တို့ အဓိကပါဝင်ဖော်ကြူးထားသည့်  “အယူတော်မင်္ဂလာ” မြန်မာရုပ်ရှင်ဇာတ်ကားအား ပြသသွားမည်ဖြစ်သည်။ 

Attagasam ဘောလိဝုဒ်ရုပ်ရှင်ကောင်း

Jeeva ၏ ဖခင်အား “Manthiram” ဟုခေါ်သည့်သူမှ လုပ်ကြံသတ်လိုက်သည့် မြင်ကွင်းအား တွေ့ကြုံလိုက်ရသော Jeeva ၏အမွှာအကို၊ Jeeva အား အမှန်တရားကို ဖုံးကွယ်ထား‌သော သူ၏မိခင် Sujatha၊ ငယ်စဉ်အခါက ကွဲကွာခဲ့ရသော Jeeva တို့ အမွှာညီအကို ကြုံတွေ့ခံစားရသော ဘဝကောက်ကြောင်း မိသားစု ဇာတ်လမ်းအကြောင်းအား ကြည့်ရှုခံစားနိုင်မည့် ဘောလိဝုဒ်ရုပ်ရှင်ကောင်း တစ်ကားဖြစ်သည့် Attagasam အား အောက်တိုဘာလ ၃၁ ရက်မှ စ၍ ပြသသွားမည်။

Jin Party မြန်မာရုပ်ရှင်ကား

လူမှုအဖွဲ့အစည်းအတွင်းတွင် ဖြစ်ပျက်နေကြသော လှည့်စားလိမ်ညာမှုများ၊ လူလိမ်အချင်းချင်း ကြုံတွေ့ရင်း ဖြစ်ပျက်ခဲ့ကြသော အကြောင်းအရာများစွာကို သင်ခန်းစာပေး ဇာတ်လမ်းအား နာမည်ကျော်ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသော ရန်အောင်၊ အိန္ဒြာကျော်ဇင်၊ ထူးအောင်၊ ရွှေအိမ်စည်၊ တို့အပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်ထားသည့် စိတ်ကူးဆန်ဆန် ရုပ်ရှင်ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည့် Jin Party မြန်မာရုပ်ရှင်ကားအား နိုဝင်ဘာလ (၁) ရက်နေ့တွင် စတင်ပြသသွားမည်ဖြစ်ပါသည်။

Viu App ကို App Store နှင့် Google Play တို့မှ အခမဲ့ ရယူပြီး ဖုန်း၊ တက်ဘလက်တို့တွင် ဇာတ်လမ်းကောင်းများကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

⇐ Previous Next

Read 5541 times