Technology

ကမ္ဘာ့ပထမဆုံး Foldable Laptop ဖြစ်လာတဲ့ lenovo x1 Thinkpad

World First Foldable Laptop Lenovo X1

Foldable phone တွေ ခေတ်စားလာခဲ့တာ တော်တော်ကြာပြီလို့ ပြောရမှာပါ။ ပထမဆုံး နာမည်ကြီးပြီးတော့ တကယ်အသုံးချလို့ရခဲ့တာကတော့ September 6 2019 မှာထုတ်ခဲ့တဲ့ Galaxy Fold ပါ။ အခုပြောချင်တာကတော့ Foldable Laptop ပါ။

 

ဟုတ်ရောဟုတ်ရဲ့လားလို့ မမေးပါနဲ့ တကယ်ပါ။ အကြမ်းခံတဲ့နေရာမှာ နာမည်ကြီးတဲ့ Lenovo Thinkpad Series မှာ Foldable Laptop ကိုထုတ်လိုက်တာပါ။ အရင်ဦးဆုံး ဘူးထဲကထုတ်လိုက်ရင် မြင်ရမှာက လုံးဝကို Luxury ဆန်ဆန်နဲ့  minimalist ဆန်ဆန် Leather Cover ပါ။ ဒီ laptop ဟာ 13.3 လက်မ ရှိပေမယ့်လည်း ခေါက်လို့ရတဲ့အတွက် Tablet လိုတစ်မျိုး ultra portable laptop (ပုံမှန် laptop တွေထက် သယ်ရတာလွယ်လို့ ultra portable လို့သုံးထားပါတယ်) လိုတစ်ဖုံ အသုံးဝင်လှပါတယ်။ Thinkpad Keyboard လည်း ဘူးထဲမှာ ပါပါသေးတယ်။ Keyboard မဖြုတ်ပဲ ဒီတိုင်းခေါက်သိမ်းမယ်ဆိုရင်လည်း ပိုပြီးမထူလာဘူးဆိုတော့ …

 

ဒီ Laptop မှာသုံးပေးထားတဲ့ CPU ကတော့ 5 Cores, 5 Threads အမြင့်ဆုံး 3.0 GHz  အထိရမယ့် intel ရဲ့ hybrid i5-L16G7 processor ပါ။ Display မှာတော့ 13.3” 2K Oled touchscreen ကိုသုံးပေးထားပါတယ်။Peak Brightness ကတော့ 300 nits အထိရတယ်ဆိုတော့ brightness အနေနဲ့ မဆိုးဘူးလို့ ပြောရမှာပါ။ Pen လည်း support တာမို့လို့ Productivity သမားတွေအတွက်ကတော့ ရွေးချယ်စရာတစ်ခုတိုးလာတာ အမှန်ပါပဲ။ 

 

Ram အနေနဲ့ 8GB LPDDR4X ကိုသုံးထားပေးပြီး 256 GB or 512 GB PCIe ssd ကိုရွေးချယ်နိုင်ပါတယ်။ Battery အနေနဲ့တော့ 65W Charger ကိုသုံးပေးထားပါတယ်။ Lenovo Product တွေနဲ့ရင်းနှီးမယ်ဆို ဒီ Charger ကတော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါ့အပြင် multie task လုပ်ဖို့ duel screen လည်းရလာပါတယ်။ 

 

 

2021 မှာ  5G ကိုလည်းရလာဦးမယ်လို့ Lenovo ကပြောထားပါတယ်။ဒါ့အပြင် data တွေပိုမိုစိတ်ချရတဲ့အပြင် hack ခံရတဲ့ ကိစ္စတွေကိုလည်း ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ Think Pad လို့ဆိုလိုက်တာနဲ့ အကြမ်းခံတယ်ဆိုတဲ့ ဂုဏ်ကိုလည်း ဆက်ထိန်းသိမ်းထားတယ်လို့ Lenovo က ကြေညာထားပါတယ်။

⇐ Previous Next

Read 1207 times