ရန်ကုန်မြို့ရှိ စာပေနှင့် အနုပညာကို ချစ်မြတ်နိုးသူများအတွက် ဆွေးနွေးပွဲတစ်ခုကို Yangon Book Club မှ ပထမဆုံး ကျင်းပသွားမည့်အကြောင်း MY Yangon မှ ဂုဏ်ယူစွာဖြင့် ပြန်လည်မျှဝေလိုက်ပါသည်။ ယခုအစီအစဉ်သည် ကမ္ဘာကျော်စာရေးဆရာ Amitav Ghosh ရေးသားသည့် သမိုင်းအခြေပြု ဝတ္ထုဖြစ်သော The Glass Palace ကို အဓိကထား၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် (စနေနေ့)၊ နေ့လယ် ၃ နာရီမှ ၅ နာရီအထိ၊ Ariya Gallery တွင် ကျင်းပမည်ဖြစ်ပါသည်။
The Glass Palace သည် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဘုရင်စနစ် ပြိုလဲသည့် အချိန်မှ စတင်ကာ ကိုလိုနီခေတ်အတွင်း မြန်မာ၊ အိန္ဒိယနှင့် မလေးရှားတို့ကို ချိတ်ဆက်ထားသည့် လူ့ဘဝများ၏ ကံကြမ္မာကို ကျယ်ပြန့်နက်ရှိုင်းစွာ ဖော်ပြထားသော ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။ စစ်ပွဲ၊ အာဏာရှင်မှု၊ နိုင်ငံခြားအုပ်ချုပ်မှုကြောင့် လူတစ်ဦးချင်းစီ၏ ဘဝ၊ အမှတ်တရများနှင့် အထောက်အထားများ မည်သို့ပြောင်းလဲသွားသည်ကို ဖော်ပြထားသည့် စာပေလက်ရာဖြစ်ပြီး စာဖတ်သူများအတွက် သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အမြင်များကို ပြန်လည်သုံးသပ်မိစေပါမည်။
ယခု စာအုပ်ဆွေးနွေးပွဲကို မြန်မာ - အင်္ဂလိပ် ၂ ဘာသာဖြင့် အမြင်ဖလှယ်နိုင်သော စာပေစကားဝိုင်း အဖြစ် စီစဉ်ထားပါသည်။ စာအုပ်ကို ဖတ်ရှုပြီးသူများသာမက မဖတ်ရသေးသူများ၊ စာပေကို စိတ်ဝင်စားသူ အနုပညာရှင်များ၊ စာရေးသူများ၊ ကျောင်းသားကျောင်းသူများအားလုံးအတွက် လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်ပါသည်။
စာပေ၊ သမိုင်းနှင့် ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများအတွက် ရန်ကုန်မြို့၏ စာပေလှုပ်ရှားမှုအသစ်တစ်ခုကို အတူတကွ စတင်ဖွင့်လှစ်မည့် အခမ်းအနားဖြစ်သဖြင့် စိတ်ဝင်စားသူများအားလုံးကို Yangon Book Club မှ ဖိတ်ခေါ်ထားပါသည်။ ပါဝင်လိုသူများအနေဖြင့် RSVP ပြုလုပ်ရန်
Su Yee – 09 420 222 222
Amy – 09 769 585 610
Vipul – 09 968 647 722 သို့ ဆက်သွယ်နိုင်ပါသည်။

Read 64 times