Health & Beauty

ရေတစ်ခွက်နဲ့ နိုးထသင့်တဲ့ တန်ဖိုးရှိမယ့် သင့်မနက်

Your morning worth waking up with a glass of water

ခန္ခာကိုယ်ရဲ့ (၇၀) ရာခိုင်နှုန်းဟာ ရေများဖြင့် ဖွဲ့စည်းထားသောကြောင့်  ရေကို နေ့စဉ်ပုံမှန် သောက်သုံးသင့်ပါတယ်။ မနက်အိပ်ရာထချိန်တွင် ရေသောက်ခြင်းအားဖြင့် အနာရောဂါကုသခြင်းဆိုင်ရာ အကျိုးကျေးဇူးများကို ရရှိစေနိုင်သည့်အပြင် မကြာခဏပြန်လည် ဖြစ်ပေါ်တက်သော နာကျင်ကိုက်ခဲခြင်းများ၊ ပန်းနာရင်ကြပ်ရောဂါနှင့်တကွ ကင်ဆာရောဂါများကိုပါ သက်သာစေနိုင်ပါတယ်။

Water Systems Council

ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်မှုကြာရှည်စွာခံစားရပါကအဝလွန်ရောဂါ၊ရင်သားကင်ဆာရောဂါ၊ခေါင်းတခြမ်းကိုက်ရောဂါ၊အူမရောင်နာရောဂါ၊သားအိမ်ကင်ဆာ၊ဆီးကျောက်တည်ခြင်း၊နှလုံးအောင့်ရောဂါ၊အစာမကြေခြင်းစတဲ့ ရောဂါဝေဒနာပေါင်းစုံကိုခံစားရနိုင်ပါတယ်။

သင့်ရဲ့ ကြွက်သားဖွဲ့စည်းပုံမှာ ရေပမဏ (၇၅) ရာခိုင်နှုန်း ပါဝင်ပြီး သင့်ရဲ့သွေးမှာတော့ ရေပမာဏ (၈၂) ရာခိုင်နှုန်းပါဝင်ပါတယ်။ သင့် ခန္ဓာကိုယ်ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားမှုပြုနိုင်ရန် ရေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လျက်ရှိပါတယ်။ 

မနက်ခင်းမှာ ဘာအစားအစာမှ မစားသုံးခင် ရေ သောက်သုံးခြင်းအားဖြင့် ခန္ခာကိုယ်အတွင်းပိုင်းရှိ စနစ်များကို သန့်စင်ပေးနိုင်ပါတယ်။ ရေသောက်ခြင်းအားဖြင့် ဝမ်းတွင်းရှိ အူများအား သန့်ရှင်းစင်ကြယ်စေပြီး ဝင်လာသော အစာများထံမှ အစာအဟာရများကို ပိုမိုစုတ်ယူနိုင်စွမ်း ရှိလာပါတယ်။

50 Days of Water – Refresh your lifestyle.

မနက်အိပ်ရာထထခြင်းတွင် ရေသောက်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများကိုလည်း ရရှိ နိုင်ပါတယ်။

၁. အသားအရေကြည်လင်ချောမွေ့ခြင်း

ရေသည် သွေးများထဲမှ အဆိပ်အတောက်များကို ဖယ်ရှားနိုင်စွမ်း ရှိတာ ကြောင့် ရေသောက်သုံး ပေးခြင်းအားဖြင့် ကျန်းမာပြီး သန့်ရှင်းတောက်ပသော အရေပြားကို ပိုင်ဆိုင်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်မှုက အရေပြားမှာအမည်းစက်နဲ့အရေးအကြောင်းတွေကိုဖြစ်စေပါတယ်။

ဒါကြောင့်မနက်အိပ်ရာထချိန် ဗိုက်ထဲအစာမရှိချိန် ရေ၅ဝဝမီလီဂရမ်ရအောင်သောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းမွန်စေပြီးအသားအရေကြည်လင်တောက်ပစေပါတယ်။ တစ်နေ့လုံး ရေဓာတ်လုံလောက်စွာရရှိမယ်ဆိုရင်တော့ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်ပြီး အသားအရေလှပလာပါလိမ့်မယ်။

၂. သားငံရည်စနစ်အား ပိုမိုမျှတစေခြင်း

မနက်ခင်းအိပ်ရာထထခြင်းမှာ ရေကိုသောက်သုံးခြင်းအားဖြင့် သားငံရည် စနစ်အား မျှတစွာ ထိန်းသိမ်းပေးနိုင်ပါတယ်။ သားငံရည် စနစ်အတွင်းရှိ သားငံရည်များမှာ ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးသောလုပ်ငန်းကို လုပ်ဆောင်ပေးသောကြောင့် နေ့စဉ် လုပ်ငန်းဆောင်တာများကိုလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ခန္ခာကိုယ်အတွင်းရှိ အရည်များအားလုံးဟာ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

15 benefits of drinking water and other water facts

၃. ခန္ခာကိုယ်အလေးချိန်လျော့ကျစေခြင်း

အေးမြသော ရေ (၁၆) အောင်စခန့်ကို ပုံမှန်သောက်သုံးပေးပါက အစာခြေနှုန်းအား ၂၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန်လျော့ချဖို့ရန် ရည်ရွယ်ချက် ရှိပါက မနက်အိပ်ရာနိုးထပြီးချိန်မှာ ရေသောက်သုံးပေးခြင်း နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်ရှိသင့်တဲ့ကိုယ်အလေးချိန်ဆိုတာရှိပါတယ်။ အဲ့ဒီလိုမနက်အိပ်ရာထတာနဲ့အစာအိမ်ထဲအစာမရှိချိန် ရေသောက်ပေးခြင်းကြောင့် အစာချေစနစ်ကိုတိုးတက်စေပြီး ဆာလောင်မှုကိုခံစားရစေပါလိမ့်မယ်။ အဲဒီလို ဆာလောင်မှုကြောင့်အစားအစာစားသုံးခြင်းကကျန်းမာရေးနဲ့လည်းညီညွတ်မျှတပါတယ်။မဆာလောင်ဘဲစားသုံးခြင်းကြောင့် ကိုယ်အလေးချိန်တိုးလာမှာကိုလည်းပူစရာမလိုတော့ပါဘူး။

Top 5 health benefits of drinking water - BBC Good Food

၄. အချို့သောဖျားနာခြင်းများကိုပျောက်ကင်းစေနိုင်ခြင်း

ရေဟာ ခန္ခာကိုယ်အတွင်း အပြင်သန့်ရှင်းစေရန် အတွက် သန့်ရှင်းရေးတာဝန်ကို ဆောင်ရွက်ပေးနိုင်တာကြောင့် အချို့သော ဖျားနာမှုများအား တိုက်ခိုက် ဖယ်ထုတ်ပေးနိုင်ပါတယ်။

ရေသောက်ခြင်းအားဖြင့် အော့အန်ခြင်း၊ ဓမ္မတာမူမမှန်ခြင်း၊ ကင်ဆာများ၊ မျက်စိနာခြင်း၊ ဆီးလမ်းကြောင်းနှင့်ဆိုင်သော ဝေဒနာများ၊ တီဘီ၊ အဆစ်အမြစ်ယောင်ရောဂါ၊ ဝမ်းလျော ဝမ်းပျက်ခြင်း၊ ခေါင်းကိုက်ခြင်း စသည့် ဝေဒနာများကို ကုသပေးနိုင်ပါတယ်။

⇐ Previous Next

Read 1397 times