Food & Drink

အာ၀ုလေးတွေကို ခေါ်သွားလို့ရတဲ့ ရန်ကုန်မြို့က ကော်ဖီဆိုင် (၁၀) ဆိုင်

10 Best Pet-Friendly Cafes In Yangon

ချစ်ရတဲ့ အိမ်က အာ၀ုလေးတွေနဲ့အတူ ကော်ဖီဆိုင်မှာ Chill ချင်တဲ့ ဟူမန်းဖေဖေ၊ မေမေတို့အတွက် ရန်ကုန်မြို့မှာ ရှိတဲ့ အာ၀ုခေါ်ဆောင် ခွင့်ပြုထားတဲ့ ကော်ဖီဆိုင် (၁၀) ဆိုင်ကို မျှဝေပေးလိုက်ပါတယ်။

(၁) Caffeination

ဒီကော်ဖီဆိုင်လေးက ဖွင့်ထားတာ သိပ်မကြာသေးပေမဲ့ လူငယ်တွေကြား နာမည်ရတဲ့ ဆိုင်လေးပါ။ အထပ် (၃) ထပ်ရှိပြီး အပေါ်ဆုံးထပ်က Rooftop ပါ။ ဆိုင်က ကျယ်ကျယ်ဝန်းဝန်းနဲ့မို့ အေးဆေးသမားတွေအတွက် လုံး၀သင့်တော်ပါတယ်။ ဒီဆိုင်မှာ သောက်စရာ အမျိုးပေါင်း (၃၀၀) ကျော်လောက်ရှိပြီး မုန့်တွေလည်း တော်တော်စုံပါတယ်။ အာ၀ုလေးတွေအတွက်လည်း သီးသန့် မီနူး ရွေးလို့ရပါတယ်။

လိပ်စာ - ပုဏ္ဏမီမှတ်တိုင်အနီး၊ သစ္စာလမ်းမ၊ တောင်ဥက္ကလာ၊ ရန်ကုန်။

ဖုန်း - 09 44333 3347

ဆိုင်ဖွင့်ချိန် - 8am – 9pm

(၂) Time Off Cafe

ဒီဆိုင်လေးက စိမ်းစိမ်းစိုစိုနဲ့ ခြံဝန်းထဲမှာ ရှိတော့ အာ၀ုလေးတွေ ပါလာရင် ခြံထဲမှာ အေးဆေးထိုင်လို့ ရပါတယ်။ ပူပူနွေးနွေး ဟင်းပွဲတွေအပြင် ကော်ဖီ၊ အအေးနဲ့ အချိုပွဲတွေ ရပါတယ်။ ခွေလေးတွေအတွက် Puppuccino လည်း ဝယ်တိုက်လို့ရပါတယ်။

လိပ်စာ - အမှတ် ၁၂(ခ)၊ နတ်မောက် ၁ လမ်း၊ ဗဟန်း၊ ရန်ကုန်။

ဖုန်း - 09 44299 9305

ဆိုင်ဖွင့်ချိန် - 8am – 9pm

(၃) Booboo Café

ဒီဆိုင်လေးကတော့ ဓာတ်ဖမ်းလို့ အရမ်းကောင်းတဲ့ အဖြူရောင်ကော်ဖီဆိုင်လေးမို့ မသိတဲ့သူ ရှားပါလိမ့်မယ်။ ဗုဒ္ဓဟူးနေ့မှာ အာဝုလေးတွေနဲ့ အတူသွားရင် ၁၀ရာခိုင်နှုန်း လျှော့ပေးပါတယ်။ ခွေးလေးတွေအတွက် ကော်ဖီနဲ့ အဆာပြေမုန့်တချို့လည်းရှိပါတယ်။

လိပ်စာ - အမှတ် ၂၈၃(က)၊ ဗြမ္မာစိုရ်လမ်း၊ တောင်ဥက္ကလာ၊ ရန်ကုန်။

ဖုန်း - 09 758 434438

ဆိုင်ဖွင့်ချိန် - 7:30am – 8:30pm

(၄) The Plant House Café

ကော်ဖီဆိုင် ထိုင်နေကျ သူဆိုရင်တော့ ဒီဆိုင်လေးနဲ့ မစိမ်းလောက်ပါဘူး။ ဆိုင်ဝင်ဝင်ချင်း ပန်းပင်လေးတွေ တွေ့ရမှာဆိုတော့ မျက်စိအေးပါတယ်။ ကော်ဖီနဲ့ အဆာပြေမုန့်တွေ ရသလို အပင်ခရေဇီတွေအတွက်လည်း ပန်းပင်တွေ စိတ်ကြိုက် ရွေးဝယ်လို့ရပါတယ်။ အာ၀ုလေးတွေနဲ့ ပန်းကမ္ဘာမှာ အတူတူ Chill လို့ ရပါတယ်။  

လိပ်စာ - အမှတ် ၃၃၊ ညောင်တုန်းလမ်း၊ စမ်းချောင်း၊ ရန်ကုန်။

ဖုန်း - 09 798 883355

ဆိုင်ဖွင့်ချိန် - 9am – 7pm

(၅) EASY Specialty Coffee

ဒီဆိုင်လေးက ကော်ဖီနဲ့ မုန့်အပြင် အရှေ့တိုင်းအစားအသောက်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ ဒီဆိုင်ကတော့ ခွေးသေးသေးလေးတွေကိုပဲ ခေါ်ဆောင်ခွင့်ပြုပါတယ်။

လိပ်စာ - အမှတ် ၃၀(က)၊ ဗိုလ်ရာညွန့်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

ဖုန်း - 09 262 546 289

ဆိုင်ဖွင့်ချိန် - 8am – 7:30pm

(၆) Another Club

ကော်ဖီဆိုင်ဆိုပေမဲ့ အရှေ့တိုင်းနဲ့ အနောက်တိုင်းအစားအသောက်တွေလည်း အစုံရတဲ့ ဒီဆိုင်လေးမှာ အာ၀ုလေးတွေနဲ့အတူ ထိုင်လို့ရပါတယ်။ ဒီဆိုင်ကတော့ ခွေးအရွယ်အစား မသတ်မှတ်ထားဘဲ လူယဉ်တဲ့ ခွေးလေးတွေဆို လက်ခံပါတယ်။  

လိပ်စာ - အမှတ် 7/A-8/A, The Central Boulevard, Shop 20/21, ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။

ဖုန်း - 09 963 320000

ဆိုင်ဖွင့်ချိန် - 8:30am – 10pm

 

(၇) W Bistro

ဒီဆိုင်လေးမှာ အရှေ့တိုင်းအစားအသောက်တွေ၊ အချိုပွဲနဲ့ ကော်ဖီတွေအပြင် ကော့တေးပါရပါတယ်။ ကျောက်စရစ်ဥယျာဉ် (Pebble Garden) လေးရှိတာမို့ အာဝုလေးတွေနဲ့ အတူ Chill လို့ရပါတယ်။

လိပ်စာ - အမှတ် ၄၂၊ Winner Inn မြေညီထပ်၊ သံလွင်လမ်း၊ ဗဟန်း၊ ရန်ကုန်။

ဖုန်း - 09 40771 8616

ဆိုင်ဖွင့်ချိန် - 9am – 8pm

(၈) Wavedesserts

ဒီဆိုင်လေးကတော့ ပြင်သစ်စတိုင် ကိတ်မုန့်တွေကြောင့် နာမည်ကြီးပါတယ်။ ဆိုင်ခွဲ (၂) ခုလုံးက အာဝုလေးတွေကို လက်ခံပေမယ့် အင်းယားမြိုင်ဆိုင်ခွဲကတော့ ပိုကျယ်တာမို့ ထိုင်လို့ပိုကောင်းပါတယ်။

(ဆိုင် ၁)

လိပ်စာ - အမှတ် ၄၂၊ အင်းယားမြိုင်လမ်း၊ ကမာရွတ်၊ ရန်ကုန်။

ဖုန်း - 09444085994

ဆိုင်ဖွင့်ချိန် - 10:30am – 6:30pm

(ဆိုင် ၂)

လိပ်စာ - အမှတ် ၁၉(ခ)၊ စိမ်းလဲ့မေရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်း၊ ရန်ကုန်။

ဖုန်း - 09780772306

ဆိုင်ဖွင့်ချိန် - 11am – 5pm

(၉) The District Coffee Lounge

ဆိုင်ခွဲ (၂) ခုရှိပြီးပုံ ရန်ကင်းဆိုင်ခွဲကတော့ အပြင်ဘက်မှာ အာဝုလေးတွေနဲ့ ထိုင်ဖို့ နေရာရှိပါတယ်။ ကော်ဖီအပူ၊ အအေးနဲ့ ကိတ်မုန့်၊ ပေါင်မုန့်တွေလည်း ရပါတယ်။

(ဆိုင် ၁)

လိပ်စာ - အမှတ် ၆(ခ)၊ သုခဝတီလမ်း၊ ရန်ကင်း၊ ရန်ကုန်။

ဖုန်း - 09 261 722 177

ဆိုင်ဖွင့်ချိန် - 7:30am – 8:30pm

(ဆိုင် ၂)

လိပ်စာ - အမှတ် ၂၈(ဂ)၊ ကုက္ကိုင်းရေကူးကန်လမ်း၊ ဗဟန်း၊ ရန်ကုန်။

ဖုန်း - 09 786 334472

ဆိုင်ဖွင့်ချိန် - 7:30am – 8:30pm 

(၁၀) Ô'Thentic Crêperie & Wine Bar

ဒီဆိုင်လေးက ပြင်သစ်အစားအစာတွေအပြင် အနောက်တိုင်းအစားအသောက်တွေကြောင့် နာမည်ကြီးပါတယ်။ ဆိုင်အပြင်ဘက်မှာရော အတွင်းဘက်မှာပါ ထိုင်လို့ရပြီး ခွေးသေးသေးလေးတွေဆိုရင် ခေါ်လာခွင့်ပြုပါတယ်။

လိပ်စာ - အမှတ် ၄၅၊ ယောမင်းကြီးလမ်း၊ ဒဂုံ၊ ရန်ကုန်။

ဖုန်း - 09 44952 9557

ဆိုင်ဖွင့်ချိန် - 10am – 10:30pm (Weekday) ၊ 9am – 10:30pm (Weekend & Public holidays)

Source - Myanmore Plus

⇐ Previous Next

Read 1773 times