Food & Drink

ပုဂံမြေမှ အကောင်းဆုံး စားသောက်ဆိုင် (၁၀) ဆိုင်

Top 10 Restaurants in Bagan

သီတင်းကျွတ်ပိတ်ရက်မှာ ပုဂံဘုရားဖူးသွားမယ့် သူတွေရှိရင် အခုပြောပြပေးသွားမယ့် ဆိုင်တွေက အစားအသောက်တွေကို သွားရောက်မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ အရသာရှိတဲ့ အစားအသောက် မီနူးတွေကြောင့် နာမည်ကြီးတဲ့ ဒီစားသောက်ဆိုင် (၁၀) ဟာ သန့်ရှင်းပြီး စျေးလည်း သင့်တင့်ပါတယ်။

(၁) Sanon

Sanon ဟာ စားသောက်ဆိုင်ဆိုပေမဲ့ အထဲမှာ လှောင်ပိတ်နေတာမျိုးမဟုတ်ဘဲ ညောင်ဦးမြို့ရဲ့ မြင်ကွင်းအလှကို လွတ်လွတ်လပ်လပ် မြင်နိုင်စေရန် အကာအရံတွေမထားဘဲ ပေါ့ပေါ့ပါးပါး တည်ဆောက်ထားတာဖြစ်ပါတယ်။ Sanon စားသောက်ဆိုင်မှာ ပင်လယ်ပုဇွန်၊ ငါးခူဟင်း၊ ဝက်သားပေါင်း၊ ရေမုန့်ညှင်းကြွပ်ကြော်၊ ကြက်သွန်ကြော်စတဲ့ အထူးဟင်းလျာတွေကို ဆန်းသစ်တဲ့ မြန်မာပန်းကန်ပြားလေးတွေကို သုံးပြီး တည်ခင်းကျွေးမွေးပါတယ်။ ဒါ့အပြင်အရသာရှိတဲ့ ဖျော်ရည်တွေလည်း ရရှိပါသေးတယ်။

လိပ်စာ - ပျူစောထီလမ်း၊ သံတဲဟိုတယ်ဘေး၊ ပုဂံ

ဖုန်း : +95 9 451 951 950

ဆိုင်ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၂) Black Bamboo

ပြင်သစ်အမျိုးသမီးတစ်ဦးနှင့် သူမရဲ့ မြန်မာခင်ပွန်းဖြစ်သူတို့ ဦးစီးဖွင့်လှစ်ထားတဲ့ Black Bamboo ဥယျာဉ်ကဖေးစားသောက်ဆိုင်လေးဟာ ပုဂံဒေသရဲ့ အိုအေစစ်တစ်ခုပါပဲ။ မြန်မာ၊ ထိုင်းနှင့် အနောက်တိုင်း ဟင်းပွဲများအပြင် အရသာရှိတဲ့ အိမ်လုပ်ရေခဲမုန့် (ပုဂံတွင် အကောင်းဆုံး) တို့ကြောင့် အပန်းဖြေစားသောက်ရန် နေရာကောင်းတစ်ခုဖြစ်ပါတယ်။

လိပ်စာ - ယာသင်းသာလမ်း၊ ညောင်ဦး၊ ပုဂံ

ဖုန်း : +95 61 60 782

ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၁၀း၀၀ နာရီ

(၃) Weather Spoon's Bagan

ဒီဆိုင်လေးရဲ့ နာမည်ဟာ UK က အရက်ဆိုင်တစ်ဆိုင်ရဲ့ နာမည်လေးကို စားသောက်ဆိုင်ပိုင်ရှင် ဦးဝင်းထွန်းက ယူသုံးထားတာဖြစ်ပါတယ်။ ဆိုင်ရဲ့ အထူးမီနူးတွေကတော့ ငါးကြော်နဲ့ အာလူးကြော်၊ ပါစတာခေါက်ဆွဲ၊ ဘာဂါ၊ ပန်ကိတ်တို့အပြင် အနောက်တိုင်းအစားအစာ၊ တရုတ်အစားအစာနဲ့ ထိုင်းအစားအစာတို့လည်း ရရှိပါတယ်။

လိပ်စာ - စားသောက်ဆိုင်တန်း၊ ယာကင်းသာလမ်း၊ ညောင်ဦး၊ ပုဂံ

ဖုန်း : +95 9 430 926 40

ဖွင့်ချိန် - နံနက် ၉း၀၀ မှ ည ၁၁း၀၀ နာရီ

(၄) Kyaw Kitchen

Kyaw Kitchen စားသောက်ဆိုင်က အရည်အသွေးကောင်းမွန်တဲ့ ချက်ပြုတ်မှု၊ ဖော်ရွေသော ဝန်ဆောင်မှု၊ ဥယျာဉ်နဲ့တူတဲ့ ဆိုင်အပြင်အဆင်တို့ကြောင့် လူအများ ကြိုက်နှစ်သက်ကြပါတယ်။ ဆိုင်ရဲ့ အထူးစပယ်ရှယ် ဟင်းလျာတွေကတော့ မြန်မာစတိုင် ပင်လယ်စာဟင်း၊ ဟင်းသီးဟင်းရွက်ကြော်တို့ ဖြစ်ပါတယ်။

လိပ်စာ - အထက်တန်းကျောင်းလမ်းမကြီး၊ ၄ လမ်း၊ ပုဂံ

ဖုန်း : +95 9 259 754 811

ဖွင့်ချိန် - မနက် ၁၀း၃၀ မှ ည ၉း၃၀ နာရီ

(၅) 7 Sisters Restaurant

စားသောက်ဆိုင်လေးက နာမည်အတိုင်း ညီအစ်မ (၇) ယောက်က ဦးစီးလုပ်ကိုင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဒီစားသောက်ဆိုင်မှာ ပုဇွန်ဟင်း၊ ယူနန်စတိုင်ကြက်သား၊ မှိုကြော်၊ ဘဲကင်နဲ့ တခြား ထိုင်းအစားအစာ၊ တရုတ်အစားအစာနဲ့ မြန်မာအစားအစာတို့ကို စားသုံးနိုင်ပါတယ်။

လိပ်စာ - အမှတ် ၇၉၊ နွယ်နီလမ်း၊ နွယ်နီလမ်းနှင့် သုံးလမ်းထောင့်၊ ပုဂံသစ်

ဖုန်း : +95 61 65 404

ဖွင့်ချိန် - နံနက် ၈း၀၀ မှ ည ၁၀း၀၀ နာရီ

(၆) Be Kind to Animals The Moon

ဒီသက်သက်သက်လွတ် စားသောက်ဆိုင်ဟာ သရဘာဂိတ် အနီးမှာ တည်ရှိပါတယ်။ စားသောက်ဆိုင်တွင် ရွှေဖရုံသီးဟင်း၊ ဟင်းသီးဟင်းရွက်ပြုတ်၊ ကြာဇံဟင်းရွက်အရောကြော်၊ ခရင်မ်ထည့်လိပ်ထားတဲ့ ချာပါတီ အပါအဝင် တခြား အရသာရှိတဲ့ သက်သက်လွတ် အစားအသောက်တွေကို သုံးဆောင်နိုင်ပါတယ်။

လိပ်စာ : အာနန္ဒာဘုရား မြောက်ဘက်၊ ပုဂံဟောင်း၊ ပုဂံ

ဖုန်း : +95 9 420 709 847

ဖွင့်ချိန် - မနက် ၁၀း၀၀ မှ ည ၁၀း၀၀ နာရီ

(၇) Khaing Shwe Wah

ရင်းနှီးဖော်ရွေပြီး မိသားစုဆန်တဲ့ ခိုင်ရွှေဝါစားသောက်ဆိုင်မှာ အရသာရှိတဲ့ သက်သတ်လွတ် ဟင်းပွဲတွေကို သုံးဆောင်နိုင်ပါတယ်။ ခိုင်ရွှေဝါ စားသောက်ဆိုင်မှာ ခေါက်ဆွဲပြုတ်၊ ရွှေဖရုံသီးဟင်း၊ အုန်းထမင်း၊ ခရမ်းချဉ်သီး-မြေပဲဟင်း၊ သင်္ဘောသီးသုပ်၊ မြင်းခွာရွက်သုပ်တို့က နာမည်ကြီးတဲ့ ဟင်းလျာတွေဖြစ်ပါတယ်။

လိပ်စာ - အာနန္ဒာဘုရား၊ မြောက်ဘက်ဝင်ပေါက်၊ ပုဂံ

ဖုန်း : +95 9 402 512 622

(၈) Sarabha

Sarabha စား‌သောက်ဆိုင်မှာ တရုတ်၊ ထိုင်း၊ မြန်မာ အစားအသောက် ဟင်းလျာတွေကို စုံစုံလင်လင် ရွေးချယ်နိုင်ပါတယ်။ ဒီဆိုင်က အစားအသောက်တွေက ဟိုတယ် စားသောက်ဆိုင်တွေထက် စျေးသက်သာတဲ့အပြင် အရသာကောင်းလို့ လူကြိုက်များပါတယ်။

လိပ်စာ - ပုဂံမြို့ဟောင်း၊ ပုဂံ

ဖုန်း : +95 9 968 172 009

ဖွင့်ချိန် - နံနက် ၁၁း၀၀ မှ ည ၉း၀၀ နာရီ

(၉) Sunset Garden

Sunset Garden စားသောက်ဆိုင်တွင် ဧရာ၀တီမြစ်ကြီးကို ငေးရင်း အမှတ်တရ နေဝင်ချိန်ကိုကြည့်ပြီး အစားအေသာက်တွေ မြည်းစမ်းနိုင်ပါတယ်။ အရသာရှိလှတဲ့ မြန်မာ၊ တရုတ်၊ ထိုင်းနဲ့ အနောက်တိုင်းဟင်းလျာတွေကို Sunset Garden စားသောက်ဆိုင်တွင် မြည်းစမ်းကြည့်နိုင်ပါတယ်။

လိပ်စာ - ပုဂံမြို့သစ်

ဖုန်း : +95 9 789 710 910

ဖွင့်ချိန် - မနက် ၉း၃၀ မှ ည ၉း၃၀ နာရီ

(၁၀) Bagan Zay

Bagan Zay စားသောက်ဆိုင်မှာ အရှေ့အလယ်ပိုင်းက လွှမ်းမိုးလာတဲ့ နာမည်ကြီးဟင်းလျာတွေကို သုံးဆောင်နိုင်ပါတယ်။ ဒီစားသောက်ဆိုင်မှာ မြန်မာစတိုင် Falafel (ခရမ်းသီးပေါင်မုန့်မီးကင်) က နာမည်ကြီးပြီး တခြား သက်သတ်လွတ်ဟင်းလျာတွေကိုလည်း ရွေးချယ်စားသုံးနိုင်ပါတယ်။ ညဘက်မှာလည်း အရသာရှိလှတဲ့ ကော့တေးလေးတွေ မြည်းစမ်းကြည့်ရင်း စိတ်အပန်းဖြေနိုင်ပါတယ်။

လိပ်စာ : သီရိပိစ္စယ ၄ လမ်း၊ ညောင်ဦး၊ ပုဂံ

ဖုန်း : +95 61 246 2057

ဖွင့်ချိန် - နံနက် ၉း၀၀ မှ ည ၁၂း၀၀ နာရီ

⇐ Previous Next

Read 2074 times