Entertainment

ရှားပါးစာအုပ်ဟောင်းတွေ ရနိုင်တဲ့ ရန်ကုန်မြို့က နေရာ (၁၁) ခု

11 Places That Can Search For Old Books

စာအုပ်အဟောင်းစုရတာ ဝါသနာပါသူတွေ၊ နိုင်ငံခြား စာအုပ်ဟောင်းတွေ ဖတ်ချင်သူတွေ၊ ရှားပါးစာအုပ်တွေ ပြန်ရှာချင်သူတွေအတွက် ရန်ကုန်မြို့က ရှားပါးစာအုပ်ဟောင်းတွေ ရနိုင်တဲ့ နေရာ၊ စာကြည့်တိုက်ကြီးတွေနဲ့ စာအုပ်ဆိုင်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ New Vision Rare Books and Art Centre

စာအုပ်ဟောင်းစုရတာ ဝါသနာပါတဲ့သူတွေအတွက် သွားသင့်တဲ့ နေရာတစ်ခုပါ။ အဲ့နေရာလေးမှာ မြန်မာပြည်အကြောင်းကို နိုင်ငံခြားစာရေးဆရာတွေ ရေးခဲ့တဲ့စာအုပ်တွေ၊ တပတ်ရစ် English Oldie Books တွေကို တွေ့ရမှာပါ။ 

Address: 174, 37th Street (Middle block), Kyauktada Township

Phone: 09 799 663417

၂။ Myanmar Matika

ဒီနေရာမှာတော့ စာအုပ်ဟောင်းတွေတင် ရနိုင်တာ မဟုတ်ပါဘူး။ အဝတ်အစားတွေ၊ ရှားပါးဓာတ်ပုံတွေ၊ ပန်းချီကားတွေ၊ လက်ဝတ်ရတနာတွေနဲ့ ဆိုရှယ်လစ်ပါတီရဲ့ တံဆိပ်ပြားတွေကို ရနိုင်တယ်ဆိုတော့ အဖိုးတန်နေရာလေး တစ်ခုပါပဲ။

Address: 37th street (Middle block; Nearer to the Mahabandoola Road), Kyauktada Township

Phone: 09 502 6796

၃။ အုန်းစော

စာအုပ်အဟောင်းကြိုက်တဲ့သူတွေကို ထူးထူးခြားခြား မိတ်ဆက်ပေးစရာမလိုတဲ့ ဆိုင်ပါ။ စာအုပ်အဟောင်းတွေ တော်တော်စုံစုံလင်လင်ရှိပြီး ဆိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာအုပ်တွေနဲ့ စျေးနှုန်းတွေကို တင်ပေးထားတော့ ပိုအဆင်ပြေပါတယ်။

Address: No 84, 37 St, Kyauktada Township, Yangon

Phone: 09 42005 3798

၄။ ထွန်းဖောင်ဒေးရှင်းစာကြည့်တိုက်

အသင်းဝင်ကြေး ပေးရတာလည်း သက်သာပြီး စာအုပ်တွေ အထူးသဖြင့် အင်္ဂလိပ်ဝတ္ထုတွေ အရမ်းကို စုံပါတယ်။ နေရာကျယ်ကျယ်ဝန်းဝန်းရှိလို့ အေးအေးဆေးဆေး စာဖတ်လို့လည်း ရပါတယ်။ စာအုပ်အမျိုးအစား စုံလင်တာကြောင့် စာပေမျိုးစုံ လေ့လာလို့ ရတဲ့အပြင် English စာလေ့လာနေသူတွေအတွက်လည်း အဆင်ပြေပါတယ်။ 

Address: Myanmar Times Building, No. 379/383, Bo Aung Kyaw Street, Kyauktada Township, Yangon

Phone: 01 839 2990

     Advertisement

Click Here > Myanmar Inspection Technology

၅။ Goethe-Institut Library

အပြင်အဆင် ဆန်းဆန်းလေးနဲ့ အေးအေးဆေးဆေး စာထိုင်ဖတ်ချင်တဲ့ သူတွေအတွက် စာကြည့်တိုက်လေးပါ။ ဒီစာကြည့်တိုက်ကို သွားဖို့ ကြိုတင်ရက်ချိန်း ယူစရာမလိုဘဲ ဘယ်သူမဆို အခမဲ့ သွားရောက် စာဖတ်နိုင်ပါတယ်။ ဒီစာကြည့်တိုက်မှာက အင်္ဂလိပ်စာအုပ်တွေထက် ဂျာမန်စာအုပ်တွေက ပိုများပါတယ်။

Address: Corner of Kabar Aye Pagoda Road and NatMauk Street, Bahan Township

Phone: 09 954 296160

၆။ စာပေဗိမာန်

ဒီစာကြည့်တိုက်က ရှိခဲ့တာ နှစ်ပေါင်းလည်း ကြာပြီဖြစ်လို့ ရန်ကုန်စာပေချစ်သူတွေကြားမှာ လူသိများပါတယ်။ စာအုပ်တွေကို ရောင်းချပေးသလို အခကြေးငွေပေးပြီးလည်း ငှားလို့ ရပါတယ်။

Address: 529/531, Corner of 37th Street and Merchant Street, Yangon.

Phone: 01 381 447, 01 249 031

၇။ Innwa Bookstore

အင်း၀စာအုပ်တိုက်ရဲ့ သက်တမ်းက နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်တဲ့အပြင် ဆိုင်ခွဲတွေလည်း ဖွင့်လှစ်ထားပါတယ်။ မြန်မာ၊ အင်္ဂလိပ် စာအုပ်တွေ အစုံအလင် တင်ထားပေးလို့ စာဖတ် ဝါသနာအိုးတွေအတွက် အဆင်ပြေပါတယ်။

Address I: Upper Pansodan Street, Kyauktada Township, Yangon

Phone: 01 839 8106

Address II: No.18, Ground Floor, U Htun Lin Chan Street, Kamayut Township., Yangon

Phone: 09 954 514387

၈။ ထင်ပေါ်စာပေ

စမ်းချောင်းထဲက ဒီစာအုပ်ဆိုင်လေးဟာ စာအုပ်တွေလည်း ရောင်းချသလို စာအုပ်ငှားရင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ စနစ်လည်း ရှိပါတယ်။ ပို့ဆောင်ခကတော့ နေရာအလိုက် ကွာခြားနိုင်ပါတယ်။

Address: 56, Aung Thabyay St, Sanchaung Tsp, Yangon

Phone: 09 885 105706

၉။ Bookworm Books

ဒီဆိုင်မှာတော့ စာအုပ်အမျိုးအစား စုံစုံလင်လင်တွေ့နိုင်တဲ့အပြင် ကျောင်းသားတွေအတွက်လည်း သင်ထောက်ကူပစ္စည်းတွေ ထားပေးထားတယ်ဆိုတော့ တစ်နေရာတည်းမှာ အစုံရနိုင်ပါတယ်။

Address I: No.229, Pansodan Street (Upper Block), Kyauktada Township

Address II: Block C Pearl Condo, Kaba Aye Pagoda Road, Bahan Township

Phone:  09421109960, 09780162900

၁၀။ Yangon Book Plaza

ဒီနေရာမှာကတော့ အင်္ဂလိပ်စာအုပ် အမျိုးအစားတွေ အရမ်းကို စုံပါတယ်။ တကယ့် Classic ဝတ္ထုတွေ၊ ရှားပါးစာအုပ်တွေကို တွေ့ရတတ်ပါတယ်။ သင်ထောက်ကူပစ္စည်း အစုံအလင်လည်း ဝယ်ယူလို့ရပါတယ်။

Address: 5th floor, Iron Market, Lanmadaw St, Upper Middle Block, Latha Township

Phone: 09 767 019926

၁၁။ TAB Book Centre

မြန်မာပြည်ရဲ့ အကြီးဆုံးစာအုပ်ဆိုင်လို့ ကြော်ငြာထားတဲ့ ”TAB” စာအုပ်ဆိုင်ကတော့ နိုင်ငံတကာစာအုပ်တွေ၊ ပြည်တွင်းစာအုပ်တွေကို အမျိုးအစားအစုံ အကုန်ရအောင် ရောင်းချနေတဲ့ နေရာလေးမို့ စာဖတ်သူ လူကြီး၊ လူငယ်တွေ အကြိုက်ပါပဲ။

Address I: 4015, 4016, 4017, Taw Win Centre, 3rd Floor, Pyay Rd, Dagon Tsp, Yangon 

Phone: 09 975 641308

Address II: No. 262, Pansodan St, Yangon

Phone:  01 838 5688

ရန်ကုန်မြို့မှာရှိတဲ့ စာအုပ်ဆိုင် (၃၅၀) ခုကို ရှာဖွေရန်

> https://www.yangondirectory.com/listing/book-shops

⇐ Previous Next

Read 3209 times