Food & Drink

TGIF မှာ Chill ဖို့ အမိုက်စား ပရိုမိုးရှင်းတွေ ပေးနေတဲ့ Bar (၅) ဆိုင်

5 Bars that are giving TGIF Promotion

နောက်နေ့အတွက် ပူစရာမလိုဘဲ စိတ်လွတ်လက်လွတ် ကဲဖို့ဆိုရင်တော့ ဒီနေ့က ရက်ရာဇာပါပဲ။ တစ်ပတ်လုံး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်ခဲ့ပြီးပြီဆိုတော့ သောကြာညလေးမှာ စိတ်ညစ်စရာတွေ ခဏမေ့ထားပြီး ပျော်ပါးလိုက်တော့နော်။

သောကြာညမှာ Beer အေးအေးလေးရယ်၊ Cocktails အမိုက်စားတွေရယ်၊ အတူခံစားဖို့ သူငယ်ချင်းတွေရယ် ရှိပြီဆိုတော့ TGIF ပရိုမိုးရှင်းတွေ ပေးနေတဲ့ ဆိုင်တွေကို သိဖို့ပဲ လိုပါတော့တယ်။ ဘယ် Bar တွေက ဘယ်လိုအမိုက်စား ပရိုမိုးရှင်းတွေ ပေးနေလဲဆိုတာ အောက်မှာ ဆက်ကြည့်ရအောင်။  

၁။ Regional Bar

သောကြာနေ့တိုင်းမှာ ရင်ခုန်စရာ ပရိုမိုးရှင်းတွေ ပေးတတ်တဲ့ Regional Bar က တစ်ဒီတစ်ခါမှာလည်း ၂၀၀ ကျပ်တန် ပရိုမိုးရှင်းလေးတစ်ခု စီစဉ်ပေးထားပါတယ်။ ငွေကျပ် (၂၀၀) တည်း ပေးပြီး ကြက်ကြော်တစ်ပွဲနဲ့  ဘီယာတစ်ခွက်ကို ဝယ်နိုင်မှာပါ။ အကြွေစုတတ်တဲ့ ဘော်ဒါတွေအတွက်ကတော့ ရေကန်အသင့် ကြာအသင့်ပါပဲ။

456 A/B,Corner of Link Street and Dhammazedi Street Road, Golden Link Residence, Bahan

09 42060 6005

https://www.facebook.com/RegionalBarMyanmar

၂။ The Palm Restaurant

The Palm Restaurant ကတော့ စမ်းချောင်းမြို့နယ်ထဲမှာ ရှိတဲ့ Rooftop Bar ပဲဖြစ်ပါတယ်။ ဒီဆိုင်ရဲ့ ပရိုမိုးရှင်းက ဇူလိုင်လ ၁၄ ရက် (သောကြာ) နဲ့ ၁၅ ရက်နေ့ (စနေ) မှာ ကြိုက်တဲ့ Cocktail ကိုသောက် ကျသလောက်ရဲ့ တစ်ဝက်ကိုပဲ ရှင်းရမှာပါ။

Beer သောက်ချင်တဲ့ ဘော်ဒါတွေအတွက် (1) Tower မှာရင် Beer (4) ခွက် Free ရမယ့် ပရိုမိုးရှင်းကလည်း ရှိသေးပါတယ်။

ပုလင်းတစ်လုံး ဖောက်တိုင်းမှာလည်း 1 Mixer + Ice Bucket Free ပေးမယ့်အပြင် အမြည်းအနေနဲ့ ကြက်ပဲဟင်းတစ်ပွဲကိုလည်း တည်ခင်း‌ပေးဦးမှာပါ။

The Palm မှာ အပတ်စဥ် သောကြာ၊ စနေနေ့တိုင်း တစ်ပတ်တာ ပင်ပန်းခဲ့သမျှကို ပြေသွားစေမယ့် Unplugged အစီအစဉ်လည်း ရှိပါတယ်။ 

အမှတ် (၁၅)၊ ပန်းလှိုင်လမ်းနဲ့ ဗဟိုလမ်းထောင့်၊ အာရှတော်ဝင်ဆေးရုံ အရှေ့၊ ရွှေစင်္ကြာ Food House အပေါ်ထပ်၊ စမ်းချောင်းမြိုနယ်။

09 887 788713

https://www.facebook.com/thepalmbarandrestaurant

Advertisement

Click Here > Royal Myanmar Trading

၃။ Yangon Yangon

ဒီဆိုင်လေးကတော့ ဝင်ကြေးပေးစရာမလိုတဲ့အပြင် ရန်ကုန်မြို့ရဲ့ Downtown View ကို ကြည့်ရင်း တစ်ပတ်တာ Stress တွေကို ဖြေလျှော့ဖို့ အကောင်းဆုံးဖြစ်တဲ့ Rooftop Bar လေးပဲ ဖြစ်ပါတယ်။ ဘော်ဒါတွေ စုံတဲ့ သောကြာနေ့လေးမှာ (၄) နာရီကနေ (၆) နာရီအတွင်း သွားသောက်မယ့်သူတွေအတွက် Cocktail တိုင်းကို 30% Discount ပေးထားပါတယ်။

Sakura Tower, Bogyoke Aung San Rd, Kyauktada Township

01 825 5131

https://www.facebook.com/YangonYangonRooftop

၄။ Roof Alchemy

Roof Alchemy က Sayarsan Hotel Yangon ရဲ့ အပေါ်ဆုံးထပ်မှာ ရှိတဲ့ Rooftop Bar ဖြစ်ပါတယ်။ ရန်ကုန်မြို့ပြရဲ့ အလှအပတွေကို အပေါ်စီးမှ ကြည့်ရင်း သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားပြောကြ၊ ဆုံကြဖို့ အကောင်းဆုံးနေရာတွေထဲက တစ်ခုပါ။ 

သောကြာညလေးမှာ Magners Cocktail တစ်ခွက်ဝယ်ရင် တစ်ခွက်လက်ဆောင်ရရှိမယ့်အပြင် အားလုံးပျော်လို့ရအောင် Lucky Draw အစီအစဉ်လေးလည်း လုပ်ပေးထားပါတယ်။ ဒါ့အပြင် မြူးကြွတဲ့ သံစဉ်တွေကြား ကခုန်လွင့်မျောဖို့ Drug Flavour နဲ့ Merid1an တို့ရဲ့ DJ Live Music ဖျော်ဖြေမှုလည်း ရှိပါသေးတယ်။

Sayarsan Hotel Rooftop, No. 42, Sayarsan Road, Bahan Township, Yangon, Myanmar

09 254 272 460

https://www.facebook.com/roofalchemy

၅။ The Nox

ဒီဆိုင်လေးကတော့ တခြား Bar တွေထက် နည်းနည်းကျဉ်းတယ်ဆိုပေမယ့် လူငယ်တွေဦးစီး ဖွင့်လှစ်ထားတဲ့ အကြိုက်သောက်၊ အကြိုက်မှောက်လို့ရမယ့် နေရာလေးမို့ လမ်းညွှန်ပေးလိုက်ပါတယ်။

The Nox ရဲ့ သောကြာညတိုင်းဟာ Gentlemen Night ဖြစ်ပါတယ်။ Gentlemen Night မှာ ညနေ ၃ ခွဲကနေ ၉ ခွဲအတွင်း အမျိုးသား ၄ ယောက်လာပြီး တစ်ယောက်ကို အမြည်း ၆,၈၀၀ ကျပ်ဖိုး ၀ယ်စားတာနဲ့ Mac Arthurs Whisky တစ်လုံး လက်ဆောင်ရမှာပါ။ သံစဉ်တွေကြား ငြိမ့်ချင်တဲ့သူတွေအတွက်လည်း Unplugged Live Band လည်း ရှိနေမှာပါ။  

အမှတ် (၃၇)၊ အသောက လမ်းမကြီး၊ မြေညီထပ်၊ နတ်ချောင်းရပ်ကွက်၊ တာမွေ

09-9550 666 77 

https://www.facebook.com/TheNoxBa

⇐ Previous Next

Read 816 times