Travel

ရန်ကုန်မြို့ပြရဲ့ အနီးဆုံးမှာရှိတဲ့ သဘာ၀သို့ အလည်တစ်ခေါက်

Breeze Garden Resort Near Yangon

ရန်ကုန်မြို့တွင်းမှာပဲ Staycation ရတာ ရိုးလာပြီဆိုရင် လူသံ၊ ကားသံတွေနဲ့ ဝေးရာနေရာမှာ သဘာ၀ရဲ့ အရိုင်းဆန်တဲ့ အလှတရားတွေကို ထိတွေ့ခံစားကြည့်ဖို့ ရန်ကုန်မြို့ပြနဲ့ မနီးမဝေးမှာ ရှိတဲ့ အပန်းဖြေစရာနေရာတွေထဲက တစ်ခုဖြစ်တဲ့ “လေညှင်းဥယျာဉ်” ဆိုတဲ့ နေရာလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။

"Breeze Garden" က ရန်ကုန်ကနေ တစ်နာရီခွဲလောက် မောင်းရင် ရောက်တဲ့ ပဲခူးအဝင် ဆယ်မိုင်ကုန်း၊ ဘူးလယ်အင်းရွာ (အင်းတကော်အကျော်)၊ ဓမ္မဒူတတောရသာသနာ့ရိပ်သာ မုခ်ဦးလမ်းအတိုင်း ဝင်သွားလိုက်ရင် ရပါတယ်။ 

ပိုက်ဆံ​​ချွေတာချင်ရင် ဘက်စ်ကားနဲ့ သွားလို့ရပါတယ်။ မြို့ထဲက​နေ ​ထောက်ကြန့်လမ်းဆုံ ​ရောက်တဲ့ YBS ၃၇ စီးပြီး ​ထောက်ကြန့်လမ်းဆုံမှာ ဆင်းပါ။ အဲ့က​နေမှ ပဲခူးသွားတဲ့ ကားစီးပြီး ဓမ္မဒူတ​တောရ (ဆယ်မိုင်ကုန်း) မှတ်တိုင်မှာ ဆင်းရပါမယ်။ ပြီးရင် အဲ့အနီးနားမှာ ဆိုင်ကယ် ကယ်ရီငှားပြီး Breeze Garden ကို သွားလို့ရပါပြီ။

Advertisement

Click Here > San Myint Aung Plastics Printing

ရန်ကုန်နဲ့ သိပ်မဝေးဘူးဆိုတော့ ညမအိပ်ချင်လည်း နေ့ချင်းပြန်သွားလို့ရတော့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ပုံစံအမျိုးမျိုး၊ Vibe အမျိုးမျိုးကို ပေးမယ့် Family House၊ Country House၊ Garden House နဲ့ Forest View ဆိုပီး သဘာ၀နဲ့ ရောစပ်နေတဲ့ ဘန်ဂလိုပုံစံ အိမ်လှလှလေး‌တွေ ရှိပါတယ်။

May be an image of tree

Breeze Garden ရဲ့ Resort Area က ‌အတော်လေး ကျယ်တာမို့ အထဲမှာ Trekking လိုမျိုး Outdoor Adventure Activities တွေ လုပ်လို့ရပါတယ်။ ဒါ့အပြင် ပန်းခြံထဲက ဓာတ်ပုံရိုက်ဖို့ နေရာလှလှလေးတွေရယ်၊ တောတောင်ရေမြေတွေရဲ့ သဘာ၀အလှကို ခံစားနိုင်မယ့် နေရာတွေရယ် အစုံရှိပါတယ်။ 

တောလမ်းလေးတွေ လျှောက်မယ်၊ သာယာတဲ့ စမ်းချောင်းစီးဆင်းသံလေးတွ နားထောင်မယ်၊ တောလျှိုတောင်ကြားထဲ Trekking လုပ်မယ်၊ ကြာကန်‌‌ဘေးမှာ Tent လေးနဲ့ အေးဆေး အနားယူမယ်၊ သဘာဝကို အပြည့်အ၀ ခံစားမယ်ဆိုရင် တစ်ခါလောက်ရောက်ဖူးသင့်တဲ့ အပန်းဖြေနေရာလေးပါ။

ရေကူးကန် ရှိတယ်ဆိုတော့ ရေကြိုက်သူတွေ ရေစိမ်ပြီး Chill လို့ ရတယ်နော်။ ကလေးကန်လည်း သီးသန့် လုပ်ထားပေးပါတယ်။

နားဖို့၊ စားဖို့၊ ကစားဖို့ ဓနိမိုးထားတဲ့ အရိပ်ရ နားနေဆောင် တဲလေးတွေလည်း အများကြီး ပြင်ဆင်ပေးထားပါတယ်။ အခန်းမငှားချင်ဘူးဆို ဒီတဲလေးတွေပဲ ငှားပြီးနေလို့ရပါတယ်။  

စက်ဘီးစီးဖို့အတွက် စက်ဘီးလေးတွေလည်း ငှားလို့ရပါသေးတယ်။

အဖြူရောင်တံတားလေးမှာ လမ်းလျှောက်ပြီး တံတားအဆုံးကနေ တောအုပ်နဲ့ ကောင်းကင်ထိနေတာ မြင်ရတာ၊ နေဝင်သွားတာကြည့်ရတာ တကယ်ဘာနဲ့မှ မလဲနိုင်သော အလှတရားပါပဲ။

Breeze Garden ကနေ နိဗ္ဗာန်အထိ မင်းနဲ့တူတူ သွားချင်တဲ့ အချစ်ငှက်လေးတွေအတွက် ရိုလို့ရမယ့် Sky Bridge လေးပါ။

May be an image of 1 personပုခတ်လေးပေါ်မှာ ထိုင်ပြီး စာအုပ်တစ်အုပ်၊ ကော်ဖီတစ်ခွက်နဲ့ အနားယူလို့ ရပါသေးတယ်။

လက်တွဲဖော်နဲ့ အတူထိုင်ရင်း သဘာ၀တရားကြီးကို အနီးစပ်ဆုံး မြင်တွေ့ခံစားနိုင်မယ့် နေရာလေးတစ်ခုပေါ့။

ပန်းခြံလေးတွေဘက်လည်း လမ်းလျှောက်ဖို့ မမေ့နဲ့နော်။ မိုးတွင်းဆိုတော့ ခြံထဲက စိမ်းစိုနေတဲ့ သစ်ပင်ပန်းမန်တွေ၊ ရောင်စုံခြံပန်းခင်းလေးတွေနဲ့ အုပ်ဆိုင်းဆိုင်း ရိုးမတောကြီးက ပိုပြီး အသက်ဝင်လှပနေမှာပါ။

ဓာတ်ပုံရိုက်လို့ လှတဲ့နေရာတွေက အများကြီးထပ်ရှိသေးတာမို့ Breeze Garden ကို ရောက်ဖြစ်ရင် တစ်နေရာမှ မလွတ်အောင် အစုံလည်ပတ်ခဲ့ပါ။

Breeze Garden ရဲ့ စားသောက်ဆိုင်က အစားအသောက်တွေက စိုက်ခင်းထဲက ဟင်းသီးဟင်းရွက်တွေ ခူးပြီး ချက်ထားတာဖြစ်လို့ လတ်လတ်ဆတ်ဆတ်နဲ့ စားရတာ အရသာရှိပါတယ်။

မွေးနေ့ပွဲ၊ ညစာစားပွဲ၊ နှစ်ပတ်လည်ပွဲ စတဲ့ Event ပွဲတွေ လုပ်ချင်ရင်လည်း လိုချင်တဲ့ ပုံစံအတိုင်း စီစဉ်ပေးသလို လုပ်ငန်းရှင်တွေအတွက် အဆင်ပြေတဲ့ Meeting Room တစ်ခုလည်း ရှိပါတယ်။ စိတ်အပန်းဖြေရင်း အလုပ်ကိစ္စတွေလည်း ပြီးမြောက်အောင် လုပ်နိုင်မှာပါ။

အားနည်းချက်ကတော့ ဝိုင်ဖိုင်နဲ့ TV မရှိလို့ ရုပ်ရှင်ကြည့်ချင်ရင် မသွားခင်ကတည်းက ရုပ်ရှင်တွေ Download လုပ်သွားပါ။ လိုင်းသုံးချင်ရင်လည်း ဖုန်းဘေလ်သာ ထည့်သွားပါ။ လမ်းမနဲ့ နည်းနည်းလှမ်းလို့ မုန့်စားရတာ ကြိုက်ရင် မုန့်ကြို၀ယ်သွားဖို့ အကြံပြုပါရစေ။

Fb link - https://www.facebook.com/profile.php?id=100078999780746

⇐ Previous Next

Read 2102 times